Showing posts with label သိမှတ်ဖွယ်ရာ. Show all posts
Showing posts with label သိမှတ်ဖွယ်ရာ. Show all posts

လူမှုရေးဆိုရှယ် ၀က်ဆိုဒ် Facebook က ၂၀၁၃ မှာ ခြေလှမ်းသစ်တွေ တခုပြီး တခု စတင်နေတာကို တွေ့ ရ
ပါတယ်။ “Graph Search” လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက် ကို Facebook အတွင်း အလွယ်တကူ ရှာဖွေနိုင်အောင် မိတ်ဆက်အပြီး ၂ ရက် အကြာမှာပဲ ခြေလှမ်းတခု လှမ်းလိုက်ပါပြီ။
အဲဒါကတော့ .. အမေရိကမှာရှိတဲ့ iPhones အသုံးပြုသူများအတွက် အခမဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့စနစ်ကို Facebook Messenger နဲ့ စတင်အသုံးပြုနိုင်ပြီ ဆိုတာပါပဲ။
အသုံးပြုလိုသူတွေအနေနဲ့  iPhone အတွင်းမှာ Facebook Messenger ကို ထည့်သွင်းထားရပါမယ်၊ ပြီးတော့ ၀ိုင်ဖိုင် ( Wifi ) သို့ မဟုတ် ဆယ်လူလာ ဒေတာ ကွန်နက်ရှင် (cellular-data connection)လိုအပ်ပါတယ်။

Facebook တာဝန်ရှိသူတွေကတော့ ဒီလို အခမဲ့ခေါ်ဆိုတာတွေကို Andriod နဲ့  BlackBerry ဖုန်း အမျိုးအစားတွေမှာလည်း အသုံးပြုနိုင်အောင်လည်း
ပြင်ဆင်နေပါပြီ။ မကြာခင်မှာ Facebook Messenger နဲ့ ပဲ ဖရီး ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်တော့မှာပါ တဲ့။

iPhone သမားတွေက Facebook Messenger နဲ့ ဖုန်းခေါ်မယ် ဆိုရင်
- ကိုယ်စကားပြောချင်တဲ့သူရဲ့ နာမည်ကို နှိပ်။
- အပေါ်ဆုံး နဲ့  ညာဘက်ထောင့်က “i “ ဆိုတဲ့ ဟာလေးကို နှိပ်ပြီး “Free Call” ကို ရွေးချယ်လိုက်ရုံပါပဲ။
ဒါဆို ကိုယ်ဖုန်းပြောလိုသူနဲ့ ကြိုက်သလောက် အခမဲ့ပြောပေတော့။
ခြွင်းချက်အနေနဲ့ တော့ ဖုန်းခေါ်ဆိုသူအနေနဲ့  သူကိုယ်တိုင်လည်း iPhone အသုံးပြုပြီး ဖုန်းခေါ်ဆိုရမှာ ဖြစ်သလို တဖက်ကလည်း လက်ခံစကားပြောဖို့  iPhone အတွင်းမှာ Facebook Messenger ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

အမေရိကမှာရှိတဲ့ Facebook အသုံးပြုသူများအတွက်တော့ ဒါဟာ သတင်းကောင်းပါပဲ။ သူတို့ဆီက Facebook က မိတ်ဆွေသူငယ်ချင်းများ အခမဲ့ ဖုန်းပြောနိုင်ဖို့ အခွင့်အရေးရပါပြီ။

အာရှဒေသ အပါအ၀င် တခြားနိုင်ငံများမှာတော့ ဒီ ဖရီးဖုန်းခေါ်ဆိုတာမျိုး ဘယ်တော့ ဖြစ်လာမယ် ဆိုတာကို Facebook ကပြောကြားခဲ့ခြင်း မရှိပါဘူး။

အမေရိကရောက် မြန်မာတွေအနေနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ Facebook Messenger ကို အောက်ပါ လင့် မှာ သွားရောက် ဒေါင်းယူနိုင်ပါတယ်။


  
ဦးနှောက်ရဲ့  လုပ်ဆောင်ချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်ချက်ကို
အမေရိကန် MIT မှ စမ်းသပ်အောင်မြင် သွားပြီ ဖြစ်ကြောင်း သိရပါတယ်။
ယင်း လျှပ်စစ်ဓာတ်အားက မိုက်ခရိုဝပ်ထ် ပမာဏပဲ ရှိပါတယ်။ ဒီတော့ ဖုန်းနဲ့
အခြား အီလက်ထရောနစ် ပစ္စည်း အကြီးစားတွေကို အားသွင်းလို့မရ တာ သေချာပါတယ်။
သို့ပေမယ့် ရည်ရွယ်ချက်က ဦးနှောက်တွင်းမှာရှိတဲ့ Chip များကို ပြန်လည် အားသွင်းဖို့ ဖြစ်ပါတယ်။
ဦးနှောက် တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ဘယ် အားသွင်းစရာ လိုတဲ့ ပစ္စည်း
အစိတ်အပိုင်း ကိုယ်မဆို အားသွင်း ပေးမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ အသုံးပြုနေတာကတော့
ပြန်လည်ခွဲထုတ်ခြင်း သို့မဟုတ် ကြိုးမဲ့ ရေဒီယိုလိုင်းနဲ့ အားသွင်းခြင်းတို့ ဖြစ်ပြီး
ဦးနှောက်တွင်းမှာ ထည့်ထားတဲ့ Chip များကို အသက်ရှင်စေပါတယ်။ ခွဲစိတ် ထားသူ
အချို့  ဟာ အသက်ဆက်ရှင်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ ကိုယ်တွင်းမှာ ထည့်သုံးတဲ့
နည်းပညာဟာ ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။
ယခု ယင်းစက်တွေကို အပြင်ထုတ်စရာမလိုပဲ အတွင်းမှာပဲ သွင်းလို့ ရအောင် ဖန်တီးပေးမယ့်
စနစ်ကတော့ အသစ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ထဲမှ cerebrospinal fluid ဆိုတဲ့ အရည်မှ
ဂလူးကိုစ့်ဓာတ်ထုတ်ပါမယ်။ ယင်း ဂလူးကိုစ့်မှ အောက်ဆီဂျင်ကို ထုတ်ပြီး ယင်းအော်ကဆီဂျင်ကို
အခြေခံလို့ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲပေးစေဖို့ ဖြစ်ပါတယ်။ အဆင့်တွေ များပေမယ့်
ထပ်မယ့် ပစ္စည်းက မီလီမီတာ မျှသော အတိုင်းအတာ လောက်ထိကို သေးငယ်ပါတယ်။
ယင်း ပစ္စည်းကြောင့် ဦးနှောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ပြီး ကိုယ်တွင်းမှ ကျန်းမာရေး
အထောက်အပံ့ အီလက်ထရောနစ် ပစ္စည်းများကို အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

လက်တလော Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈ဝ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။

၁။ Friend Request
Friend Request လုပ်တိုင်း ဒီတစ်လော ပြန်မေးတဲ့ မေးခွန်းက သင့် သိလို့လား၊ သိတဲ့သူမှ Add ပါဆိုတာမျိုး ဖြစ်ပါတယ်။ တစ်ခါခါဆို Request Send လို့မရပဲ အထက်ပါကဲ့သို့ စာများသာ ပေါ်ပေါ်လာမှာ ဖြစ်ပါတယ်။ Request Send လို့ရလည်း တစ်ရက်ကို ၂ ယောက်၊ ၃ ယောက်ထပ် ပို မ Add သင့်ပါ။ အဲဒီထက် Add ပြီဆိုရင်တော့ Friend Request လုပ်ခြင်း ၂ ရက်ပိတ်ပါတယ် လို့ စာတန်းပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လည်း ပိတ်ပါတယ်။ တစ်ခါတစ်လေ ၅ ယောက်လောက် Add ပြီးရင် ပေါ်တတ်ပါ တယ်။ Safe အဖြစ်ဆုံး Add နည်းကတော့ ဘေးမှာ Suggest Friend အောက်က ပေးတဲ့ List ကနေ Add တာအကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်တိုင် Search Bar မှာ ရှာပြီး အခြားလူတစ်ယောက်ကို Add မယ်ဆိုရင် အထက်ပါ ပြသနာကြုံတွေ့နိုင်ပါတယ်။

၂။ Comment
တစ်ခါခါ Comment ပေးလို့မရတာ ကြုံရတတ်ပါတယ်။ Comment ပေးလိုက်တိုင်း သင်ပေးတဲ့ Comment ဟာ Spam သို့မဟုတ် အခြား လူတစ်ဦးတစ်ယောက်ကို Personal အရတိုက်ခိုက်ခြင်း မဖြစ်စေရ ဆိုတဲ့ Warning မျိုးပေါ်တတ်ပါတယ်။ အချို က ပေါ်ယုံမကပဲ Comment ပါပေးလို့မရတော့ပါဘူး။ အဲဒီလိုအချိန်ကျရင် Comment မပေးသင့်တော့ပါ။ ယာယီမျှသာ block လုပ်ခြင်းဖြစ်ပြီး နောက်နေ့မှ အရင်လို ပြန်ဖြစ်ပါတယ်။

၃။ Message
Message ပို့တာ အင်မတန် သတိထားရပါမယ်။ လက်ရှိ ပြောင်းလဲနေတဲ့ Policy ကြောင့် Facebook က မတ်ဆေခ်ျ့  ပို့ခွင့် ယာယီ ပိတ်ပင်တတ်ပါတယ်။ အဲဒီအချိန်ကျ ဘယ်လောက်အရေးကြီးကြီး ယင်း Facebook အကောင့်ကနေ Message မပို့တော့ပဲ အခြား အကောင့်များဖြင့်သာ Message ပို့သင့်ပါတယ်။

၎။ Link
Blog နဲ့ Facebook ဆက်စပ်မှု ရှိပါတယ်။ ဆက်စပ်ပုံကတော့ Facebook မှာ Blog ကို သိပ် recommend မပေးပါဘူး။ Fan Page များ အထူးသတိထားရပါမယ်။ Post တင်တိုင်၊ Chat တိုင်း မိမိ Blog ကို ဝင်ကြည့်စေလိုတဲ့အခါ Link လေးတွေ ပေးတတ်ကြပါတယ်။ အဲဒီလိုပေးတဲ့အခါ Facebook က Check bo× ပေါ်လာပြီး လူလား၊ ကွန်ပျူတာလား သိအောင် စာတွေ Bo× ထဲမှာ ရိုက်ခိုင်းပါတယ်။ မှန်အောင်ရိုက်ပြီး အသုံးပြုမယ်ဆိုရင် အဆင်ပြေပေမယ့် သုံးလေးခါ မက မှားပြီဆိုရင် အကောင့် Lock ကျသွားပါမယ်။
အထက် ဖော်ပြပါ အချက်များအတိုင်း အဆင်ပြေပြေ အသုံးပြုသွားရင်ရပေမယ့် Friend Request ကို ၄၊ ၅ ဦးထက်မနည်း ပေးမယ် ။Comment ဇွတ်ပေးမယ် ။Message မပို့ပါနဲ့လို့ တားထားတဲ့ ကြားက ဇွတ်ပို့မယ်။ Link တင်တိုင်း အကခရာ တွေကို မှန်အောင် မရိုက်ထည့်နိုင်ဘူး… စသည်ဖြင့် အားလုံး (သို့မဟုတ်) တစ်ခုခုကို ပြုလုပ်မိရင် အကောင့် ကြိမ်းသေ Lock ကျသွားမှာ ဖြစ်ပါတယ်။
Log in ပြန်ဝင်ခိုင်းပြီး Log in ဝင်ပြီးနောက် ထပ်ကျလာမှာကတော့ ပုံမှာ ပြထားတဲ့ Page လေး ဖြစ်ပါတယ်။ Check Point ဆိုပြီး ဖုန်းနံပါတ် တောင်းပါတယ်။

