Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
****!ဟန်ဆောင်အချစ်!****


ချစ်သူရယ် နင်ငါ့ကို ဟန်ဆောင်ပြီး ပြုံးပြနေပါတော့နဲဟာ

နင်ရဲ့အပြုံးတွေက ငါ့ရဲ့နှလုံးသားကိုနာကျင်စေတယ်.....။

နေကောင်းလားချစ်သူ အရမ်းသတိရတယ် လို.

နင်ပြောလိုက်တဲ့နင်မေးလိုက်တဲ့စကား ငါ့မှာ ပီတိတွေ ဖုံးလို

ပြုံးပျော်ကာ နင်ရဲ့အချစ်တွေ ငါ့အတွက် အချစ်စစ်လို

တတ်မှတ်ခဲ့မိတယ် ငါမှားသွားတယ်.................။

တယ်ကယ်တမ်း ကြတော့ နင်ရဲ့အချစ်တွေ

ဟန်ဆောင်အချစ်တွေ.............။






တစ်ကယ်တော့ အိပ်မက် ဟာ
အိပ်မက်ဘဲ လို့ ငါ  ပြန်တွေးမိတော့
တစ်ကယ်မ၇ှိခဲ့တဲ့
ပျော်၇ွှင်မူတွေ ကို နှမျောမိတယ်
သစ္စာမရှိသူတစ်ယောက်အတွက်
ငါ့ တမ်းတခြင်းတွေဟာ နင့် အတွက်မဖြစ်သင့်ဘူး
အရင်လို မဟုတ်တော့တဲ့ အခြေအနေတွေကြောင့်
နင့်ကို နာကျည်းရမယ်လို့ ငါ စိတ်တွေက
နိုးဆွနေတယ်........
ငါ ပြန်မသိမ်းခဲ့တဲ့
ငါ့ ချစ်ခြင်းတွေက ကြမ်းပြင်မှာ
ပြန့်ကျဲနေတယ်...
ဘ၀ဆိုတာ ကော်ဖီ ခါးခါး တစ်ခွက်ဆို
အချစ်က ........ဘာလဲဆိုတာ
ငါမသိချင်တော့ဘူး
ငါ့ အတွက် ခါးသက်လွန်ခဲ့ပါတယ်
နင့် အတွက် ကဗျာ လို့ မရည်ရွယ်ပါဘဲ
နင်နဲ့ ပါတ်သက်တာတွေပါတယ်
ခွင့်ပြုချက်မရှိဘဲ
လေ့လာခွင့်ရတဲ့ အချစ်ဘာသာမှ
ငါ ကျရူံးခဲ့ပါတယ်
ကျေနပ်တယ် မကျေနပ်ဘူးလို့
ငြင်းစရာမလိုတော့
အလွယ်တစ်ကူဘဲ ကျဆုံးပေးလိုက်တယ်
ပျို့တက်လာတဲ့
ဆန္ဒတစ်စုံကို ရင်မှ သိမ်းထားရင်း
နင်ထွက်သွားတာကို ငါ နောက်ဆုံးငေးကြည့်ပါရစေ. ........
မုသားမပါဘဲ ချောမွေ့ခဲ့တဲ့
ငါ့ ရင်ထဲက ကဗျာ တစ်ပုဒ် ရှိတယ်
ကောင်မလေး ...
နင့်ကို အရမ်းချစ်တယ် ......
ပေးဆပ်ခြင်းအတိနဲ့ ပိုင်ဆိုင်လိုခြင်းမပါတဲ့ ချစ်ခြင်းလို့
ငါ မတွေးခဲ့ပါဘူး
ပေးဆပ်ရင်းနဲ့ဘဲ ငါ နင့်ကို တစ်ဖြေးဖြေး ပိုင်ဆိုင်ချင်လာခဲ့တယ်
ဆုံးရူံးရမှာကို ငါ အတင်းငြင်းဆန်တဲ့
ကောင်လေးတစ်ယောက်ပေါ့
ဒါမှလည်း ငါနင့်ကို အမြဲတမ်း
မြတ်နိုးကြင်နာခွင့်ရမှာပေါ့ ........
ကောင်မလေးရေ.
တစ်ခါတစ်ခါ အော်ဟစ် မိတိုင်း
နင့်ကို မုန်းလို့ မှမဟုတ်တာ.
ငါ့ စွန်လွတ်ဘို့ မဖြစ်နိုင်တာကို
နင် သိစေချင်လို့ပါ .....
တစ်ကမ္ဘာလုံးငါ့ ကို မုန်းချင်မုန်းပါစေ
ငါ့ဘေးမှာ နင် ရှိရင်
ငါ့ကမ္ဘာ ပျော်ရွင်စရာ တွေနဲ့ ရှိနေမှာပေါ့
ငါ တစ်ကိုယ်ကောင်းဆန်တယ်နှော်
ဟုတ်မှာပါ
ဒါကလည်း နင့်ကို မစွန့်လွတ်နိုင်လို့ပါ ကောင်မလေးရယ်
ပိုင်ဆိုင် ဘို့ ပေးဆပ်တာ လို့ ငါ မှတ်ယူမထားပါဘူး
ဒါပေမဲ့ ငါ နင်ကို ပိုင်ဆိုင်ချင်တယ်
ဒါအမှန်ဆုံးဆိုတဲ့ စကားတွေဘဲ
အချစ်ဆိုတာ ဘာလဲလို့ ငါ မစဉ်းစားတော့ဘူး
တစ်ကယ်ချစ်မိသွားတဲ့ အခါ
အချစ်ဆိုတာ သိစရာမလိုတော့ပါဘူး......
ပိုင်ဆိုင်ခွင့်ဆိုတာ ပေးဆပ်ခဲ့လို့ ဖြစ်လာတာ
မဟုတ်မှန်းနင် သိခဲ့ရင်...
ကောင်မလေး နင့်ကို ငါ ပိုင်ဆိုင်ချင်တယ်.
ထာဝရအတွက်ပေါ့.........





