Showing posts with label Android. Show all posts
Showing posts with label Android. Show all posts
ဒီနေ့အချိန်အနည်းငယ်ရလို့ တင်ပေးချင်တဲ့ ပို့(စ်)လေးကတော့ Android OS Device ကို Computer PC သို့ Internet Line ချိတ်ဆက်နည်းလေးပါ။ တစ်နည်းအားဖြင့်ပြောရရင် Android OS Device က Internet Line ကို အခြား Device တွေအတွက် Wi-fi Hotspot လွင့်တင်တာကို ပြောတာပါ။ ဒီနည်းကိုလုပ်ဆောင်နိုင်ဖို့အတွက် Android OS Device မှာ Tethering and Portable Hotspot System လေးပါဖို့လိုအပ်ပါတယ်။ Android OS Device တွေက များနေတာကြောင့် Android OS Device အချို့တွေတော့ ဒီနည်းလမ်းနဲ့ တူချင်မှတူ မှာပါ။ ဒါပေမယ့် နည်းစပ်မူတွေတော့ ရှိနိုင်ပါတယ်။ (ဥပမာ- Huawei c8810 လိုမျိုးပါ၊) အောက်မှာ ပုံဖြင့်အဆင့်လိုက် ပြပေးထားပါတယ်။ သိသင့်တဲ့ နည်းပညာလေးမို့လို့ ဝေမျှပေးလိုက်တာပါ။ သိပြီးကြကုန်ပြီးလာတော့မသိပါ ကျနော်လည်း မအားတာနဲ့ တင်မယ်တင်မယ်နဲ့ အခုမှတင်ဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် မသိသေးတဲ့ မိတ်ဆွေတွေအတွက်တော့ လိုကောင်းလိုအပ်ပါလိမ့်မယ်။

အဆင့် ၁။ အပေါ်မှ ပုံအတိုင်း Setting ထဲကို ၀င်ပါ။ ပြီးရင် Wireless and Network ထဲကို ထပ်ဝင်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
အဆင့် ၂။ အပေါ်မှ ပုံအတိုင်း Tethering and Portable Hotspot  ထဲဝင်ပါ။ ပြီးရင် Portable Wi-Fi Hotspot ကို On ပေးလိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။
အဆင့် ၃။ အဆင့် ၂။ အပေါ်မှ ပုံအတိုင်း Configure Portable Wi-Fi Hotspot  ထဲဝင်ပါ။ ပြီးရင် ဒုတိယပုံအတိုင်း Device ၏ Wi-Fi Network တွေကို တော့ရပါမယ်၊ အရေးကြီးတာကတော့ Network SSID နှင့် Password လေးပါ။ ဒါဆိုရင် Password သိရအောင် Show Password ကို အမှတ်တပ်ပေးလိုက်ပါ။ Password လေးကို တစ်နေရာမှာမှတ်ထားပါ။ ပြီးရင် Save Button ကိုနိုပ်လိုက်ပေးလလိုက်ပါ။ (Network SSID မှာ Device နဲ့ ဆိုင်တဲ့ အမည်ကိုတွေ့ရမှာပါ။ ကျနော် ပြုပြင်လို့ ပုံမှာ Mr ThangMing လို့တွေ့ရတာပါ။) အောက်ပုံ ကို ဆက်ကြည့်ပါ။
အဆင့် ၄။ အပေါ်မှပုံ အတိုင်း ဖြစ်ပြီးဆိုရင်Android OS Device ကို USB ကြိုးဖြင့် Computer PC သို့ ချိတ်ဆက်လိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။
အဆင့် ၅။ Computer PC မှာ Internet Line မရှိပါက အပေါ်မှ ပုံအတိုင်းတွေ့ရမှာပါ။ ထို Icon လေးကို Click လိုက်ပါ။ အောက်မှ ပုံအတိုင်း တွေရမှာပါ။
အဆင့် ၆။ အပေါ်မှ ပုံအတိုင်းတွေ့ရသောအခါ SSID ကို နိုပ်လိုက်ပါ။ ပြီးရင် Connect ကို ထပ်နိုပ်လိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။
အဆင့် ၇။ စောစော က ပြထားတဲ့အတိုင်း Android OS Device ထဲက Password ကို ထည့်ပေးလိုက်ပါ။ ပြီးရင် ok Button ကို နိုပ်ပေးလိုက်ပါ။ 
Password ရေးထည့်ဖို့ Box ထပ်ပေါ်လာပါက အပေါ်မှာ ထည့်တဲ့အတိုင်း Password ကို ထပ်ထည့်ပေးလိုက်ပါ။
အပေါ်က ပုံအတိုင်း Connecting လုပ်နေပါလိမ့်မယ်။
အပေါ်မှ ပုံအတိုင်းတွေ့ရပြီးဆိုရင် အောင်မြင်စွာ ပြီးဆုံးပါပြီး။ Computer PC မှာ Internet Line သုံးလို့ရပါပြီး။