ဖုန်းနံပါတ် ဖြည့်ခိုင်းခြင်း ဖြစ်ပါတယ်။ မိမိရဲ့ဖုန်းနံပတ်ကို ဖြည့်ပြီး သူက Code နံပါတ်ကို Message ပို့ပေးတယ်ဆိုပါတယ်။ ယင်းရတဲ့ Code နဲ့ အကွက်လေးထဲမှာ ပြန်ဖြည့်ရင် အကောင့်ပြန်ရတယ် လို့ဆိုပါတယ်။ အခြားနိုင်ငံများမှာ အဆင်ပြေပေမယ့် မြန်မာပြည်က ဖုန်းနံပါတ်များနဲ့ တော့ အဆင်ပြေတာ ရှားနေပါတယ်။ အချို ကျတော့ မိမိဖုန်းနံပါတ် ရိုက်ပြီး Message ပို့တယ်ပြောပါတယ်။ အချို့ ကျတော့ Voice call ကလစ်နှိပ်ပြီး ခေါ်မှာ ရတယ်လို့ဆိုပါတယ်။

လက်ရှိ တွေ့ကြုံရသူ တစ်ဦးကတော့ ယခုချိန်ထိ ပြန်မရသေးပါဘူး။ ဖုန်းနံပါတ်ကို ဟန်းဖုန်းဖြစ်ရင် 9 ထပ်ဖြည့်ရိုက်ရပါတယ်။ သို့ပေမယ့် Message လည်းမရ၊ voice call လည်းမရသောကြောင့် အကောင့်ဟာ ယာယီပိတ်သွားတာလား၊ အပြီးပိတ်သွားတာလားကတော့ Facebook Admin များသာ သိရှိမှာ ဖြစ်ပါတယ်။
အကောင့် Lock ကျပြီး ပြန်ရဖို့ကြိုးစားရတာကနောက်မှ ကြိုတင် ဆင်ခြင်ထားတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လက်တလော ပြောင်းလဲနေတဲ့ Facebook Policy ကြားမှာ စာဖတ်သူတို့အကောင့် မပျက်ရန် တိုက်တွန်း ရေးသားမျှဝေ လိုက်ရပါတယ်။

http://lawoonphyu.ning.com/profiles/blogs/facebook-2



အထက်ပါ ပုံကတော့ စကြဝဠာ တစ်ခု ဖြစ်ပါတယ်။
စကြဝဠာ ရဲ့  အချင်းက အလင်းနှစ် ၉၃ ဘီလျံ ရှိပါတယ်။ အလင်းနှစ် တစ်နှစ်ဆိုတာ
မိုင်ပေါင်း ၆ ထရီလီယံ ဖြစ်ပါတယ်။ ၁ ထရီလီယံ ဆိုတာ ၁ ပြီးရင် သုည ၁၈ လုံးပါတဲ့
ပမာဏ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ပမာဏ ၆ ထရီလီယံစာ အလင်းနှစ်ပေါင်း ၉၃ ဘီလျံဆိုတော့
ဘယ်လောက်တောင် ကျယ်သလဲဆိုတော့ လက်နဲ့ရေးချလို့တောင် မကုန်နိုင်ပါဘူး။
ယင်းထဲမှာမှာ ဘီလျံပေါင်းများစွာသော ကြယ်၊ ဂလက်ဆီ၊ ဥက္ကာခဲ၊ ဂြိုလ် များ ပါဝင်ပါတယ်။
ကမ္ဘာဆိုတာ နေ တစ်လုံးကို ဝန်းရံထားတဲ့ ဂြိုလ်ကြီးများထဲမှာ တစ်လုံးသာ ဖြစ်ပြီး စကြဝဠာ
တစ်ခုမှာ ပါဝင်တဲ့ နေဆိုတာ ဘယ်လောက်တောင်များမှန်း တွက်ချက်လို့တောင် မကုန်ပါဘူး။
ကမ္ဘာရဲ့  တည်နေရာကို ဖော်ပြရရင်
ယင်းကဲ့သို့ စကြဝဠာ အစုပေါင်း ၄၀၀ ကျော်ထဲမှာမှ ကမ္ဘာဆိုတာ ပုံမှာ ရှာဖွေ ပြသထားတဲ့အတိုင်း
တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ယင်းကမ္ဘာ ထဲ မှာမှ လူတစ်ဦးတစ်ယောက်ဆိုတာ
ရှုံငုံကြည့်လိုက် ရင် မြင်နိုင် စရာတောင်မရှိပါဘူး။
ဒီလိုဆန်းကြယ်တဲ့ စကြဝဠာကို အခြေခံလို့ ဘာသာရေးအယူအဆ၊ နည်းပညာ အယူအဆ၊
အာကာသပညာ အယူအဆမျိုးစုံ ဖြစ်ပေါ်လာပြီး ရှင်းလေးရှပ်လေ၊ လေ့လာလေ
နက်နဲလေနဲ့ လေ့လာလို့ကို မကုန်နိုင်တဲ့ ပညာရပ် တစ်ခု ဖြစ်လာပါတယ်။
http://lawoonphyu.ning.com/profiles/blogs/6550773:BlogPost:60679
သူပြောတာ ကိုယ်နားမလည်ရင် ပြောတဲ့လူ presentation ညံ့တာ၊
 ကိုယ်ပြောတာ သူနားမလည်ရင် အဲဒီ့လူ ဒုံးဝေးတာ…

သူဆော်လို့ ကိုယ်ပြန်ဆော်ရင် မဟုတ်မခံတာ၊ 
ကိုယ်ဆော်လို့ သူပြန်ဆော်ရင် အာဃာတ ထားတာ…

သူများအယူအဆကို ကိုယ်က အဆိုးမြင်ရင်တောင် ဒါ ဝေဖန်ရေးလုပ်တာ၊ 
ကိုယ့်အယူအဆကို သူများက ဝေဖန်ရင်တော့ အဲဒါ အဆိုးမြင်တာ…

သူများနယ်ပယ်ကို ကိုယ့်ဘက်က ကျူးကျော်သိမ်းပိုက်တော့ နိုင်ငံတော်ကို 
တည်ထောင်သူ၊ ကိုယ့်နယ်ပယ်ကို သူများက ကျူးကျော်သိမ်းပိုက်တော့ နယ်ချဲ့

ဘုရင်တွေ လူမျိုးခြားနဲ့ ယူရင် ချစ်ကြည်ရေး၊ 
သာမန်လူတွေ လူမျိုးခြားနဲ့ ယူရင် မျိုးဖျက်တဲ့သူ…

သူများ ဘာသာဝင်တွေ စည်းရုံးလာရင် သိမ်းသွင်း ဖြားယောင်းတာ၊ 
ကိုယ့်ဘာသာဝင်တွေက သွားစည်းရုံးရင် သာသနာပြုတာ…