   နင့် အတွက် မပြောင်းလဲတာ
ငါ့ ရင်ထဲမှာ တစ်ခုရှိတယ်
နင် ဘယ်လောက် ငါ့ကို ရက်စက် ရက်စက်
ဘယ်တုန်းက မှ နင့်ကို မုန်းဘို့ စိတ်မကူးခဲ့ဘူး
မယုံဘူးလို့ နင် ငြင်းပါ
ဒါတစ်ကယ့် အမှန်တရားတွေဘဲ
  နင့်ရဲ့ စိတ်အတိုင်း
လေလွင့်နေတဲ့ အရက်စက်ဆုံး စကားလုံးတွေက
ငါ့ ကောင်းကင်မှာ ပျံဝဲနေတယ်
ခဏခဏ မိုးမှောင် ချပစ်တော့
ငါ့ မျက်ရည်တွေ စီးဆင်း ကျလာပြန်တယ်
မယုံမနိုင်အောင်
နင်နဲ့ ပါတ်သက်ရင် ငါ မျက်ရည်လွယ်သူ တစ်ယောက်ပါ
   ဘယ်လောက်ထိ ငါ ခံစားနေရမလဲ ဆိုတာ
ငါ ကိုယ်တိုင်မသိဘူး
နင့် အပြင် နောက်တစ်ယောက်ဆိုတာ
ငါယောင်လို့တောင် မတွေးမိတဲ့ အတွေးတွေပါ
   နင် ဟာ တစ်ကယ် ရက်စက်ခဲ့ပါတယ်
ဒါပေမဲ့ နောင်ဘ၀ဆိုတာ ရှိခဲ့ရင်လည်း
အခု ဘ၀လိုဘဲ နင့်ကို ငါ ဆက်ချစ်မယ်
အခု ဘ၀လိုဘဲ နင့် စွန့်ပစ်ခြင်းကို ခံပြီး
ဒီလိုဘဲ ငါ နင့်ကို ဆက် မျှော်လင့်နေမယ်
လွမ်းနေဦးမယ် ချစ်သူ........
အပေါ်ယံလေး နဲ့
နင့်ကို ချစ်တယ်လို့ပြောခဲ့တာမှမဟုတ်တာ..
ပထမဦးဆုံး လို့ပြောလို့ရတဲ့
ငါ့ ရင်ခုန်သံ ခပ်ရိုင်းရိုင်းတွေကြောင့်
ပြောခဲ့တာပါ
အရောင်ဆိုးထားတဲ့
စကားလုံးတွေ မပါဘူး
နင့်ကို ချစ်တယ် ဆိုပီး အော်နေတဲ့
ငါ့ နှလုံးသားကို ငါ အကြိမ်ကြိမ် လိမ်ခဲ့တာ နင်မှမသိဘဲ
နင့် အကြောင်းတွေးရင်
အငြိမ်မနေတပ်တဲ့
ငါ့ ရင်ခုန်သံ ကို နင်မကြားလောက်ဘူးလား....?
ငါ ရူးမတပ် နင့်ကို
ချစ်တယ် ...
နင့် အပြုံးတစ်ပွင့် ငါ့ နှလုံးသားကို
တစ်သက်လုံး အရူံးပေးလောက်တယ်လို့
အော်နေပီဘဲ....
နင့်ရှေ့ ငါ ဒူးထောက်ထားပါတယ်
      ကောင်မလေးရယ် နင့်ကို ငါ အရူံးပေးရင်းချစ်နေချင်ပါတယ်.....
ငါ့ ခံစားချက် တွေ ကို ကောင်းကင် ကို လွှင့်တင်ထားတယ်
အချိန်ရရင် နင် နားဆင်ပေးပါနှော် .....


အလိုလို ပျို့တက်လာတဲ့
ပိုင်ဆိုင်ချင်တဲ့ စိတ်က အချစ်လား. ?
ငါ့ကိုယ်ငါ ဝေခွဲမရချိန်ပေါ့
တစ်ကယ်တော့
အလှပဆုံး
ပန်းတစ်ပွင့်ဆိုတာ
ဥယျာဉ်မူး အတွက်မှ မဟုတ်တာ..
သူတစ်ပါးခူးစွတ်ဘို့သက်သက်
ယုယပေးရတာမျိုးဘဲ
တစ်ခါတစ်လေ ကိုယ်မြတ်နိုးတဲ့
ပန်းတစ်ပွင့်ကို
ထုတ်မပြဘဲ ဖွတ်ထားချင်တယ်
အရောင်မစုံ မလှမပ ဖြစ်စေချင်တယ်
တစ်ကယ်တော့ 
မြတ်နိုးတယ်ဆိုတဲ့ စကားလှလှသုံးပြီး
ပန်းလေးကို ငါ တစ်ယောက်ဘဲ ကြည့်ချင်တာပေါ့ ........
ငါ စကားလှလှ သုံးပြီး နင့်ကို မနစ်မွန်းစေခဲ့ပါဘူး
တစ်ကယ်တော့ ငါဟာ
မရောက်လာသေးတဲ့
ပိုင်ရှင်အတွက် စောင့်ပေးရတဲ့
ပန်းစောင့် ဘီလူးတစ်ယောက်ပေါ့ .....
နင့် ကြည်ဖြူမယ်ဆို
ငါ ထာဝရ စောင့်ရှောက်ချင်တယ်.........