http://mrthangming.blogspot.com မျှဝေပါသည်။     ။
လိုအပ်သော firmware ကို အောက်က လင့်တွေမှာ ဒေါင်းယူပါ။

Huawei offiical site
ယခုနောက်ပိုင်းတွင် မြန်မာပြည်မှ Huawei official site တွင် download ယူရန် ခက်ခဲလှပါတယ်။ အဲဒါကြောင့် ကျွန်တော်က Mediafire လင့်ဖြင့် ၄ ပိုင်းခွဲပြီး folder တစ်ခုတည်းမှာ တင်ပေးထားပါတယ်။ အထဲမှာပါသော HJSplit ကို သုံး၍ ထိုဖိုင်များကိုပေါင်းပါ။

DOWNLOAD



Firmware တင်နည်း

-ဒေါင်း၍ ရလာသော zip ဖိုင်ကို zip ဖြေ၍ အထဲမှ UPDATE.APP ပါသော dload folder ကို format ရိုက်ထားတဲ့ sd card (အနည်းဆုံး 2GB) ထဲသို့ ထည့်ပါ။
-ဖုန်းကို ပိတ်၍ sd card ကိုထည့်ပါ။ (ဖုန်းရဲ့ battery အနည်းဆုံး ၈၀% လောက်ရှိရပါမည်။)
-volume up + power + volume down ကို ပြိုင်တူတွဲပြီး နှိပ်ပါ။ အောက်က ပုံအတိုင်း တွေ့ရပါမည်။

- update complete ဖြစ်သွားရင်တော့ ဖုန်းဟာ Reboot ကျသွားပါလိမ့်မယ်။ ၅ မိနစ် လောက်စောင့်ကြည့်ပါ။
- 3G logo မှာ looping ဖြစ်နေရင်တော့ ဖုန်းကို battery ဖြုတ်လိုက်ပါ။
- battery ပြန်တပ်ပြီး volume up + power နှိပ်၍ reboot ပြန်လုပ်ပါ။
- ဖုန်း စစ တက်တက်ချင်း မှာ ကြာပါတယ် စိတ် ရှည်ရှည်ဖြင့် စောင့်ပါ။
- home screen ပေါ်လာရင်တော့ Huawei U8825D ကို official 4.0.4 firmware တင်ခြင်း ပြီးပါပြီ။

 အားလုံးအဆင်ပြေကြပါစေ....................