ရဟန်းရုပ်တု နေရာရွေ့သွားတာကျ ဈာန်ကြွတာတဲ့။ 
လူ့ဓာတ်ပုံ နေရာရွေ့တာကျ သရဲခြောက်တာလို့ ပြောကြတယ်။
( ကြိုက်လို့ကူးလာတာပါကိုယ်တိုင်ရေးသားချင်းမဟုတ်ပါမျှဝေလိုသောစိတ်ဖြစ်သာ)                     @ရှိုင်းခန့်
(Hacker)ဆိုသည်မှာ ဆိုသည်မှာယနေ့ခေတ်itသမားလူငယ်တော်တော်များများဖြစ်ချင်ကြတဲ့အရာပါဒါပေ့မယ်hackerဆိုတာဘာလဲလို့မေးရင်တော်တော်များများတိတိကျကျဖြေနိုင်လိမ့်မယ်ဟုမထင်ပါhackerဆိုတဲ့ဝေါဟာရဟာကွန်ပျူတာလောကထဲကိုရောက်လာတာ1960လောက်ကဖြစ်ပြီးMITခေါ်massachusetts lnstitute of technologyမှာစတင်သုံးစွဲခဲ့တယ်လို့ သိရပါတယ်    vulnerabilityပေါင်းများစွာကိုကျွမ်းကျင်သူတွေ့ကရှာဖွေတွေ့ရှိသွားပြီးwebsiteတွေပေါ်မှာတင်ထားကြပါတယ်ပြီးတော့toolတွေလည်းများစွာအလွယ်တကူရရှိနိုင်ကြပါတယ်ပြီးတော့အလိုအားနည်းချက်တွေရှာပြီးhackingပြုလုပ်တာtoolတွေကိုအသုံးပြုတာစတဲ့နည်းပညာရပ်တွေကိုမဖြစ်မနေအမြဲအသုံးပြုနေရတဲ့လူတွေလည်းရှိပါတယ်သူတို့တွေကhackerတွေလားလို့မေးကောင်းမေးနိုင်ပါတယ်အမှန်တော့hackerဆိုတာအဆိုတော်တွေလည်းဖြစ်နိုင်ပါတယ်ကျောင်းသားတွေလည်းဖြစ်ျနိုင်သလိုပါမောက္ခလည်းဖြစ်နိုင်ပါတယ်မည်သူမဆိုလျှော့တွက်လို့တော့မရပါဘူးတကယ့်hackerစစ်စစ်ကတော့သူကိုယ့်သူဘယ်တော့မှhackerလို့ပြောမှာမဟုတ်ပါဘူးhackerဆိုတာကတော့ကွန်ပျူတာကိုကောင်းစွာနားလည်ပြီးအာရုံစူးစိုက်စွာကွန်ပျူတာလောကထဲမှာဘ၀ကိုနစ်မြုပ်ထားသူတွေပါသူတို့ဟာsystem,hardware,software,networking,programmingစသည်ဖြင့်ကွန်ပျူတာနဲ့ပတ်သတ်သမျှကိုကြေညက်စွာနားလည်သူတွေဖြစ်ကြပါတယ်
hackerတွေကတော့အမျိုးမျိုးရှိကြပါတယ်hackerတစ်ယောက်နဲ့တယောက်တော့မတူကြဘူးပေါ့ကောင်းတာလုပ်တဲ့သူရှိသလိုဆိုးတာလုပ်တဲ့သူတွေလည်းရှိပါတယ်အကြမ်းအားဖြင့်black  hackerနဲ့white hackerဆိုးပြီးတော့ခွဲခြားထားပါတယ်ကောင်းတာလုပ်တဲ့သူကwhite hackerပေါ့မကောင်းတာလုပ်တဲ့သူblack hackerပေါ့programmingဘာသာရပ်တွေဆိုတာကလည်းဝါသနာပါမှသင်ယူမှုကအောင်မြင်ပါတယ်programmingတိုင်းပိုက်ဆံရတာမဟုတ်သလိုhackerလုပ်တိုင်းလည်းပိုက်ဆံရမယ်လို့တော့ခံယူမထားပါနဲ့အချို့ကြတော့လည်းအပျော်လုပ်တာမျိုးရှိပါတယ်hackerတွေမှာလည်းသူလိုင်းနဲ့သူရှိပါတယ်algorithm hackerတွေဟာပြသနာတွေကိုစည်းစနစ်ကျကျဖြေရှင်းတက်ပါတယ်system hackerတွေကျတော့operation systemပိုင်းတွေကိုစိတ်ကြိုက်ပြင်ဆင်လိုကြတယ်password ့hackerတွေကတော့passwordတွေကိုရှာဖွေတဲ့လူတွေပေါ့hackerဆိုတာနဲ့ရာဇ၀တ်သားလိုသူခိုးကြမ်းပိုးလိုထင်ကြတာမျိုးတော့မဖြစ်စေချင်ပါဘူးတကယ်တမ်းhackerဆိုတာ(ပညာရှင်)တဦးပါhackerတယောက်ဖြစ်ဖို့သူဘ၀ရဲ့အချိန်တော်တော်များများကိုပေးဆပ်ပြီးလေ့လာသင်ယူလာရတာပါhackerဖြစ်တာနဲ့လူတကာpasswordတွေကိုခိုးပြီးဒုက္ခလိုက်ပေးမယ်ဆိုတဲ့အတွေးမျိုးရှိရင်စောစောကပဲမေ့ပစ်လိုက်ပါသင့်မှာအဲဒီလိုအတွေးမျိုးရှိရင်လည်းသင်ဘယ်တော့မှhackerဖြစ်မှာမဟုတ်ပါဘူးအဲလိုလူမျိုးကိုလည်းhackerလို့မခေါ်ထိုက်ပါဘူးသင်လည်းhackerဖြစ်နိုင်ပါတယ်မဖြစ်နိုင်ဘူးလို့မပြောပါဘူး(ပညာရှင်)တယောက်လို့ခေါ်ဆိုထိုက်တာတော့passwordတွေပဲဖြစ်ဖြစ်systemပိုင်းတွေပဲဖြစ်ဖြစ်သူတို့တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုအသေးစိတ်သိချင်လို့နောက်ကြောင်းလိုက်တဲ့လူမျိုးပါဒုက္ခပေးလို့တဲ့အဖျက်စိတ်ဓာတ်မရှိတဲ့သူတွေပေါ့tool user hackerတွေကိုscript kiddiesလို့ခေါ်ကြပါတယ်သူတို့ကတော့userအဆင့်လောက်ပဲရှိပြီးhacking toolတွေကိုအသုံးပြုကာမင်းအကောင့်ကိုငါဟတ်လိုက်ရမလားလို့အလွယ်တကူပြောလေ့ရှိတဲ့သူတွေပါဒါပေမယ့်သူတို့ကိုသူတို့တော့hackerလို့အမည်တပ်ကြပါတယ်intermediate hackerတွေကများသောအားဖြင့်programmingကိုနားလည်တဲ့programmerတွေများပါတယ်scriptနဲ့toolတွေကိုတွဲသုံးတက်ပြီးနာမည်ရှိတဲ့exploitsကိုထပ်ဆင့်လေ့လာကာအားနည်းချက်အသစ်တွေကိုရှာဖွေကြပါတယ်elite hackerတွေကြောင့်hacking toolတွေထွက်ပေါ်လာရတာပါသူတို့တွေဟာhacking toolတွေကိုရေးရုံသာမကexploitsအသစ်တွေကိုပါရှာဖွေကြပါတယ်သူတို့တွေကတော့အစွမ်းထက်ပါတယ်systemကိုစိတ်ကြိုက်မွှေနှောက်နိုင်သလိုဘာhistoryမှလည်းကျန်ခဲ့မှာမဟုတ်ပါဘူးပြီးတော့ဖျက်စီးပစ်လိုက်တဲ့အဆင့်ထိလည်းလုပ်နိုင်ကြပါတယ်hackerတွေဟာhackingကြီးပဲလုပ်နေတာတော့မဟုတ်ပါဘူးsecurityပိုင်းကလည်းတွဲနေပါသေးတယ်သူဟာအားနည်းချက်တခုကိုသိပြီဆိုရင်ကာကွယ်ဖို့အတွက်လည်းပြန်လည်ပြုလုပ်ရပါတယ်ဒါမှကိုယ့်အလှည့်ကျရင်လည်းကာကွယ်နိုင်မှာဖြစ်ပါတယ်အဓိကhackingကိုပြောပါဆိုလျှင်လူတော်တော်များများကတော့passwordကိုhackချင်ကြတာများပါတယ်နေ့စဉ်သုံးနေတဲ့gtalkကအစpasswordနဲ့ဝင်နေရတာမဟုတ်လားဒီတော့သင့်နေ့စဉ်သုံးနေတဲ့အကောင့်ရဲ့passwordကိုသူများခိုးတာခံရတဲ့အခါသင်ဘယ်လိုခံစားရပါသလဲ။အခိုးခံရတဲ့သူတွေကတော့ကောင်းကောင်းနားလည်မှာပါဒါဟာအဆင်မပြေမှုတခုပဲပေါ့သင့်မေးလ်ထဲမှာသာအရေးကြီးတာတွေများရှိခဲရင်သင်ဒုက္ခကောင်းကောင်းကြီးရောက်ပြီပေါ့passwordတွေကိုရယူတဲ့နေရာမှာpasswordကိုcrackပြုလုပ်ကြသလိုkeyloggerတွေနဲ့လည်းဖမ်းယူနိုင်ပါတယ်နောက်တခုကSocial Networkingပါဥပမာ-Facebookလိုမျိုးပေါ့။သင်နဲ့ရင်းနှီးနေတဲ့လူတယောက်ကသူအိမ်ကကြောင်လေးကိုအရမ်းချစ်တာကိုသင်သိမယ်ဆိုရင်သူအကောင့်ကိုလိုချင်တဲ့အခါpasswordနေရာမှာသူရဲ့ချစ်လှစွာသောကြောင်လေးရဲ့အမည်ကိုအနည်းဆုံးတော့တစ်ကြိမ်လောက်တော့စမ်းရိုက်ကြည့်မယ်လို့ထင်ပါတယ်ကြောင်လေးရဲ့အမည်ကိုသိရဖို့ကလည်းသင့်နဲ့ရင်းနှီးနေတဲ့သူငယ်ချင်းအဖို့အပန်းမကြီးပါဘူးဒါ့ကြောင့်passwordတွေကိုလွယ်လင့်တကူသူများမှန်းလို့ရနိုင်တဲ့အရာတွေကိုမပေးသင့်ပါဘူး။Dictionary Attack password Crackingဟာဆိုရင်Dictionaryထဲမှာပါတဲ့စာသားတွေ့နဲ့passwordတွေကိုတိုက်ပြီးHackယူတာပါပဲဒါပေမယ့်သင့်မှာတော့Dictionaryကောင်းကောင်းတခုတော့လိုအပ်ပါတယ်ဥပမာ-BrutusလိုSoftwareမျိုးပေါ့နောက်တနည်းကတော့phishingလုပ်နည်းပေါ့အလွယ်ပြောရရင်Websiteအတုတခုထောင်ပြီးဖမ်းတာပါပဲGmailဒါမှမဟုတ်Facebookရဲ့Home pageအတုဖန်တီးပြီးUserကရိုက်ဝင်လာတဲ့user nameနဲ့passwordကိုမိမိGmailထဲကိုပေးပို့တာဖြစ်ပါတယ်hackerတွေဟာဖုံးထားရင်ဖွင့်ကြည့်ချင်တဲ့သဘောတွေရှိပါတယ်hackerတော်တော်များများဟာ(ဘွဲ့ရပညာ)တတ်တွေများပါတယ်ကောင်းတာလုပ်တာနဲ့မကောင်းတာလုပ်တာကလည်းသူတို့ရဲ့တွေးခေါ်မှုတွေနဲ့လည်းပတ်သတ်ပါတယ်သတင်းအချက်အလက်တွေခိုးနေတဲ့hackerတွေဟာဘာကြောင့်သူတို့သတင်းအချက်အလက်တွေကိုခိုးယူနေရပါသလဲ။တစ်နည်းအားဖြင့်သတင်းအချက်အလက်တွေကိုဖုံးကွယ်ထားလို့ဖြစ်ပါတယ်။hackerတယောက်ဟာလည်းအကျိုးအကြောင်းကိုဆင်ခြင်စဉ်းစားပိုင်းဖြတ်နိုင်လောက်တဲ့သူတယောက်ဖြစ်မှသာသူဘာလုပ်သင့်ဆိုတာကိုအကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်မှာပါဒါမှမဟုတ်ရင်တော့လမ်းလွှဲပြီးအခြားတဖက်ကိုရောက်သွားနိုင်ပါတယ်ကျွှန်တော်တို့နိုင်ငံမှာSoftwareတွေကိုဝယ်မသုံးနိုင်တဲ့အခါCrackလုပ်ပြီးသားတွေကိုအားထားပြီးသုံးရပါတယ်။မဟုတ်ရင်တော့Trialတွေသာသုံးကြရပါတယ်အဲလိုသုံးနိုင်ဖို့softwareတွေကိုCrackerတွေကcrackပြုလုပ်ပေးပါတယ်တချို့Osတွေကိုhackတဲ့Crackerလေးတွေကိုhackerအသေးစားလေးတွေလို့လည်ခေါ်ပါတယ်ဒါကြောင့်သင်ဟာhackerဖြစ်ဖို့ဆန္ဒရှိတယ်ဆိုရင်computerနဲ့ပတ်သတ်တာတွေကိုအစဉ်မပြတ်လေ့လာပါ။ကြိုးစားအားထုတ်ပါHardware,software,Networkingနဲ့programmingတွေကိုကျွမ်းကျင်အောင်သင်ယူပါလက်တွေ့များများလုပ်ပါစာများများဖတ်ပါအဓိကတော့ရည်ရွယ်ချက်ဟာကောင်းမွန်တဲ့ရည်ရွယ်ချက်တခုဖြစ်စေချင်ပါတယ်။မိမိတိုင်းပြည်ကိုအကျိုးပြုတာပဲဖြစ်ဖြစ်၊အခြားကောင်းတဲ့အရာတွေကိုသာသင်ပြုလုပ်မယ်ဆိုရင်သင်ဟာHackerတယောက်ဒါမှမဟုတ်(ပညာရှင်)တယောက်အဖြစ်မလွဲမသွေသတ်မှတ်ခံရမှာပါ။              
ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား


၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား
Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။

ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း
ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး
မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက
တီထွင်ခဲ့ပါတယ်။
သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ
သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ
လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့
ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။

ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။
ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို
တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ
ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို
တွေ့ ရှိ သွားပါတယ်။
အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။
ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ
ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။

ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ
မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက်
ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။

ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ
ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက
လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

အိမ်ထောင်တစ်ခုတည်ဆောက်တော့မယ်ဆိုရင်

 

ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ဆိုလျှင် သီတင်းကျွတ်လပြည့်နေ့သို့