အချစ်......
ခဏ ခဏ အော်သံကြားရတယ်
ဒါက အလွမ်းတွေပေါ့
စနစ်တကျ စီချယ်ထားခဲ့တဲ့
အလှပဆုံး အပြုံး တစ်ချက်ပါ
ငါ့ ဘ၀ အတွက်တော့
တစ်သက်စာ လမင်းကြီးပေါ့
အချိန်က ကုစားပေးလိမ့်တယ်တဲ့
ခဏတာလေး အတွင်းမေ့နိုင်မယ်ဆို
ငါ ချစ်တယ်လို့ ပြောခဲ့မှာမဟုတ်ဘူး........
အလွမ်းဒါတ်ခံရှိလို့
ငိုပြနေတာမဟုတ်ရပါဘူး
ခံစားချက်တွေ စာစီထားတော့
ဒီပြဌာန်းထားတဲ့ ဥပဒေတွေတောင်
ဒူးထောက်ထားလောက်တယ်
မျှော်နေမယ်လို့ မပြောခဲ့မိလို့လား
ပြန်မလာတော့ဘူးဆိုတာ သိပေမဲ့
ပြန်လာခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ငါဆက်စောင့်နေမယ်လေ
ဖြစ်နိုင်မလား
နောက်တစ်ခေါက် ပြန်ဆုံနိုင်မလား
လမ်းမှာတွေ့ရင် နုတ်ဆက်ဖြစ်ကြမလား
ရည်းစားဟောင်းဆိုပြီး ပျက်ရယ်ပြုမှာလား
အဖြစ်ပျက်တွေကို နိုင်ယှဉ်ကြည့်တယ်
ပြဇာတ်လိုပါဘဲ
ခဏလေးနဲ့တော့ ကျော်ကြားမူကြားမှာ ရှိနေပေမဲ့
ခဏလေးနဲ့ ပျောက်ကွယ်သွားခဲ့တယ်
ဒါပေမဲ့ ခဏလေးနဲ့ မေ့ဖျောက်ပစ်လို့မရခဲ့ဘူး
လွယ်လွယ်လေးပါ ဇာတ်လမ်းအစက အချစ်ဖြစ်ခဲ့လို့..... ဒီအလွမ်းက
စောင့်နေခဲ့တာ .......
နှစ်ကိုယ်ယှဉ်တွဲ ပျော်ဖူးခဲ့ကြတယ်
လမ်းဆုံးလို့ မသိချိန်အထိပေါ့
နုတ်ဆက်လက်ပြတာတောင် ငါပြုံးနေခဲ့ရတယ်
ပြန်မလာဘူးဆိုတာ ငါ မသိခဲ့တာ
ပြန်လာမှာလားလို့  ငါ မမေးခဲ့မိတာ
ပြန်လာမယ်လို့ နင်မပြောခဲ့တာ ...........
ဘာတွေ ဟာ မှားသွားလဲ
ငါကိုယ်တိုင် မသိခဲ့တာပါ.
ခပ်ရိုးရိုး အလွမ်းဇာတ်လမ်းလေးပါဘဲ
အလွမ်းတွေနဲ့ စီခြယ်ထားလို့ လှချင်တိုင်း လှနေလောက်ရဲ့ ............
                                  ***ဘ၀အိမ်မက်***


         မိန်းကလေး...မင်းက ဖူးပွင့်စ ပန်းလေးတစ်ပွင့်ပါ...
နွေလေရူးတွေ...တိုက်ခိုက်နေမယ်...သစ်ရွက်ကလေးတွေက
မင်းစိတ်နဲ့...အဓိပ္ပာယ်တူညီစွာ...ယိမ်းကနေမယ်...
ကြွေးလွင့်သွားတဲ့ သစ်ရွက်ကလေးက...
မင်းဘ၀မဟုတ်ဘူးလေ...။

ဆွေးမြေ့စရာကောင်းတဲ့...မိုရေစက်တွေကို မင်းငေးမောနေမိမှာပဲ...
မိုးခြိမ်းသံမကြားရပဲ...မိုးသီးမိုးပေါက်တွေ လာခွင့်ရှိတယ်လေ....
မင်းတွေးလိုက်တဲ့ခဏမှာ မိုးတိတ်သွာမယ်..မိုးသီးလေးတွေအရည်ပျော်သွားမယ်...
မင်းဘ၀မဟုတ်ဘူးလေ...။

နှင်းရည်လူးတဲ့ ချစ်ခြင်းဆိုတာ
မင်းအမြဲတောင့်တနေမှာလား....ဒီမြူနှင်းတွေက အေးချမ်းပါတယ်...
နွေးထွေးမှု့ကို ရှာဖွေလွယ်ချင်လဲ လွယ်လိမ့်မယ်.........
ဒါ...မင်းဘ၀မဟုတ်ဘူးလေ...။

မင်းအတွက်ငါ့မှာ...အိမ်မက်ဆိုတာ မရှိခဲ့ဘူး...
မင်းအတွက်ငါ့မှာ...မျှော်လင့်စောင့်စားခြင်းတွေ မရှိခဲ့ဘူး...
မင်းအတွက်ငါ့မှာ...မင်းနဲ့အတူ လက်တွေ့ကျတဲ့ ဘ၀ဆိုတာပဲရှိပါတယ်။။။

မင်းနဲ့ငါ ဝေးကွာခြင်းက
မင်းနှစ်သက်တဲ့ ခဏတာကြုံတွေ့ခြင်းတွေကို...
မင်းနှစ်ခြိုက်ခဲ့လို့ပဲ။။။

မင်းနဲ့ ပက်သတ်တဲ့ ငါ့ရင်မှာ
ခံစားချက်တွေ...ပူခြင်း အေးခြင်း ဆွေးမြေ့ခြင်းတွေ ကင်းဝေးနေခဲ့တယ်...။
ဒါအမှန်ပါပဲ။။။

မင်းရဲ့စိတ်က တစ်ခါတစ်လေ မင်းဘ၀မဟုတ်ခဲ့ဘူးဆိုတာ...