evasi0n  ဆိုတဲ့  Untethered Jailbreak Tool လေးကိုအသုံးပြုရမှာပါ။

iOS 6,6.0.1,6.1 တွေမှာပါအကုန်အလုပ်လုပ်ပါတယ် ကိုယ့်စက်ကအရင်ဆုံး 6,6.0.1,6.1 ပာုတ်မပာုတ်သိရအောင် Setting>General>About ကိုသွားကြည့်လိုက်ပါ
ပြီးရင်တော့ PC မှာ အောက်ကလင့်ခ်ကိုသွားပြီး Download လုပ်လိုက်ပါ
LINK   (ဥပမာ- ကိုယ့် computer က Window ဆိုရင် Window ကိုရွေးချယ်ပြီး Download လုပ်လိုက်ပါ)
ပြီးသွားရင် Zip File လေးရလာပါမယ် ဖြည်လိုက်ပါ
အဲဒီအခါကျရင်Evasi0n.exe လေးကို Run လိုက်ပါ။ Run ပြီးရင်တော့ မိမိ iDevice နဲ့ PC နဲ့ကိုUSB ကြိုးသုံးပြီးချိတ်လိုက်ပါ အဲဒီလိုချိတ်တဲ့အချိန်မှာ တခြား ရှိသမျှ USB ကြိုးလေးတွေဖြုတ်ထားပေးရပါမယ်။
ပြီးရင်တော့ Jailbreak ဆိုတာလေးကို 5 sec လောက်စောင့်ပြီးမှနှိပ်လိုက်ပါ
5 မိနစ်လောက်တော့ကြာပါတယ်မယ်ထပ်စောင့်နေလိုက်ပါ
အဲဒီအခါကျရင် မိမိ Device မှာ Evasion ပုံ Jailbreak ဆိုတဲ့ ICON လေးပေါ်လာပါလိမ့်မယ်
အဲဒီ ICON လေးကိုနှိပ်လိုက်ပါအဲဒီလိုနှိပ်လိုက်ပြီးရင်ဆိုရင်(တစ်ခါပဲနှိပ်ပါ) Black Screen ကြီ့းပေါ်လာပါလိမ့်မယ်ပြီးရင် အောက်ကပုံအတိုင်း ပေါ်လာပါမယ်
ခဏနေရင်တော့ Screen မှာ Cydia ဆိုတဲ့ ICON ကြီးကို အောက်တွေ့ရပါလိမ့်မယ်ခင်ဗျာ:)
မြန်မာစာထည့်သွင်းနည်း
Jailbreak လုပ်ပြီးပြီဆိုရင်တော့
  1. Cydia ထဲကိုဝင်ပါ
  2. iPhone/iPod မှာဆိုရင်တော့ Manage ကိုသွားပြီး Sources ထဲဝင်လိုက်ပါ  iPad မှာဆိုရင်တော့  Sources ထဲကိုဝင်လိုက်ပါ
  3. ပြီရင်တော့ Edit ကိုနှိပ်လိုက်ပါ
  4. ပြီးရင်တော့ Add ကိုနှိပ်လိုက်ပါ
  5. http://cydia.macforus.com ကို add  Sources လုပ်လိုက်ပါ
  6. ပြီးရင်တော့ Restat springboard (or) Return to cydia ထဲကိုဝင်နှိပ်လိုက်ပါ
  7. ပြီးရင်တော့ cydia>Mac for US Repo>MMKeyboard for iOS5+ ကိုနှိပ်လိုက်ပါ ပြီးရင်ဘယ်ဘက်ထောင့်က install ကိုနှိပ်လိုက်ပါ confirm မေးလျှင်ထပ်ပေးလိုက်ပါပြီး၇င် restart springboard ကိုနှိပ်လိုက်ပါ
  8. နောက်တစ်ဆင့်ကတော့ Cydia>Mac for US Repo>Zawgyi iOS 4.3 Font ကိုနှိပ်လိုက်ပါ ပြီးရင်ဘယ်ဘက်ထောင့်က install ကိုနှိပ်လိုက်ပါ confirm မေးလျှင်ထပ်ပေးလိုက်ပါပြီး၇င် restart springboard ကိုနှိပ်လိုက်ပါ
  9. ပြီးရင်တော့ setting>general>keyboard>international keyboard>add new key board>Czech ကိုရွေးလိုက်ပါ
  10. အဲဒါဆိုရင်တော့ Keyboard နေရာလေးမှာ Earth ပုံလေးနဲ့မြန်မာဖောင့်ပြောင်းလို့ရပါပြီ
    ဒါပေမယ့် မြန်မာကီးဘုတ်သွင်းတဲ့အခါမှာ Error အနည်းငယ်တက်တတ်ပါတယ် ဒါပေမယ့် ထပ်ပြီးကြိုးစားကြည့်ပါကျွန်တော်ကတော့ 5 ကြိမ်မြောက်မှာပဲအဆင်ပြေသွားပါတယ် ဒါပေမယ့်ကီးဘုတ်ကနဲနဲလေးတော့ပာန်းနေသလိုမျိုးဖြစ်နေပါတယ်:P