ရောက်ပါပြီ။မိရိုးဖလာယုံကြည်မှု ဓလေ့ထုံးစံအရ ၀ါတွင်းကာလအတွင်း အိမ်ထောင်ပြုခြင်းကို

ရှောင်ကြဉ်ခဲ့ကြရတယ် ။ထို့ကြောင့် ၀ါကျွတ် ကာလရောက်ပြီဆိုလျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုး

များအကြားတွင် ဘယ်သူတွေ မင်္ဂလာဆောင်ကြတော့မည် ဆိုသည်ကို စိတ်ဝင်စားကြသည်က

ရိုးရာဓလေ့တစ်ခုလို ဖြစ်ခဲ့သည်။ ထို့အတူပင် ၀ါကျွတ်သည်နှင့် လက်ထပ်ထိမ်းမြားရန် အရွယ်

ရောက်ပြီဟု သတ်မှတ်ခြင်းခံထားရသူများ အကြား ဘယ်တော့မင်္ဂလာဆောင်မလဲ ဆိုသည်က

လည်း စချင်စရာ၊ နောက်ချင်စရာ စကားတစ်ခုဖြစ်လာခဲ့သလို ချစ်စရာလည်းကောင်းသည့် ၀ါ

ကျွတ်ကာလ ၏စကားတစ်ရပ် ဖြစ်လာခဲ့သည်။ဒါကြောင့် ၀ါကျွတ်ပြီသီတင်းကျွတ်ရောက်ပြီဆို

တာနဲ့  ထိမ်းမြား လက်ထပ်ပွဲများ အဆက်မပြတ် ကျင်းပကြသကဲ့သို့ သတင်းစာများတွင်လည်း

မင်္ဂလာသတင်းများဝေေ၀ဆာဆာ တွေ့ကြရတယ် ။ မင်္ဂလာသတို့သား၊ သတို့သမီးတို့ကို မင်္ဂလာ

ဆောင် စံပယ်ပန်းကုံးချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ် ၀တ်ဆင်ပေးခြင်း၊ မင်္ဂလာလက်ဆောင် ပေး

ပို့ခြင်း၊ တက်ရောက်ချီးမြှင့်ခြင်း စသည်တို့အတွက် ကျေးဇူးတင်ကြောင်း သတင်းစာများတွင် တ

ခမ်းတနား ကြေညာကြတယ် ။ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောပျော်ရွှင် ကြည်နူးဖွယ်ကောင်း

သောကိစ္စများပင် ။ချစ်သူရည်းစားတို့အတွက်ကတော့ အိပ်မက်နှင့် စောင့်မျှော်ခဲ့ရသည့် အချိန်

အခါဖြစ်လိမ့်မည်လို့  ထင်ပါတယ်။ဒါပေမဲ့ နံပါတ်မရှိသေးတဲ့ လူပျိုကြီးတွေအပျိုကြီးတွေအတွက်

တော့သီတင်းကျွတ်ဆိုတာ မျှော်မောဟတ်ကော့ကြီးပေါ့ ဗျာ။ဟိုးယခင်နှစ်များဆီက အသက်၄၀

ဝန်းကျင်အထိ အိမ်ထောင်မကျသေးသူများကို လူပျိုကြီး၊ အပျိုကြီးဟု ခေါ်ဆိုခဲ့ကြသော်လည်း

ယနေ့အချိန်တွင်အသက် ၃၀ ၀န်းကျင် အိမ်ထောင်မကျသေးသူများကိုပါ သတ်မှတ်လာကြ

သည်။ဘာကြောင့် အပျိုကြီး ၊ လူပျိုကြီးတွေ များလာရတာလဲ ? ...........................။

မြန်မာနိုင်ငံတွင် အိမ်ထောင်မပြုသူအချိုး ပိုမိုများပြားနေပြီး အိမ်ထောင်ပြုသည့် အသက်အရွယ်

လည်းတဖြည်းဖြည်း မြင့်မားလာနေသည် ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းကောက်ယူခဲ့သည့် ‘‘မွေးဖွားမှုနှင့် မျိုးဆက်ပွား

ကျန်းမာရေး’’ စစ်တမ်း ကဖော်ပြခဲ့သည်။အိမ်ထောင်မပြုသူအချိုးပိုများပြီး အိမ်ထောင်ပြုသည့် အ

သက်အရွယ် မြင့်မားလာနေသည့်အကြောင်းရင်း တွင် စားဝတ်နေရေးက အဓိကပြဿနာ အဖြစ်

ပါဝင်နေကြောင်းကိုလည်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားပါသည်။စစ်တမ်းကို ၂၀၀၇ ခုနှစ်တွင်

ကောက်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မွေးဖွားမှု နှင့် မျိုးဆက်ပွား ကျန်းမာရေး

ဆိုင်ရာ ထွက်ရှိထားသည့် စစ်တမ်းလည်းဖြစ်သည်။

စစ်တမ်းအရ အသက်၁၅မှ ၁၉ နှစ်အတွင်း အမျိုးသမီးများတွင် အိမ်ထောင်မပြုသည့်နှုန်းသည်

၁၉၇၃ ခု နှစ်က ၇၈ရာခိုင်နှုန်းရှိခဲ့ရာ မှ ၂၀၀၇ ခုနှစ်တွင် ၉၂ ဒသမ၈ရာခိုင်နှုန်း၊ အသက် ၂၀မှ

၂၄နှစ်အတွင်း အမျိုးသမီး များတွင် ၃၅ဒသမ၅ရာခိုင်နှုန်းမှ ၆၇ဒသမ၉ ရာခိုင်နှုန်း၊ အသက် ၄၅ မှ

၄၉နှစ်အတွင်း အမျိုးသမီးများတွင် ၅ဒသမ၉ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၄ ဒသမ ၈ရာခိုင်နှုန်းသို့ အသီးသီး

မြင့်တက်လာကြောင်း ဖော်ပြထားသည်။ထို့အပြင် အသက်၁၅မှ၁၉နှစ် အတွင်းရှိ အမျိုးသားများတွင်

အိမ်ထောင်မပြုသည့်နှုန်းသည် ၁၉၇၃ ခုနှစ်က ၉၂ဒသမ၂ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ခုနှစ်တွင် ၉၅ ဒ

သမ ၉ရာခိုင် နှုန်းသို့လည်းကောင်း၊ အသက် ၂၀ မှ၂၄နှစ်အတွင်းရှိ အမျိုးသားများ တွင် ၅၅ဒသမ၂

ရာခိုင်နှုန်းမှ ၇၆ဒ သမ၇ရာခိုင်နှုန်း သို့လည်းကောင်း၊ အသက်၄၅မှ၄၉နှစ်အတွင်းရှိ အမျိုး သားများ

တွင် ၃ဒသမ၅ရာခိုင်နှုန်းမှ ၇ဒသမ၅ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး မြင့်တက်ခဲ့ပါသည်။

စစ်တမ်းတွင်၁၉၇၃ခုနှစ်က အ မျိုးသမီးများ၏အိမ်ထောင်ပြုသည့် အသက်အရွယ်သည် ၂၁နှစ်ဝန်း

ကျင် ဖြစ်ပြီး ၂၀၀၇ခုနှစ်တွင် ၂၆ နှစ်သို့ မြင့်တက်ခဲ့ပါသည်။ အလားတူ အမျိုးသားများတွင်လည်း

၂၃ နှစ်ဝန်း ကျင်မှ ၂၀၀၇ ခုနှစ်တွင် ၂၇ နှစ်ဝန်း ကျင်သို့ မြင့်တက်ခဲ့ပါသည်။အိမ်ထောင်မပြုသူအ

ချိုးများ လာခြင်းသည် အကြောင်းရင်းများစွာ ရှိပါသည်။ အဓိကသည် စားဝတ်နေရေးပြဿနာ များ

လာခြင်း၊ လူနေမှုပုံစံ ပြောင်းလဲလာခြင်း၊ ပညာရေးနှင့် စီးပွားရေးအား ပိုမိုဦးစားပေးလာခြင်း များရှိ

သည်။ ပညာရေးမြင့်သူများကို ကြည့်ပါကလည်း ပညာရေးမြင့်လေ တစ်ဦးတည်းနေချင်လေ ဖြစ်လာ

ခြင်းတို့ကြောင့် အိမ်ထောင်မပြုသူ အချိုးများ လာကြောင်းကိုလည်း ကုလသမဂ္ဂလူ ဦးရေ ရန်ပုံငွေအ

ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ဖူးသည်။ထို့ပြင်ယနေ့ခေတ်၌ အိမ်ထောင်ပြုသူများတွင် ကလေး

ယူနှုန်းနည်း လာပါသည်။ ယနေ့ခေတ် အိမ် ထောင်ရေးကို ဒဿနအဖြစ်ခြုံငုံ စဉ်းစားကြည့်ပါက

ယခင်ထက်တွက်ချက် ရမှုပိုများလာခဲ့သည်။မြို့ပြနှင့်ကျေးလက်ဒေသများတွင် အိမ်ထောင်ပြုသည့်

အသက်အရွယ်သည် အမျိုးသမီးများတွင်၂၁နှစ် ၀န်းကျင်ရှိခဲ့ရာမှ၂၆ နှစ်ဝန်းကျင်သို့ လည်းကောင်း၊

အမျိုးသားများတွင် ၂၄နှစ်ဝန်းကျင်ရှိခဲ့ရာမှ ၂၈နှစ်ဝန်းကျင် သို့လည်းကောင်း မြင့်တက်လာသည်

ဟုလည်း စစ်တမ်းတစ်စောင်က ဖော်ပြထားပါသည်။

ဒါကြောင့် အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ရည်ရွယ်နေကြသူများ အတွက် သိသင့်သိထိုက်တာလေး

တွေကို ရှာဖွေစုဆောင်းတင်ပြလိုက်ရပါတယ် ။အိမ်ထောင်မကျသေးတဲ့၊ အိမ်ထောင်ပြု့ဖို့ ကြိုးစားနေ

ကြတဲ့ လူပျိုကြီး၊ အပျိုကြီးများ ၊ညီလေး၊ ညီမလေးများအတွက် ရည်ရွယ်ပါတယ်နော်။

အချစ်မှာ မျက်စိမရှိဘူးပဲဆိုဆို ။တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေရင် အပြစ်များတောင် မမြင်

တော့ဘူးပဲဆိုကြဆိုကြ ။ဒီစကားလေးတွေက ချစ်သူတွေဘ၀မှာတော့ မှန်သင့်သလောက်ပဲမှန်ပါလိမ့်

မယ်။ဒါပေမဲ့ တစ်ကယ်တန်း နှစ်ကိုယ်တူ ဘ၀ခရီးလမ်းကို တူယှဉ်ကာ လျှောက်လှမ်းကြတော့မယ်ဆို

ရင်တော့ “မျက်တောင်မွှေး တစ်ဆုံးကိုမကြည့်ပဲ မျက်စိတစ်ဆုံးတော့ကြည့်ပါ” ဆိုတဲ့ စကားပုံလေးလို