ငါ့ရဲ့စိတ်က အစဉ်ထာဝရ မင်းဘ၀လို့ မင်းသိခဲ့မယ်ဆိုရင်...။

စိတ်ထဲ ရှိတဲ့ အတိုင်း
ပေါက်ကွဲပစ်ဘို့
ခဏခဏ ငါ တွေးမိတယ်
ထိန်းချုပ်ခံထားရသလို နေနေရတဲ့ ငါ့ ကိုယ် ငါ မုန်းတယ်
ငါ နင့်ကို အရမ်း ချစ်ခဲ့ပါတယ်
ချစ်လည်း ချစ်နေတုန်းဘဲ
ချစ်နေပါလျှက် မုန်းဟန် ဆောင်နေရသော
ငါ့ ကိုယ် ငါ မုန်းတယ်
နင်နဲ့ တွေ့ခဲ့ရင်
စကားအများကြီးပြောချင်တယ်
စကားပြောချင်လျှက်နဲ့
ပြောစရာ စကားရှာရခက်နေသော
ငါ့ ကိုယ် ငါ အရမ်း မုန်းတယ်
ပျောက်ရှကုန်သော ငါ့ ခံစားချက် အချို့ကို
ပြန်လည်ရှာဖွေမိခဲ့တဲ့
ငါ့ မှာ အပြစ်တစ်ခုလို
အိပ်မက်ဆိုး တစ်ခု နေ့တိုင်း မက်နေရတယ်
နုတ်ဆက်ပါရစေ..... ကောင်မလေးရယ်
ထပ်ပီး မတုပ်နှောင်ပါနဲ့ တော့
ငါ နင့်ကို အရမ်းချစ်မိခဲ့လို့
နင့်ကို ငါအရမ်းစိတ်နာနေခဲ့မိပြီ .
ငါ မမုန်းရက်ခဲ့ပါ ဘူးး........... ဟာ နင့်ကို ...
                                                                        အညတရ ကောင်လေး .......

ခံစားချက်ရက်ရှည်တွေနဲ့ ငါ အား ချော့သိပ်တပ်သော

ကောင်မလေးရေ

နေ၀င်မိုးချုပ် နေ့ရက် အစဉ် အလာထဲမှာ

ငါ့သတိရမူတွေကို ပါးပါးလေး အရောင် ထင်ခွင့်ပေးပါလား......

 သူ... ကျွန်တော့် ရှိကို လှမ်းလို့ လာပါတယ်

သူ့စိတ်ရဲ့ စေသွားမူကြောင့် အကြိမ်ကြိမ် ဆုံးဖြတ်ခဲ့ပုံပေါ်တယ်

စကား လှလှ အတိုင်းဘဲ ရုပ်ဆိုးတပ်တာ

ကျွန်တော်မှမသိခဲ့တာဘဲလေ

ခွင့်လွတ်ပါတဲ့........

 အဲလို စကားလေးတွေနဲ့ ကျတော့် နှလုံးသားကို

အပြုံး ဓားသွားတွေနဲ့

မရည်မတွက် နိုင်အောင်ထိုးနှက်ခဲ့တယ်

အသည်းကွဲ အရသာကို ကျတော်ကိုယ်တိုင်စားသုံးခဲ့တာဘဲ

ခံစားရတာလည်း

ရင်ဘတ်ကြီးနဲ့ အမျှပေါ့.......

ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ က

ချစ်သူအတွက် စကားလုံးတွေ ရွေးချယ်ပီး ကောင်းကင်ကို ပစ်လွှတ်တင်ကြတယ်

အလွမ်းတစ်ချို့ ရောင်စဉ်နဲ့ 

ညတစ်ညရဲ့ လမင်းတောင် 

မဲ့ပြနေလေရဲ့ .....

ကျတော်သူ့ကို ခပ်ပါးပါး လွမ်းယုံနဲ့

အလွမ်းညတွေ ဆက်ချင်နေသူ ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်......... 

       ♠ အညတရ ကောင်လေး ♠


     တစ်စိမ်းတွေလို
 တစ်ချိန်ချိန်က    တစ်နေရာရာမှာ


 တစ်ဘ၀ထဲရှိခဲ့ကြတယ်...


 မခမ်းနားပေမဲ့...ဆန်းပြားတဲ့အိမ်လေးမှာ...


 ငါတို့နှစ်ယောက်ရှိခဲ့ဖူးတာ သေချာတယ်...


 လေစိမ်းတွေထန်လာတဲ့အချိန်...


သူစိမ်းတွေက   ငါတို့ကိုခွဲ...မယုံကြည်ခဲ့ဖို့...ငါပြောခဲ့သားနဲ့...

မင်း...ဒီရင်ကိုသာ...ခွဲသွားခဲ့တယ်...

ဟိုအရင်က...မိုးသည်ထန်းစွာရွာနေတုန်း

အိမ်အပြင်ဘက်  မင်းပြေးထွက်ပြီး....

ဒီနေ့...တိမ်တွေအစောကြီးရောက်နေတယ်တဲ့...

ဒီနေ့...တိမ်တွေကိုကျေးဇူးတင်တယ်တဲ့...

မင်း...အဲ့လိုနေ့တွေဆို...အရမ်းပျော်ရွှင်ခဲ့တာ...။

ဒီနေ့...မင်းအတွက်...ငါရှိနေရက်နဲ့...

 ဒီနေ့...ငါ့အတွက်...မိုးတိမ်တွေနောက်ကျနေတယ်...။      

မနေ့ရဲ့မနက်ဖြန်တိုင်း...ငါ့အတွက် တိမ်တွေနောက်ကျနေပေမဲ့....

ငါ့မျက်လုံးထဲက   မိုးတွေအချိန်တိုင်းပဲ

ရွာသွန်းနေဆဲ...။

ကျိမ်စာဆိုရင်   နောင်တစ်ချိန်မှာ

ဒီလိုဝေဒနာတွေ    ငါပဲခံစားပါရစေ။။။



ငါ့မျက်ရည်တွေ ဆင်းကျလာတယ်
ငါ ချစ်သူဆုံးရူံးရတာမဟုတ်ဘူး
ငါ့ ချစ်သူ ပျော်အောင် ငါ ပေးဆပ်ခဲ့တာပါ
နင့်ကြောင့် ငါ ခဏခဏ ပျော်ခဲ့တယ်
နင့်ဘက် က မမြင်ချင်ယောင်ဆောင်ထားတဲ့ ငါ့ ချစ်ခြင်းတွေကိုပေါ့
နင့်ရှေ့ ကျရုံးပြတယ်
ဘာသာစကားမရှိတဲ့ ငါ ခံစားမူတွေကိုပေါ့
နင်မှနားမလည်နိုင်ဘဲ
ငါက အချစ်ကို ကိုးကွယ်မိသူပါ
နင်က အချစ်ကို ကစားချင်တာ
နင့်ကြောင့် ငါပိုင်ဆိုင်ခဲ့တဲ့ တနင်္ဂနွေနေ့တိုင်း
သာယာခဲ့ပါတယ်
အချစ်တဲ့ ဘာသာပြန်ဆိုခွင့်မရှီဘူး
ငါပြန်ရနိုင်တာ လို့ ငါ တွေးမထားဘူး
ဒါကို နင်သိနိုင်မလား
ဒီနေ့ပေါ့
အလွမ်းတွေ ဖြန့်ခင်းထားလိုက်တာ
ငါ နေနေခဲ့တဲ့ မနက်နဲ့ ညတွေ တောင် စိုပြေနေခဲ့တယ်
နင် က အချိုဆုံး အပြုံးတွေနဲ့
ငါ့ကို  ကစား နိုင်ခဲ့ပါတယ်
ငါရဲ့ အမြတ်နိုးထားတဲ့ ငါ့ ချစ်ခြင်းတွေကိုပါ....
နုတ်ဆက်ပါတယ် လို့ နင့်နုတ်ခမ်းက စကားလေးတစ်ခွန်းအဆုံးမှာ
ငါကိုယ်တိုင်
ငါ့ မနက်ဖန်ကို အဆုံးသတ်လိုက်တယ်
အလင်းမရှိတော့တဲ့
ငါမနက်ဖန်တိုင်း သာယာနေလိမ့်မယ်......

< ကိုယ် နဲ့  သင် >

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က အလုပ်ခွင်မှာ အရမ်းကို လူကြီးဆန်ခဲ့ပင်မယ့်
အခုတော့ မင်း နဲ့ တွေ့ ရင် အလိုလို ကလေး ဆန်သွားတယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က အိမ်မှာ ကလေးလို နေခဲ့ပင်မယ့်
အခုတော့ မင်း နဲ့  တွေ့ ရင် အလိုလို လူကြီးဆန်ပြီး အကြံဥာဏ်ပေးမိတယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ဖြစ်သလို ဝတ်စား ဆင်ယင်နေခဲ့ပင်မယ့်
အခုတော့ မင်း နဲ့  တွေ့ မယ်ဆိုရင် အလိုလို မှန်ရှေ့  က မခွာ ဘဲ ပြင်ဆင်နေတတ်တယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က စကားလေး တခွန်းကို ၂ခါ ပြောရင် နားထောင်ရတာ စိတ်မရှည် ခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  တွေ့ ရင် မင်းပြောသမျှကို မမောတမ်း နားထောင်နေတတ်တယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ကိုယ့်ကို တခြား နာမ်စားနဲ့  ခေါ်ပြီးသုံးစွဲရင် မကြိုက်ခဲ့ပင်မယ့်
အခုတော့ မင်း ခေါ်ဝေါ်တဲ့ နံမည်ပြောင်လေး တွေကို အရမ်း သဘောကျခဲ့တယ်

ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က လူတွေကို မပြုံးပြတတ်ဘူးလားလို့ မေးခံရအောင် အပြုံးအရယ်တွေ အရမ်းကို နည်းပါးခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  တွေ့ ရင် သူ့ အလိုလို ကို ပြုံးပြနေတတ်တယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က လူတွေကို အရမ်းနားလည်ပေးတတ် ခဲ့ ပင်မယ့်
အခုတော့ မင်းနဲ့  တခြား သူ တယောက် စကားပြောတာ သိရရုံဘဲ အလိုလို စိတ်တိုနေတတ်တယ်

ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က အမြဲတမ်း ဆုံးဖြတ်ချက် ကို ကိုယ်တိုင် ချနိုင်မှ ကျေနပ်ခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  အရာရာ ကို အတူတူတိုင် ပင်ပြီး ဆုံးဖြတ်ချက် ချချင်နေခဲ့တယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ကိုယ့်ဟာကိုယ် စိတ်ဓာတ်မာကျောတယ် ထင်နေခဲ့ပင်မယ့်
အခုတော့ မင်းကို အရာရာ မှီခိုပြီး ဖြတ်သန်းချင်တဲ့ မိန်းခလေး တယောက် ဖြစ်ချင်နေခဲ့တယ်

ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က အချစ်ဆိုတဲ့ အရာကို ပြက်ရယ် ပြုခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  စိတ်ဆိုး စိတ်ကောက် ပြီး ချစ်သူဘဝကို ဖြတ်သန်းချင်နေခဲ့တယ်

ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က ဘယ်လောက် အရပ်မှ ဘယ်လို ပုံစံမှ ဘယ်လောက်ချမ်းသာမှ ရွေးမယ်လို့ စဉ်းစားခဲ့ပင်မယ့်
အခုတော့ မင်း ဘယ်လို ပုံဘဲ ဖြစ်ဖြစ် မင်းကို မင်း မို့ လို့ ရွေးချယ်မိတယ်

ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က ဘယ်အရာဖြစ်ဖြစ် ကိုယ့်အနားက ထွက်ခွာသွားရင် ဘာမှမဖြစ်ခဲ့ပင်မယ့်
အခုတော့ မင်း ကို ငါ့ အနားက ထွက်ခွာ သွားမှာ ကြောက်နေခဲ့တယ်

လောကမှာ အချစ် ၃ မျိုး ဘဲ ရှိပါတယ်
ကိုယ်ချစ် သူချစ် သူစိမ်းအချစ်(တယောက်အကြောင်းတယောက်မသိဘဲ မိဘပေးစားလို့ ယူလိုက်ရတဲ့အတွဲ , ဖြစ်သင့်တယ်လို့ ထင်ပြီးတွဲနေကြတဲ့အတွဲ)

လူတိုင်းတော်တော်များများပြောနေတဲ့ စကားလေး တခွန်း ရှိတယ်
ကိုယ်ချစ်က အရမ်း ပင်ပန်းတယ် ပေးဆပ်ရတာတွေများတယ်တဲ့

မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေး ဖြစ်ဖြစ် လောကမှာ လူတော်တော်များများက သူချစ်ကိုရွေးချယ်ချင်တတ်ကြပါတယ

ဒါပင်မယ့်
သူချစ် ဘဲ ဖြစ်ဖြစ် ကိုယ်ချစ်ဘဲ ဖြစ် ဖြစ် လောကမှာ အပေးယူမျှမှ အရာအားလုံး အဆင်ပြေမှာပါ

ကိုယ်က ဘာမှမဟုတ်ဘဲ ပြောဆို လိုက်တဲ့ စကားလေးတခွန်းက တခြားလူအတွက် ဓားတချောင်းမဖြစ်ပါစေနဲ့ 

ကိုယ်က ဘာမှမဟုတ်ဘဲ ပြုမူ လိုက်တဲ့ အမူအရာလေးက တခြားလူအတွက် အရိပ်မည်း မဖြစ်ပါစေနဲ့ 

ကိုယ်က ဘာမှမဟုတ်ဘဲ လုပ်လိုက်တဲ့ အမှတ်တရတွေက တခြားလူအတွက် အိမ်မက်ဆိုး မဖြစ်ပါစေနဲ့ 

သူကို အရမ်းချစ်တယ်လို့ ခံယူထားတဲ့ သင်နဲ့  သင့်ကို ပြန်ချစ်တယ်လို့ ယုံကြည်ထားတဲ့ သူ နားလည်မှုတွေနဲ့  အမြဲတမ်းပျော်ရွှင်စွာလက်တွဲသွားနိုင်ကြပါစေ................