ပဲပေါ့ဗျာ ။ အစကောင်းမှလဲ အနှောင်းသေချာပါလိမ့်မယ်။ အိမ်ထောင်ပြုတယ်ဆိုတာက ဘာမှမသက်

ဆိုင်တဲ့ ဆန့်ကျင်ဘက်သူစိမ်းလူသားနှစ်ဦး အတူတစ်ကွ ပေါင်းသင်းတာပဲလေ။ အတူတကွ နေလာခဲ့

ကြပြီးမှ စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့လို့တို့၊ မေတ္တာမပါပဲ အချစ်တစ်ခုထဲကိုဦးစားပေးပြီ

တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိပါပဲ အိမ်ထောင်သက်လေးကြာလာတဲ့အချိန်မှာ အ

တိတ်က ဘာမဟုတ်တဲ့ အပြစ်သေးသေးလေး တွေကိုအစပြု့လို ကွဲကွာသွားကြတာတို့၊က ဖြစ်တတ်ပါ

တယ် ။ထိုအပြင် တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ ၊ထမင်းရည်ပူပဲ သောက်ရသောက်ရဆိုပြီး ယူပြီး

ကာမှ နောက်တော့ ပိုက်ဆံမပြေလည်လို့ ကွာကြကွဲကြတယ်။ အကြွေးတွေနစ်ပြီး ထွက်ပေါက်မရှိလို့

ရာဇဝတ်မှုတွေကျူးလွန်တယ်။ ကလေး မွေးပြီးမှ မကျွေးနိုင်လို့စွန့်ပစ်ကြတယ်။ ကိုယ်ဝန်ရှိမှ မမွေးနိုင်

လို့ ဖျက်ချကြတယ်။ အခြားအခြား လူမှုရေးပြဿနာတွေ အများကြီးရှိသေးတယ်။ တချို့ကတော့ ဒုက္ခ

တွေကိုကြံ့ကြံ့ခံ ပြီး ရိုးရိုးသားသားနဲ့ အိမ်ထောင်သည် ဘ၀ကိုဖြတ်သန်းနေသူတွေလည်း ရှိပါတယ်။

ဒါကြောင့် မိမိရဲ့ ဘ၀လက်တွဲဖေါ်ဟာ ဘယ်လိုလူမျိုးလဲ၊ မိမိအပေါ်ကို ဘယ်လို သဘောထားတဲ့သူလဲ၊

ရေရှည်မှာရော ဘယ်လိုစိတ်ပြောင်းလဲတက်တဲ့ လူစားမျိုးလဲ၊ အချစ်တစ်ခုတည်းနဲ့မဟုတ်ပဲ မိမိကို

နားလည်မှုတွေ စစ်မှန်တဲ့အချစ်နဲ့ နွေးထွေးတဲ့မေတ္တာတွေ ပေးတက်တဲ့သူလားစတဲ့... စတဲ့ အချက်

လေးတွေကို သေသေချာချာ စဉ်းစားပြီးမှ အိမ်ထောင်ဖက်ကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ် ။

အိမ်ထောင်ရေးဆိုတာ အစကောင်းမှ အနှောင်းသေချာဆိုသလို နောင်ပြင်ရန် ခက်တဲ့အမျိုပါ။

တစ်မိသား နဲ့ တစ်မိသား အချိန်တန် အရွယ်ရောက်လို့ တစ်ဦးနဲ့တစ်ဦး အကြောင်းဆက် ပေါင်းဖက်

ကြရတာ ဓမ္မတာပါပဲလေ။ ၀ါဝင်တော့မယ် မခွဲနိုင်တော့ဘူး အရမ်းချစ်လို့ဆိုပြီး အပြေးအလွှား လက်ထပ်

ချင် သူတွေလည်း မိမိဘ၀တစ်သက်တာမှာ သာယာပျော်ရွှင် ချမ်းမြေ့တဲ့ ခိုင်မြဲတဲ့ အိမ်ထောင်စုလေး ဖြစ်

ဖို့အတွက် သည်အချက်လေးတွေက ရှိထားဖို့လည်းလိုအပ်လိမ့်မယ်လို ထင်ပါတယ်နော်.....

၁။ မိမိအိမ်ထောင်ဖက်သည် ရောဂါဘယကင်းရှင်းပြီး ကျန်းမာရေးကောင်းဖို့ လိုအပ်ပါသည်။

၂။ ဘွဲ့ရ ၊ ခေတ်ပညာတက်ကြီး မဟုတ်ရင်တောင်မှ သင့်တင့်တဲ့ ပညာအရည်အချင်းလေးတော့ ရှိထား

ရပါမယ်။

၃။ နှစ်ဦးနှစ်ဖက် သင့်တင့်တဲ့စီးပွားရေး ရှိဖို့လည်းလိုပါတယ်။ မရှိသေးရင်လည်း ရှိလာအောင်ကြိုးစားပြီးမှ

လက်ထပ်သင့်ပါတယ်။ တူနှစ်ကိုယ် တဲအိုပျက်မှာ ထမင်းရည်ပူလျက်ရစေတော့ ဆိုတာ သီချင်းထဲမှာပဲ

ရှိပါတယ်။

၎။ မိမိပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့နဲ့ လူဝင်ဆံ့ဖို့လည်းလိုအပ်ပါတယ်။

လူကောင်းသူကောင်းနဲ့ ပေါင်းဖေါ်တက်သူ ဖြစ်ဖို့လိုပါတယ်။

၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသလို အကျင့်စာဂ၊ စာရိတ္တကောင်းမွန်

သူ တစ်ယောက်ဖြစ်ရန်လည်း အရေးကြီးပါတယ်။

နောက်တစ်ခုက မိမိရဲ့အိမ်ထောင်ဖက် ရွေးချယ်ခြင်းနဲ့ ပတ်သက်ပြီး “ ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ”

 လို့

ဆိုတဲ့ ရှေးရိုးစဉ်လာ စကားလေးတွေကိုလည်း ကောင်းမွန်စွာ မှတ်သားလိုက်နာဖို့ လိုပါတယ်။

အဲ့ဒါတွေကတော့....

“ပါသုံးပါ” ဆိုတာ

၁။ အကြွေးတွေ ပါလာသူ

၂။ ရောဂါဘယ ပါလာသူ

၃။ အပိုစားမယ့်သူ ပါလာသူ

“ချာသုံးချာ” ဆိုတာ

၁။ ပညာအရည်အချင်း နုံချာသူ

၂။ အကျင့်စာရိတ္တ နုံချာသူ

၃။ အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဆိုတာ

၁။ တိုင်းနိုင်ငံနဲ့ လူမျိုးမတူ ကွာခြားသူ

၂။ အယူဝါဒမတူ ကွာခြားသူ

၃။ စိတ်သဘောမတူ ကွာခြားသူတို့ပဲ ဖြစ်ပါတယ်။

ရှေးလူကြီးများရဲ့ ပြောပြချက်အရ ထိုအချက်ကိုးချက်နဲ့ မကိုက်ညီတဲ့ အိမ်ထောင်ရေးတွေဟာ စိတ်ဆင်းရဲ၊

ကိုယ်ဆင်းရဲ ဖြစ်တတ်ကြပြီး သည်အချက်တွေနဲ့ပြည့်စုံတဲ့ အိမ်ထောင်ရေးတွေကတော့ များသောအားဖြင့်

အဆင်ပြေပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြတယ်လို့ ဆိုပါတယ်။ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်ကာ

လအပြီးတွင် အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ရည်ရွယ်နေကြသူများ အတွက် သိသင့်သိထိုက်တာလေး

တွေကို ရှာဖွေစုဆောင်းတင်ပြလိုက်ရပါတယ် ။သူငယ်ချင်းအားလုံးလည်း ခိုင်မြဲတဲ့တွဲလက်များဖြင့် သာယာ

ချမ်းမြေ့တဲ့ ဘ၀ခရီးလမ်းကို

အဆင်ပြေချောမွေ့ စွာ လျှောက်လှမ်းနိုင်ကြပါစေသော်................................။




Local Disk , Folder, File တွေကို Lock ချတာ၊ Password ပေးပြီး Secure လုပ်တဲ့နေရာမှာ သုံးတဲ့ ဆော့ဝဲလ် လေးပါ။ Cbox က လာအော်ထားတာရယ်၊ www.mmitd.com မှာ တွေ့ရှိတာရယ်၊ မိမိ ဘလော့မှာ သိမ်းဆည်းထားချင်တာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Download လုပ်ယူရာတွင် အခက်အခဲ မရှိစေရန်အတွက် ဆောင်ရွက်ပေးထားပါတယ်။ Crack file ဖိုင် ပါပါတယ်။ သုံးနည်းကို အားလုံး သိလိမ့်မယ် ထင်ပါတယ်။ လိုအပ်သူများ Download လုပ်ယူပါ။


ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။
ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။


ဒီဆော့ဝဲလ်ကို ညွှန်းထားတာကတော့ ခပ်ကဲကဲပင်။ မယုံရင် ဤတွင် ဖတ်ကြည့်ပါ (With PCBoost your computer will run faster than ever before. Boost the performance of your PC the easy way.) မြင်သည့်အတိုင်းပင်။

ပြောမယုံ ကြုံမှ သိနိုင်အောင် Install လုပ်၍ သုံးကြည့်နိုင်၏။ အမြဲတမ်းသုံးနိုင်ဖို့ လိုင်စင်ပါ ထည့်သွင်း ပေးထားပါတယ်။ ဒီတွင် Download လုပ်ယူပါ။


အလုပ်မအားတဲ့ အချိန်က များနေတော့ ဘလော့ပေါ်ကို မရောက်ဖြစ်တာ ကြာပါပြီ။ ရေးစရာတွေ များနေပေမယ့် ဘယ်က စရေးရမှန်း မသိအောင်ကို ခေါင်းတွေလဲ ချာချာလည်နေပါပြီ။ အခု ကြုံတုန်းလေးမို့ ကွန်ပျူတာ သုံးစွဲရာမှာ ပေါ့ပါးစေတဲ့ ဆော့ဝဲလ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

စာရိုက်အသုံးများတဲ့စက်၊ ဖိုင်တွေ ဟိုပို့ဒီပို့ လုပ်တဲ့စက်၊ ဆော့ဝဲလ်ပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတဲ့ စက်တွေအတွက် Defragment က လုပ်ကို လုပ်ရမယ့် အရာလေးတစ်ခုပါ။ Window မှာ ပါတယ်ဆိုပေမယ့် သုံးစွဲရတာ ထိရောက်မှု မရှိဘူးလို့ ထင်ပါတယ်။ Defragment သုံးစွဲလို့ ကောင်းတဲ့ Tuneup Software လဲ မိမိဆိုဒ်မှာ ဖော်ပြပေးပြီး ဖြစ်ပါတယ်။



အခု ဖော်ပြပေးတဲ့ ဆော့ဝဲလ်ကလဲ Defragment Software လေးတစ်ခုပါပဲ။ free version ဖြစ်ပြီး ဆိုဒ်က 1 M တောင် မပြည့်ပါဘူး။ သုံးစွဲရမှုလဲ လွယ်ကူတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် မဖြစ်မနေ သုံးစွဲသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။
ပြည်တွင်းက သူငယ်ချင်းများအတွက် အသုံးဝင်မယ့် နည်းလမ်းလေးမို့ ဝေမျှပေးလိုက်ပါတယ်။ စမ်းကြည့်စေချင်ပါတယ်။ အဆင်ပြေရင်လည်း အချင်းချင်း လက်တို့လိုက်စေချင်ပါတယ်။
အကောင့်ဖွင့်ရတာ မခက်ပါဘူး။ ကျပ် ၉ထောင် ပေးစရာမလိုပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။
၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ [ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!
၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။
၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။
၎။ ***Internet Explorer ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။
၅။ Account Create Page ပေါ်လာရင် လိုအပ်တာတွေဖြည့်စွက်ပါ။ (First Name, Last Name, Username, D.O.B, Security Question စသည် ဖြည့်လိုက်ပါ။
၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။
၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။
၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်ပါစေနဲ့။
၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။
အစပထမ(၅)မိနစ်