ခဏ ခဏ အရူံးတွေကိုချပြရတော့
ဘ၀က ကျိန်ဆဲတယ် ......
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့
နင်လာရာလမ်းကို ငါမျှော်နေမိတယ်
မလာမှန်းလည်းသိရက်နဲ့စောင့်နေခဲ့မိတာ ငါရူးသွပ်မူတစ်ခုပေါ့
          အလွမ်းတွေကို ချနင်းခဲ့တော့
ခဏခဏလည်း လမ်းမှားခဲ့ဖူးတယ်
လူတစ်ကာသတ်မှတ်ထားတဲ့
စကားလုံးအောက်မှာနေသားကျနေခဲ့လို့
သမားရိုးကျဘ၀မှာ
ငါနင့်ကိုလွမ်းခွင့်ပြုပါ.......ကောင်မလေးရယ်
         ငါနငိ့ကို ချစ်တယ်
 စကားလှလှကြားမှာ ငါ့မာနတွေ ပျောက်ဆုံးခဲ့တယ်
နင်မသိလိုက်တာပါ
နင်ချနင်းသွားတဲ့ ငါ့ မာနတွေကိုပေါ့.....
လှည့်ကြည့်ပါဦး
သုံးစားမရတော့တဲ့ ငါ့ရင်ခွင်ကြီးကိုပေါ့.....
          တစ်လှမ်းချင်းလျှောက်လာခဲ့လို့
ဝေးမြဲ ဝေးခဲ့တာလား..?
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့မို့ အရောက်နှေးခဲ့တာပါ
တော်ပါတော့ ထားလိုက်တော့တဲ့
ပိုင်ဆိုင်ဘို့ချစ်ခဲ့တာမဟုတ်ပေမဲ့
စွန့်လွှတ်ဖို့ဆိုတာလည်း ခက်ခဲတယ်
မနေတပ်လို့ လွမ်းရရင်တောင်မှ
ကော်ဖီခါးခါးတစ်ခွက်လိုပေါ့ အလွမ်းတွေကလည်း ခါးမြဲ ခါးနေခဲ့တယ်
          ဟိုးတစ်ချိန်ကလေလို့ပြောတိုင်း နင့်အကြောင်းလေးတွေက နိုးထလာတယ်
ခဏလေးပါဆိုပီး နင်ထွက်သွားတာပါ
လက်ပြနှုတ်ဆက်ချိန်တောင်မရဘူး
အမှတ်တမဲ့နဲ့ ခဏလေးအတွင်းမှာ
ခဏခဏ အလွမ်းဆိပ်တွေတက်လာတယ်
ငါမျှော်နေမယ်လို့မပြောပြလည်း
နင်ကြိုသိနေလောက်တယ်လို့ထင်ထားခဲ့မိတာပါ
               ကလေးတစ်ယောက်ရဲ့ အတွေးလိုပေါ့
မနက်ဖန်အတွက် ငါဒီနေ့ကတည်းက ပိုလွမ်းနေချင်မိတယ်.....
              အလွမ်းက ချပြထားတယ်
ငါ့ဘ၀ရဲ့ထင်ကျန်မဲ့ အလွမ်းပြတိုက်တစ်ခုပေါ့
အစိမ်းရောင်စကားတွေမရှိခဲ့တော့လည်း
ပေါက်ကွဲသံစဉ်တွေက ပျောက်ရှကုန်ခဲ့တယ်
မငိုတပ်တော့လည်း
အံကြိတ်ထားမိတယ် အရူံးရဲ့ ရလာဒ်က မကောင်းပေမဲ့
အရူံးထဲက  အလွမ်းကိုမှငါမက်မောခဲ့မိတာပါ..........
၇ာသီတွေ့ ပြောင်းလဲလို့...........
မင်းပုံ၇ိပ်တွေ့ ငါ၇င်ထဲပြန်ကျဲ..........
မသေချာတဲ့ အဆုံးဖြတ်က..................
ငါစိတ်ထဲ မင်းကဘ၀နေ့သစ်ပါပဲ..............
ထူးဆန်းတဲ့ လေ၇ာင်အောက်မှာ
အတွေးတွေဖယ်၇ှား............
လှပတဲ့မင်း၇ဲ့ အမုန်းကိုမူး၇စ်လို့............
၇ူးသွပ်လို့မေ့မ၇တဲ့ ငါအနာဂတ်မှာမင်းဟာ
တကယ်ကို မေ့လို့မ၇တဲ့ ငါ၇င်ထဲက  ကောင်မလေးပါ.............
ကောင်မလေး၇ယ်..............
ငါဟာမင်းေ၇ှ့မှာ ဒဏ်၇ာတွေ့ ပလပွနဲ့
လဲကျနေတဲ့ သူတယောက်ပါ.............
 ငါကိုထူပေးပါလို့ မတောင်ဆိုပါဘူး...........
သနားတယ်ဆိုတဲ့ အကြည့်လေးနဲ့
ကြည့်၇င်ပဲ ငါကျေနပ်ပါပြီ ။။။။
မသိချင် မကြားချင်တော့တဲ့....
အကြောင်းတွေ့၇ယ် စွန့်လွှတ်လိုက်တဲ့ မျှော်လင့်ချက်၇ယ်........
နာကျင်ခံစားခဲ့၇တဲ့ ခံစားချက်တချို့နဲံ့အတူ..............
အိမ်မက်ဆိုးမှ ငါနှိုးထနှိုင်ခဲ့ပီ.............
ချစ်တာသိပီး...........
သစ္စာမ၇ို၇င်..............
မေတ္တာဆိုတာ.............
အလားကားပါပဲကွာ

ငါ ဟာ ကောင်းကင်ပြာပြာ ရဲ့
ကျိမ်စာကို ခံနေရသူတစ်ယောက်ပါ
တစ်ချို့ တစ်ချို့ သောအလွမ်းတွေသယ်ဆောင်ရင်းပေါ့...
 နေ့သစ်တစ်ခုကို ငါသွားခဲ့တာပါ ဒါပေမဲ့
တစ်ဖြေးဖြေး နေ၀င်ခဲ့ပြီ
အမှောင်တွေမလာခင်ပေါ့ ငါ ကိုယ်တိုင် ကိုယ်ရောင်ဖျောက်ခဲ့တယ်
လာမဲ့ အိမ်မက်တွေထဲမှာ မင်း အပြုံးတွေက
ခဏခဏ ကိုယ်ထင်ပြတယ်
 တစ်ကယ်ဆို ငါက မြေပေါ်က ကောင်လေးတစ်ယောက်ပါ
ငါ့ကို ချနင်းသွားကြတာ မဆန်းပါဘူး
ဒါပေမဲ့ ငါ ကိုယ်တိုင် ပေးခဲ့ဖူးတဲ့ စိတ်ကူးထဲက  ချစ်ခြင်းတစ်စုံကိုတော့
နင်ကိုယ်တိုင် ချနင်းခဲ့တာပါ
အချစ်ဆိုတာ စိတ်ကုးသက်သက် ထုတ်ဖော်ပြခွင့်မရှိတဲ့ အတွက်
နင်ငါ့ကို လှောင်ကောင်းလှောင်နိုင်ပါတယ်
သို့လော သို့လော နဲ့ နေ့သစ်တွေထဲမှာ အလွမ်းတွေနဲ့ဘဲ
ငါကိုယ်တိုင် ကျရူံးခဲ့ပါတယ်.........
ကောင်မလေးရေ
နင်ပြောင်းလဲတယ်ဆိုတာ မဆန်းပါဘူးဟာ
ငါအရာရာကို ပြောင်းလဲ ပစ်မဲ့ ဆိုတဲ့ စိတ်က တစ်စက္ကန့်ဆိုတဲ့ အချိန်လေးထဲမှာဘဲရှီတာပါ
ပြောင်းလဲတဲ့ စိတ် တစ်ခုတည်းကြောင့်
ငါ့ကို မေ့နိုင် သွားခဲ့တာ ငါ အပြစ်မတင်လိုတော့ဘူး
အရာရာတိုင်ဟာ လိုချင်မှုတွေရှိသမျှတော့ ဆုံးရူံးခဲ့ ရမှာဘဲလေ.......
နင်လည်း တစ်ခုခုကိုတော့ ဆုံးရှုံးခဲ့ရပါတယ်
ငါအမြတ်တနိုးပေးခဲ့တဲ့ ငါ့ ချစ်ခြင်းတစ်စုံကိုပေါ့...........
ငါလည်း တပ်သလောက်မှတ်သလောက် ချစ်ခြင်းကို ပြခဲ့သလို
နင်လည်း သိသလောက်ရှက်ကိုးရှက်ကန်း ဟန်ဆောင် ကောင်းခဲ့မှာပါ
အဲလို အချိန်လေး တစ်ချို့ တစ်ဝက်လောက်က
ကြယ်ကြွေသလိုဘဲ ဖျတ်ကနဲ ဘဲတွေ့ခဲ့ရတာပါ.........
   မှတ်တမ်း တစ်ပုဒ်ကို ချရေးခဲ့တယ်    စုတ်ပြတ်သွားမဲ့ စာရွတ်တွေထဲမှာ ဒီမှတ်တမ်း ထဲက စာတစ်ခုက ရင်ကွဲ မှတ်တမ်းတစ်ခုလိုပေါ့

ဇာတ်လမ်းတစ်ချို့ကို ကြည့်ဖူးတယ်
အချစ်ကြောင့် အရူးတစ်ပိုင်း ဇာတ်ကားထဲက လို
ငိုကြွေးနေဘို့ဆိုတာ မဖြစ်နိုင်ဘူး
တစ်ခု နင်သိဘို့က
နင် အတွက် ငါ ငိုနေတာမဟုတ်ဘူး
ငါ့ကိုယ်ငါ ခံပျင်းနေတာပါ
သူတစ်ပါး ရင်ခွင်ထဲရောက်သွားလို့
သူ့ချစ်သူ ဘွဲ့ကို နင် မြတ်နိုးခဲ့တယ်.
အခုဆို နင်ပျော်နေနိုင်ရဲ့လား ???
နင်ထားသွားတာကို ခံရတဲ့
ငါကကျန်ရစ်သူဆိုတဲ့ ဘွဲ့ တစ်ခုကို
မလိုချင်မှန်းသိရက်နဲ့
နင် ဇွတ်ထိုးပေးခဲ့တယ်
ငါ မျှော်လင့်နေတုန်းဘဲ ဆိုတာ နင်သိလား.... ???
ငါကိုယ်ငါ အားတင်းထားပီး အော်နေတယ်
ငါမလိုချင်ဘူး......နင်နဲ့ ပါတ်သက်သမျှတွေ
ငါမလိုချင်ဘူး .... နင်ပေးတဲ့ အလွမ်းတွေ
ငါမလိုချင်ဘူး .. နင့်ကို စိတ်ကားချင်တဲ့ စိတ်တွေ
အခုဆို နင်ချန်ထားပေးတဲ့ ဇာတ်လမ်းတစ်ချို့ကို
ငါ ဆုပ်ကိုင်ထားနေရတုန်းဘဲ
နင်ချန်ပေးတဲ့ အလွမ်းအချို့ကို
ငါ ဖမ်းဆုတ်ထားရတုန်းဘဲ
နင့် အပြောတစ်ချက်က
အစိမ်းသက်သက်ကြီး
နင့်ကိုပေးခဲ့တဲ့
ငါ့ ချစ်ခြင်း ထက်တောင်ပိုပြင်းရှရှ နိုင်တယ်
မုန်းချင်လိုက်တာဟာ နင့်ကို.......
နင့် ကို မုန်းနဲ့ အတွေးအချို့ တမ်းတခြင်း အချို့ နဲ့ အတူ
နင့်ကိုငါ ပို ချစ်တယ် ......... :(

တစ်ခါ ချစ်ခဲ့ဖူးတယ်
လူတစ်ယောက်လုံး သေချင်စော်နံသွားတာဘဲ
မျှော်လင့်ယုံကလွဲပြီး ဘာတပ်နိုင်မလဲ
ငါတို့ချစ်ခြင်းက လိုင်းပေါ်မှာလေ.......
နင်သိလား ?
ငါ နင့်ကို ချစ်မိသွားတော့
နင် အတွက် ငါ့ ဘာမှမရှီတဲ့  ဘ၀ထဲက
အချစ်တစ်ခုကို ငါ ကိုယ်တိုင် နင့်အတွက်ပေးခဲ့တာ
နင် သိလား
နင့်ကို ချစ်မိသွားတော့ 
ခပ်ဆိုးဆိုး အကျင့်တွေ
အကုန်ဖျောက်ချင်နေခဲ့တာ
နင်သိလား
နင့်ကို ငါချစ်မိသွားတော့
နင့် အတွက် ဘာမဆို လုပ်ပေးချင်ခဲ့တာ
နင် ဘာမှမသိခဲ့ဘူးနှော်
ချစ်ခြင်းဆိုတဲ့ သံစဉ်တစ်ခုကို ငါ ရူးမိုက်စွာ အော်ဟစ်ခဲ့သူပါ
မရည်ရွယ်ဘဲ အနှောက်အသွားမလွတ်တဲ့
နုံချာချာ အလွမ်းတွေနဲ့ဘဲ ပြီးဆုံးလိမ့်မယ်လို့
ငါ့ပေးဆပ်ခဲ့တဲ့ ချစ်ခြင်းက မမျှော်လင့်ခဲ့မှာမဟုတ်ဘူး.......