အရင်ဆုံး ပထမ ငါးမိနစ်မှာ ထိုင်ရမယ်။ ဘာလုပ်မှာလဲ။ ထိုင်မှာနော်။ ထိုင်ရုံပဲ ထိုင်၇မယ်။ ကျန်တာ ဘာမှ မလုပ်ရဘူး။ ထိုင်နေရုံလေးပဲ။ ၀င်လေထွက်လေလည်း မှတ်စရာမလိုဘူး။ ပုတီးစိတ်နေစရာလည်း မလိုဘူး။ ထိုင်ပဲ ထိုင်နေရမှာ။ လိုက်ပြီး တွေးနေဖို့လည်း မလိုဘူး။ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေကိုလည်း မတွေးနဲ့ မတွေးနဲ့ ဆိုပြိး အတင်းမောင်းထုပ်နေစရာ မလိုဘူး။ ငြိမ်ငြိမ်းလေး အေးအေးချမ်းချမ်းလေး ထိုင်နေရမယ်။ ဒါလေးက ပြောရင်တော့ လွယ်တယ်။ တကယ်လုပ်ကြည့်ရင် အစပထမတော့ နည်းနည်း ကသိကအောက် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ။ နည်းနည်းလောက် လုပ်ကြည့်လိုက်ရင် ကိုယ့်စိတ်ကို ကိုယ် သဘောပေါက်သွားလို့ အဆင်ပြေပါတယ်။ လုပ်ကြည့်ပါ။ ဒါကြောင့် ပထမဦးဆုံး (၅) မိနစ်မှာ ကိုယ့်ရဲ့ စိတ်ကော ရုပ်ကော ဖြေလျှောပြီး ငြိမ်ငြိမ်လေး ထိုင်နေလိုက်ပါ။ (၅) မိစ်ပဲနော်။

ဒုတိယ(၅)မိနစ်


ပထမငါးမိနစ်ကို ငြိမ်ငြိမ်လေး ထိုင်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ ယောက်ယက်ခတ်တဲ့ စိတ်လေးဟာ အတော်အသင့် ငြိမ်သက်စပြုလာပါပြီ။ ဒုတိယ ငါးမိနစ်မှာ အသက်ရှုလေ့ကျင့်ခန်း လုပ်မယ်။ ဘယ်လို လုပ်ရမလဲ။ အသက်ကို ပထမဦးဆုံး တ၀ကြီး ရှုသွင်းမယ်။ အဆုံးထိကို ရူသွင်းရမှာနော်။ နည်းနည်းလေး ရူလို့ မရဘူး။ ကိုယ့်အသက်ကို ဆက်ပြီး ရူသွင်းလို့ မရတဲ့အခြေအနေအထိ၊ ကိုယ့် ၀မ်းဗိုက်ကြီး ဖောင်းကားသွားတဲ့အထိ ရူသွင်းရမှာ။ ရင်ဘတ်ကြီး မို့မောက် သွားတဲ့အထိ ရူသွင်းရမှာ။ ဟုတ်ပြီ။ ရူသွင်းပြီးသွားရင် လေတွေကို ချက်ချင်း ပြန်မထုပ်ရ ဘူးနော်။ ခန အောင်ထားရမယ်။ ဘယ်လောက်ကြာအောင် အောင့်ထားရမလဲဆိုတော့ အဲဒီလို အောင့်နေတဲ့ အချိန်မှာ ကိုယ့်စိတ်ထဲကနေ တစ်ကနေ တစ်ဆယ်အထိ ဖြေးဖြေးမှန်မှန် ရီနေရမယ်။ တစ်ဆယ်ကို ရောက်ပြီ ဆိုတာနဲ့ ခုနက အောင်ထားတဲ့ လေတွေကို ဖြေးဖြေးမှန်မှန် ပြန်ထုပ်ပစ်လိုက်ရမယ်။ ထုပ်တဲ့အခါမှာလည်း ရူသွင်းထားတဲ့ လေတွေကို ကုန်အောင် ပြန်ထုပ်ပစ်ရမယ်။ ကိုယ့်ရဲ့ ၀မ်းဗိုက်ကြီး ပျားချပ်သွားတဲ့အထိကို ရူ ထုပ်ပစ်ရမှာနော်။ ထုပ်စရာ လုံးဝ မရှိတော့လောက်အောင်ကို လေတွေကို ထုပ်ပစ်လိုက်ရမှာ။ အနည်းဆုံး ဆယ်ကြိမ်လုပ်ရမယ်။

အဲဒီအချိန်မှာ ကိုယ့်စိတ်က ဘယ်လို လုပ်ရမလဲဆိုတော့ အစပထမ လေကို ရူသွင်းနေတဲ့ မိမိစိတ်က ဘယ်လိုတွေးရမလဲဆိုတော့ ဒီစကြာဝဠာကြီးထဲက အေးချမ်းတဲ့ ဓာတ်တွေဟာ ငါရူသွင်းလိုက်တဲ့ လေတွေနဲ့အတူ ငါရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီ။ ပြိးတော့ ငါ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို စိမ့်ဝင်ပြန့်နှံ့သွားပြီ လို့ အာရုံပြုရမယ်။ နောက်ပြီး လေတွေကို ပြန်ထုပ်တဲ့ အချိန်မှာကြတော့ ဘယ်လိုအာရုံပြုရမလဲဆိုတော့ ငါ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ မကောင်းတဲ့... ငါမလိုချင်တဲ့ စိတ်ညစ်စ၇ာတွေ စိတ်သောကတွေ အားလုံး ဒီလေနဲ့ အတူ ပြန်ထွက်သွားပြီ။ ငါ့ခန္ဓာကိုယ်ထဲမှာ မရှိတော့ဘူး။ မကျန်တော့ဘူး။ အားလုံး ထွက်သွားပြီလို့ အာရုံပြုရမယ်။ အဲဒိလို ၀င်လေ ထွက်လေကို အနည်းဆုံး ဆယ်ကြိမ် လုပ်ရမယ်။

တတိယ(၅)မိနစ်

ဟုတ်ပြီနော်။ အခုအချိန်အထိ ခက်တာ တစ်ခုမှ မပါသေးဘူးနော်။ အစပထမငါးမိနစ်မှာ ငြိမ်ငြိမ်လေး ထိုင်မယ်။ နောက်ငါးမိနစ်မှာ အသက်ရူလေ့ကျင့်ခန်း အနည်းဆုံး ဆယ်ကြိမ်လုပ်မယ်။ အခု နောက်ဆုံးငါးမိနစ်မှာ ဘာလုပ်ရမလဲဆိုတော့ ပထမဆုံး ကောင်းကင်ကြီးကို အာရုံပြုလိုက်ရမယ်။ အဲဒီ အဆုံးအစမရှိတဲ့ ကောင်းကင်ကြီးမှာ ရေကန်ကြီး တစ်ကန်ရှိတယ်လို့ အာရုံပြုရမယ်။ ရေကန်ကြီးထဲမှာ အပြာရောင် ပြာလဲ့လဲ့ ရေတွေ ရှိနေတယ်နော်။ အဲဒီကောင်းကင်က ရေကန်ကြီးထဲမှာရှိတဲ့ အပြာရောင် ရေတွေဟာ ကောင်းကင် ရေကန်ကြီးကတစ်ဆင့် စီးကျလာပြီးတော့ မိမိရဲ့ ဦးခေါင်းပေါ်ကို ကျလာပြီ။ ဦးခေါင်းထဲကို ၀င်သွားတယ်။ ပြီးရင် ခန္ဓာကိုယ် ကလပ်စီးတိုင်းအထိ စိမ့်ဝင် ပျံ့နှံ့သွားတယ်လို့ အာရုံပြုရမယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ရော ရုပ်ပါ အေးချမ်းသွားပြီ။ ဘာပူပင်သောကမှ မခံစားရတော့ဘူး။ မရှိတော့ဘူးလို့ အာရုံပြုရမယ်။ အဲဒါကို ငါးမိနစ် လုပ်ရမယ်။

အားလုံး(၁၅) မိနစ်ပြီးရင် ဘာမှ ထပ်မလုပ်နဲ့တော့ ။ ကိုယ့်ရဲ့အိပ်ယာပေါ်မှာ အသာလေး ခန္ဓာကိုတစ်ခုလုံးကို ပျောပျော့်ပြောင်းပြောင်းလေး ထားပြီး အိပ်စက်ရမယ်။ အိပ်တဲ့အခါမှာလဲ အကောင်းဆုံးက ငါတို့ မြန်မာစကား ရှိတယ်။ ပိုးလိုးပက်လက် ဆိုတာလေ။ တကယ့်ကို သတိလက်လွတ် ပုံစံမျိုးနဲ့ အိပ်စက်ပစ်လိုက်ရမယ်။ အဲဒီလို တစ်နေ့ကို (၁၅)မိနစ် ပုံမှန်လေး လုပ်ပေးကြည့်လိုက်ပါ။ လေးငါးဆယ်ရက်လောက် လုပ်ကြည့်လိုက်တာနဲ့ကို သိသာပါတယ်။

 မှတ်ချက်။    ။ယုံယုံကြည်ကြည် လုပ်ဖို့လိုအပ်ပါသည်။
ရေကူးညာတင်၊ကောက်ပင်ရိတ်လှီး၊ရေစီးဖောင်ဆန်၊အိုးတန်ဆန်ခပ်၊ဆီပွတ်ကျည်ပွေ့၊ဆင်ဝှေ့ရန်ရှောင်၊
တောင်သူယာခုတ်၊ကြက်ဆုတ်ခွပ်ပစ်၊ရေစစ်ကရား၊ခက်တင်မောင်းနင်း ဆိုခြင်းစကား "ဤဆယ်ပါး"


(၁)။ရေကူးညာတင်ပြောနည်း
မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည် အခါ မြစ်ညာဘက်မှစ၍ကူးမှသာ၊လိုရာသို့ ရောက်သလို၊စကား
ပြောသည့်အခါလည်း လိုရာရောက်အောင် အထက်ကတင်ကူး၍ပြောနည်းကိုခေါ်သည်။

(၂)။ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်သည့်အခါတစ်နိုင်ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင် နိုင်နိုင်ဆုပ်ကိုင်ပြီးမှအခြားလက်
တစ်ဖက်က တံဇဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသကဲ့သို့ စကားပြောရာတွင်လည်း တစ်ဘက်လူ၏စကားကို သိမ်းကျုံးဖမ်းဆုတ်ပြီး အခြေအမြစ် ကိုင်၍ပြောနည်းကိုခေါ်သည်။

(၃)။ရေစီးဖောင်ဆန်ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းဖြည်းသာသာ ဆန်တက်သဖြင့် လိုရာခရီးရောက်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျ တို့ဖြင့် ဖြည်းညင်းသာယာစွာလိုရာရောက်အောင် ပြောခြင်းကိုခေါ်သည်။

(၄)။အိုးတန်ဆန်ခပ်ပြောနည်း
ထ္မင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာစားသုံးရသကဲ့သို့ စကားကိုမယုတ်မလွန်နှင့်လိုရာရောက်အောင် ပြောဆိုခြင်းကိုခေါ်သည်။

(၅)။ဆီပွတ်ကျည်ပွေ့ပြောနည်း
ဆီဆုံထဲတွင်နှမ်း(သို့)မြေပဲထည့်၍ ကျည်ပွေ့ဖြင့်အထပ်ထပ်ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကားကို အောင်မြင်အောင် ပြောခြင်းကိုခေါ်သည်။

(၆)။ဆင်ဝှေ့ရန်ရှောင်ပြောနည်း
ဆင်ဝှေ့ရန်အလိုက်ခံရသည့် လွတ်ရာရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွဲ ပြောဆိုခြင်းကိုခေါ်သည်။

(၇)။တောင်သူယာခုတ်ပြောနည်း
တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေ့ဦးစွာချုံနွယ်တို့ကို ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကိုခုတ်လဲကြသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွားပြောပြီးမှ စကားကြီးများကို ပြော၍ အနိုင်ယူခြင်းကိုခေါ်သည်။

(၈)။ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ယန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကိုဦးစွာလိုက်လျောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းကိုခေါ်သည်။

(၉)။ရေစစ်ကရားပြောနည်း
ရေစစ်သောဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျင်အပေါက်ကို လက်ဖြင့်ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဖက်လူ`စကားကိုပိတ်မိအောင်ပြောခြင်း ကိုခေါ်သည်။

(၁၀)။ခက်တင်မောင်းနင်းပြောနည်း
တစ်ဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်းမငြင်း မတင်မကျပြောသောစကားကိုခေါ်သည်။



လာတုန်းကလည်း တစ်ယောက်တည်းနော်

လက်တွဲခေါ်ကာ ဖော်မပါဘူး

ဥစ္စာချည်းနှီးတစ်ကိုယ်တည်း

ပြန်သွားတော့လည်းတစ်ယောက်တည်းနော်

လက်တွဲခေါ်ကာဖော်မပါဘူး

ဥစ္စာချည်းနှီးတစ်ကိုယ်တည်း

လာပြီးတော့ နားမသွားသေးခင်

ချိန်လေးတွင်းမှာ ၀န်းကျင်ယှက်နွယ်

နှောင်ကြိုးသွယ်ခဲ့

ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ

မလိုဒေါသလိုလောဘနှင့်

ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့

ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ

သုတ်သုတ်စောလျင် ခရီးနှင်သည်

ဒို့လျင် ဧည့်သည်ပါတကား။...........
Hardware သမားများအတွက် အမြန်အသုံးပြုနိုင်မဲ့ command တွေပါ .

  • RUN COMMANDS :
    compmgmt.msc                 –      Computer management
    devmgmt.msc                     –     Device manager
    diskmgmt.msc                    –     Disk management
    dfrg.msc                               –     Disk defrag
    eventvwr.msc                       –      Event viewer
    fsmgmt.msc                        –      Shared folders
    gpedit.msc                           –      Group policies
    lusrmgr.msc                        –      Local users and groups
    perfmon.msc                       –      Performance monitor
    rsop.msc                              –      Resultant set of policies
    secpol.msc                          –       Local security settings
    services.msc                       –       Various Services
    msconfig                               –      System Configuration Utility
    regedit                                   –       Registry Editor
    msinfo32                              -        System Information
    sysedit                                   _       System Edit
    win.ini                                     _      windows loading information(also system.ini)
    winver                                    _       Shows current version of windows
    mailto:                                   _        Opens default email client
    command                             _        Opens command prompt

Controlpannel Command
            appwIz.cpl                        - Add or Remove Program
            desk.cpl                           - Display properties
            hdwwiz.cpl                       - Add Hardware wizard
            inetcpl.cp                          -  Intenet explorer properties
            intl.cpl                               - Regional and Language options
            joy.cpl                               -  Game Controller
            main.cpl                           - mouse properties
            mmsys.cpl                       - Sonds and Audio Device properties
            ncpa.cpl                            -  Network connection
            nusrmgr.cpl                     - User Accounts
            powercfg.cpl                    - power options properties
            sysdm.cpl                        - system properties ( window + Pause Break)
            timedate.cpl                    -  Date an Time properties
            telephon.cpl                    -  phone an modem options
            devmgmt.msc                - Device manager
            dxdiag                               - Miscoft Directx Diagnostic tool

Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

အများတောင်းဆိုလို့ ကျနော်ရေးပေးလိုက်ပါတယ်ခင်ဗျာ…
ကျနော်ကိုယ်တိုင်လည်း တအားနဲ့ မကျွမ်းကျင်သလို ၊ ဒီ Batch File Programming အကြောင်းကို လေ့လာဖူးတာ အလွန်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခု လေ့လာချင်ပါတယ်ဟုပြောသော သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ အခြေခံအကျဆုံးနဲ့ ကွန်ပြူတာစသုံးဖူးတဲ့ သူတစ်ယောက်ပါ အဆင်ပြေအောင်တစ်ခါထဲရေးပေးကြည့်ပါ့မယ်။ ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။ ကျနော့်ခေါင်းထဲမှာ မှတ်မိတာကိုဘဲ ပြန်ချရေးမှာဖြစ်ပါတယ်။ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အားလုံးကို တစ်ခါတည်း အဓိပ္ပါယ်တွေ ပြောသွားမှာ မဟုတ်ဘဲနဲ့ ဥပမာလေးတွေနဲ့ အလျင်းသင့်သလိုသာ ရှင်းပြီး တဆင့်ချင်းတက်သွားကြည့်ပါ့မယ်။ ကျနော်လည်း တစ်ခါမှမရေးခဲ့ဖူးတော့ ဘယ်က ဘယ်လို နားလည်အောင် စရှင်းပြီးရေးရမယ်မသိလို့ပါ။
ကဲစပြီး ဆွေးနွေးကြည့်ပေးပါ့မယ်။
bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်
@echo off
echo Hello This is a First Program
pause
အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။
Hello This is a First Program
Press any key to continue...
ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်
@echo on
echo Hello This is a First Program
pause
ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ…
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။
C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program
C:\Documents and Settings\User\Desktop>pause
Press any key to continue…
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\… စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။
အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်
ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို “Hello this is a First Program” ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.
အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်
@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause
အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်
Hello Welcome Back
Press any key to continue…
I am testing pause function
Press any key to continue…
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။
အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်
အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်….
@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause
ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်
Hello I am back
Press any key to continue…
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်…key တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်….အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black Screen ပေါ်ရောက်နေလောက်ပါပြီ…)
I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )
Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)
Press any key to continue…
(ဆိုတာလေးလာမှာပါ)
နားလည်ပါ့မလားတော့မသိဘူး… ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ….
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။
-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့…
နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်….
အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ…
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ…
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ…
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ…
@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause
ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။
We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)
အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။
-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)
အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်…
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ…
@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if ‘%option%’==’1′ goto :math
if ‘%option%’==’2′ start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)
:math
echo 2+2
pause
ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်…
This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2+2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2+2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်…)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ….. ပါဗျာ )
Press any key to continue…
အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ…
goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့် နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။
(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့ အလုပ်လုပ်ပါတယ်)
အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ…
အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto အကြောင်းသိလောက်ပြီထင်ပါတယ်။
(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော် အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။)
ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်… နားလည်အောင် သေချာကြည့်ပေးပါ.
set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ
သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
set variable=[string] ဖြစ်ပါတယ်။
ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable ၀င်လာခွင့်ရှိပါတယ်။
Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့ ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ်
ခုနက Program ကို ပြန်ဆက်ပါမယ်…
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်… နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ )
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်
set choice
if ‘%choice%’==’1′ goto :math
ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး….
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်
ဟုတ်ပါပြီ အခုအချိန်ထိ ကျနော်ရှင်းလာသမျှအားလုံးဟာ အလွယ်တကာ့ အလွယ်ဆုံး အခြေခံများဖြစ်ပါတယ်..
ခုလောလောဆယ်တော့ မနက် ၄ နာရီ ထိုးသွားပြီဖြစ်လို့ ဒီလောက်နဲ့ ခေတ္တရပ်နားပါရစေ… နောက်နေ့မှာ တော့ ဒီ့ထက်ပိုခက်လာပြီး အသုံးကျလာမယ့် အပိုင်းတွေကို ဆက်လက်ရေးပေးပါ့မယ်။ မကြာမီလာမည်မျှော်….
>>>> ဤ tutorial သည် Bat အကြောင်း တစ်ခုမှ မသိ၍ အခုမှ စတင်လေ့လာမည့် သူများကို ရည်ရွယ်ရေးသား ခြင်းဖြစ်ပြီး bat အကြောင်းတီးမိခေါက်မိရှိပြီးသူများ အဖို့ကတော့ နောက်လာမည့် အခန်းများတွင် ပါဝင်နိုင်မည်ဟုထင်ပါသည်။ ဤ tutorial နှင့် ပတ်သက်၍ ဝေဖန်ပါ ၊ အကြံပေးပါ ၊ ပြန်လည် ဆွေးနွေးပါ ၊ ယခု ဆွေးနွေးထားသည် အထိထဲမှ သိလိုသည်များရှိလျှင် ၊ နားမလည်သည်များရှိလျှင် မေးပါ ၊ ကျနော် ကောင်းမွန်စွာ ပြန်လည်ဖြေကြားပေးပါမည်။ လိုအပ်ချက်များကို ထောက်ပြပေးမည့်သူများရှိပါကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံပြီး ကျေးဇူးတင်မှာပါ။ သို့ပေမယ့် မကောင်းပြောပြီး သိပြီးသားတတ်ပြီးသားကို ရေးနေသည်ဟုထင်သောသူများမှ လာရောက်ပြောဆိုပါက မည်သည့်တုန့်ပြန်မှုမျိုးမှ ပြုလုပ်မည်မဟုတ်။ လေ့လာချင်သော သူများအတွက်သာ ရေးသားပေးခြင်းဖြစ်၍ အကျိုးမရှိဟု ထင်ပါက ဖတ်မနေပါနှင့် ကျော်သာသွားပါ။ စရေးကတည်းက ကျနော် ရေးချင်လွန်းလို့ အားနေလို့ ရေးရတာလည်း မဟုတ်ပါ။ တောင်းဆိုလာတဲ့ သူတော်တော် များပြီးတော့ တောင်းတဲ့သူတိုင်းက ကျနော့် အရင်းနှီးဆုံး သူငယ်ချင်းတွေမို့ ရေးပေးဖြစ်သွားတာပါ။ ဆက်လက်ပြီးတော့ bat နဲ့ ပတ်သက်လို့ တော်တော်များများရေးပေးသွားပါ့မယ်။ အကုန်နီးပါးသိအောင် ဒီ tutorial တစ်ခုတည်းနဲ့ ရေးပေးနိုင်အောင် ကြိုးစားသွားမှာပါ။ ဆက်လက် စောင့်မျှော်ပေးကြပါ။ နောက်ပြီးတော့ ကြော်ငြာဝင်လိုက်ဦးမယ် VB.NET 2008 နဲ့ C#.Net 2008 တို့ကိုလည်း E-Book ဖြစ်ဖြစ် ၊ စာအုပ်ဖြစ်ဖြစ် ထုတ်လို့ရအောင် ကြိုးစားနေပါတယ်။ e-book ဆိုရင်တော့ အလကားပေးဖြစ်မယ်။ စာအုပ်ဆိုရင်တော့ ကျနော်လည်း သှူဌေးမဟုတ်တော့ အရင်းအတိုင်းတော့ ရောင်းပေးမယ်ဗျာ။ E-Book ဖြစ်အောင်တော့ အတတ်နိုင်ဆုံးလုပ်ပေးပါ့မယ်။
ကဲ ဒီနေ့တော့ စောင့်ဖတ်တဲ့သူငယ်ချင်းတွေအတွက် တန်ဖိုးအရှိဆုံး ပို့စ်တစ်ပုဒ်ကို လက်ဆောင်ပေးလိုက်တယ်ဗျာ .. ကျွန်တော် ရှာထားသမျှထဲမှာ ဒီဆိုက်လေးက အပြည့်စုံဆုံးနှင့် အကောင်းဆုံးလို့ ဆိုနိုင်ပါတယ် .. ကျွန်တော် ဒီဆိုက်လိပ်စာလေးကို တွေ့လိုက်တော့ အရမ်းကို ပျော်သွားတယ် .. ဘာဖြစ်လို့လဲဆိုရင် ဘလောက်ဂ်မရေးတတ်တဲ့ သူငယ်ချင်းတွေရဲ့ ဘလောက်ဂ်ကိုဘယ်လိုဖန်တီးရမလဲဆိုတဲ့ မေးခွန်းတွေအတွက် အကောင်းဆုံးဖြေပေးလိုက်တဲ့ အဖြေတစ်ခုကို ရလိုက်လို့ပါ .. မြန်မာပြည်က သူငယ်ချင်းတွေ ဘလောက်ဂ်ကို ၀င်ရေးဖို့ အရမ်းခက်ခဲနေတဲ့အတွက် ဒီဆိုက်လေးကို လမ်းညွှန်လိုကတာပါ .. အရမ်းကိုကောင်းတယ်ဗျာ ... ကဲအခုချက်ခြင်း ကိုယ်ပိုင်ဝဘ်ဆိုက်လေးကို အမြန်ဆုံး ဖန်တီးလိုက်ရအောင်ဗျာ .. အဲ့ဒီ့ဆိုက်လေးမှာ ဘာတွေရလဲသိလား ..
(၁) movies တွေ
(၂) Photo တွေ
(၃) File တွေကို သိမ်းထားနိုင်မယ် ..
(၄) ၀ဘ်ဆိုက်ရဲ့ အရမ်းလှတဲ့ templates တွေကို Free ရယူပြီး ပြောင်းလဲနိုင်ပါတယ်ဗျာ ..

(၅) ကိုယ်ပိုင်ဝဘ်ဆိုက်တစ်ခုကို ဖန်တီးသလိုပဲ ၀ဘ်ဆိုက် email address တစ်ခုရမယ်ဗျာ .. maunglay@webs.com
ပြောပြရရင်တော့ လုပ်ဆောင်ချက်တွေအများကြီးပဲဗျာ .. ကိုယ်တိုင်လုပ်ကြည့်လိုက်ပါ အဆင်ပြေမှာပါ .. ကျွန်တော်လဲလုပ်ထားပါသေးတယ် .. http://www.minlwinmaunglay.webs.com တဲ့
ကဲကြာတယ်ဗျာ
ဒီဆိုက်လေး ကို သွားကြည့်ကြရအောင် ...
အားလုံးပဲ ကြေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် .. ဘလောက်ဂ်ရေးချင်ရင်လဲ အဆင်ပြေပါတယ် .. အဲ့ဒီ့ဆိုက်လေးမှာ ပဲ ရေးလို့ရတယ် .. ကျွန်တော်လဲ အခုတစ်လော အလုပ်တွေက များများနေတာနဲ့ ပို့စ်တင်ဖို့တောင် မအားဘူးဖြစ်နေတယ်ဗျာ .. နားလည်ပေးကြပါဦး ..

အခုထွက်နေတဲ့ သတင်းတွေ၊ Web Site Forum တွေမှာ ကြည့်လိုက်ပါ...။





ဘာတွေအတွေ့များလဲ။ ကျွန်တော့်စက်မှာတော့ Folder Option မပေါ်တော့ပါဘူး။ Virus ကိုက်နေပြီ။ ဘယ် Virus

အသစ်တွေကတော့ ပေါ်လာပြန်ပြီ။ ကယ်ကြပါ...ဒီမှာ ဘယ်လိုသတ်သတ် မသေဘူး အဲဒါတွေများနေတယ်မလား။

ဟုတ်တယ် Virus..Virus..။ လူတွေကို တော်တော် ဒုက္ခပေးတယ်။ ကုမ္ပဏီတွေကိုလည်း ဒုက္ခပေးတယ်။ ကြီးကြီးငယ်ငယ်

အရွယ်အားလုံးကို ဒုက္ခပေးတယ်။ ကြားရင်တော့ ရယ်စရာကောင်းနေမလားမသိဘူး။

ကွန်ပျူတာ Virus ဆိုတာ သတင်းတွေ၊ အချက်အလက်တွေအားလုံးအတွက် အံ့ဩဖွယ်ရာသက်တမ်း အရှည်ဆုံးဖြစ်ပါတယ်။

နောက်တစ်ခုပြောသေးတာက Virus ဆိုတာ ကိုယ်တွေဘယ်လောက် တန်ဖိုးရှိလည်း တော်လဲတတ်လဲဆိုတာ

ပြောပြပေးတဲ့ကောင်တဲ့။ အင်း.. ဒီလိုဆိုတော့ Virus ကို ထိုင်တောင် ရှိခိုးချင်စိတ်ပေါက်သွားပြီ။

သေသေချာချာ ထွင်ထားတဲ့ Virus တစ်ခုကဆိုးကျိုးပေးတာ၊ ထိခိုက်စေတာ ပိုများတယ်။

နောက်ပိုက်ဆံသန်းပေါင်းများစွာကို နစ်နာစေတယ်။ ဟုတ်တယ်နော်..သူပြောထားတာလည်း ဟုတ်သားပဲ။ Virus တစ်ခု

ပေါ်လာတာက လူတွေကြောင့်ပဲ မဟုတ်လား။ ဒီတော့ သူတို့က ပိုထိခိုက်စေလေ လူတွေတော်ကြောင်း ပိုကြွားသလို

ဖြစ်လေပဲပေါ့။ ထွင်တဲ့လူတွေကိုပဲ ကျေးဇူးတင်ပါတယ် လိုက်ပြောရမလိုပဲနော်။

Virus ဆိုတာကလည်း တစ်နှစ်ပြီးတစ်နှစ်ကို ပေါ်လာတာအမျိုးမျိုးပဲ။ ၂၀၀၄၊ ဇန်န၀ါရီတုန်းကဆို Mydoom Worm

ပေါ်လာပြီး တစ်ရက်တည်းမှာတင် မီလျံလေးပုံတစ်ပုံလောက် ရှိတဲ့ Computer တွေကို ကူးသွားတာ။ ပြီးခဲ့တဲ့ ၁၉၉၉

မတ်လတုန်းကလည်း ကြည့်ပါလား။

Melissa Virus ဆိုပြီး ပေါ်လာတယ်လေ။ Microsoft နဲ့တစ်ခြားကုမ္ပဏီ အကြီးကြီးတွေ အားလုံး Virus ရှိနေသမျှ သုတို့

E-mail System တွေကို သုံးလို့မရဘူးဖြစ်သွားတာ။

၂၀၀၀ ပြည့်နှစ်တုန်းက I Love You Virus တုန်းကလည်းဒီအတိုင်းပဲ။ ဟော.. ၂၀၀၇၊ ဇန်န၀ါရီလည်း ရောက်ရော Storm

ဆိုတဲ့ Worm တစ်ကောင်ပေါ်လာပြန်ရော။ အဲဒီ Virus ကြောင့် အောက်တိုဘာလလည်းကျရော ကွန်ပျူတာပေါင်း သန်း ၅၀

အထက်ကို အကူးခံရပါရောလား။ ကဲကြည့်လေ..ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့ Virus တွေလဲလို့..။

IT နဲ့ ပတ်သက်တဲ့ သတင်းတွေကို နားထောင်တဲ့လူတိုင်းက Virus ကူးပုံကူးနည်းအမျိုးမျိုး အကြောင်းကြားနေရမှာ အမှန်ပဲ။

ဒီအောက်မှာဖော်ပြပေးထားတဲ့ Viruses တွေကို ဖော်ပြပေးထားပါတယ်။

(၁)Viruses

Virus ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ၊

နောက်မှာကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာတဲ့ ကောင်တွေပေါ့။ ဥပမာပြောရရင် Spreadsheet Program လေး

နောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။ ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာ

Virus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာ ကပ်ရုံနဲ့

မပြီးဘူး။ဂြိုလ်သားတွေလိုပဲ.. ပွားနိုင်တယ်။ အခု ဒီ Program ကနေ၊ နောက် Program တွေကိုလည်း

လိုက်ကပ်နိုင်သေးတယ်။


(၂)Email Virus

Email Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေ ကပ်လိုက်သွားတာလား။

လိုက်လည်းလိုက်သွားပြီးရော အကူးခံရတဲ့ လူရဲ့ Address Book ထဲကနေ၀င်ပြီး တစ်ခြားလူတွေဆီ သူ့ဟာသူ အော်တို

Mail တွေ ပို့တော့တာပဲ။

အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရော သူ့ Address Book ထဲ ပါဝင်ပြီး ကူးပြီးတော့ နောက်လူတွေပါ

ဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလိုမျိုးသွားတာလေ။

(၃)Trojan Horses

Trojan Horses ကလည်း ကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်က အယောင်ဆောင်ကောင်။ ဥပမာ-Game

လိုလို၊ ဘာလိုလို အယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်း Run

လိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံရပါလေရော..။

အခန့်မသင့်ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်က သူ့ဟာသူမပွားနိုင်ဘူး။

(၄)Worms

Worm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေ တစ်ဆင့် ကူးပြီး သူ့ဟာသူ ဆက်ပွားသွားတာ။

Worm ရဲ့ Copy ကောင်က ဘယ်စက်မှာ Security ပိုင်း ယိုကွက်/ ဟာကွက်ရှိနေလဲလိုက်ချောင်း၊

ချောင်းပြီးလို့တွေ့တာနဲ့ကူးတော့တာပဲ။

ကူးပြီးတာနဲ့ ဘယ်စက်ကို ထပ်ကူးရင်ကောင်းမလဲ ထပ်ရှာတယ်။ အဲဒီလိုနဲ့ မျိုးပွားတဲ့ ကောင်တွေ၊ ရောက်ရာအရပ်မှာ

မျိုးစေ့ချတယ်လေ။ ကဲ ဒါကတော့ Worms Virus ပါပဲ။