iOS 6 to 6.1 ကို Untethered Jailbreak လုပ်နည်း (Tutorial) အနေနဲ့တင်ပေးလိုက်ပါတယ်။ iOS 6 မှ 6.1 အထိ တင်ထားတဲ့ iPhone/Pad/Pod touch အားလုံးကို Untethered Jailbreak လုပ်နိုင်မှာဖြစ်ပါတယ်။
အဆင့် (၁) ။ ။ Jailbreak လုပ်ဖို့အတွက် လိုအပ်တဲ့ jailbreak tools ဖြစ်တဲ့ evasi0n jailbreak tool for windows ကိုအောက်က link မှာရယူပါ။
Evad3rs jailbreak tool for iOS 6-6.1 အားရယူ၇န်
အဆင့်(၂)။ ။ download လုပ်လို့ရလာတဲ့ ဇစ်ဖိုင်ထဲက evasi0n.exe file ကို run ပါ ။ user access control windows pops up ပေါ်လာရင် yes ခလုတ်ကိုနှိပ်ပါ။.
အဆင့်(၃)။ ။ မိမိတို့ရဲ့ iPhone/Pad/Pod touch များကို usb ကြိုးဖြင့် ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ iPhone/Pad/Pod touch ကို Passcode ပေးထားတယ်ဆိုရင်ဖြုတ်ထားပါ။ Passcode ဖြုတ်နည်းကတော့ Settings > General > Passcode Lock > ထဲကိုဝင်ပြီး Turn Passcode Off လုပ်လိုက်ပါ။
အဆင့်(၄)။ ။ iDevices ကိုကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကို Evasi0n ဆော့ဝဲကသိပြီဆိုရင် Evasion ဆော့ဝဲထဲက Jailbreak ဆိုတဲ့ခလုတ်လေးက မှိန်နေရာကနေ လင်းလာပါလိမ့်မယ်။
အဆင့် (၅) ။ ။ Jailbreak ပြုလုပ်ဖို့ရန်အတွက် Jailbreak button ကိုနှိပ်ပါ။
အဆင့် (၆) ။ ။ Evasi0n က မိမိရဲ့ device ကိုစတင် jailbreak လုပ်ပါလိမ့်မယ်။ မိနစ်အနည်းငယ်ခန့်ကြာပါမယ်။
အဆင့် (၇) ။ ။ iDevices မှာ Lock screen ပြန်ပေါ်လာရင် Slide toUnlock your device bar ကို slide လုပ်ပါ။ “Jailbreak” ဆိုတဲ့ နာမည်နဲ့ icon လေးကိုတွေ့ရပါမယ်။ အဲဒီ Jailbreak app icon လေးကိုတစ်ကြိမ်နှိပ်ပါ (တစ်ကြိမ်ပဲနှိပ်ပါ)။ အဲဒီမှာ screen က ခေတ္တ black screen ဖြစ်သွားပြီးပြန်တက်လာရင် ခုနကလိုပဲ Jailbraeak နာမည်နဲ့ icon လေးကိုတစ်ကြိမ်ပဲထပ်နှိပ်ပါ။
အဆင့် (၈)။ ။ Evasi0n က jailbreak data တွေကိုဆက်လက်သွင်းပါလိမ့်မယ်။ အဲဒီအချိန်မှာ iDevices ကိုတခြားဘာမှမလုပ်ပါနဲ့။
အဆင့် (၉)။ ။ Jailbreak process ပြီးပြီဆိုရင် “Done” ဆိုတဲ့ warning ပြပါလိမ့်မယ်။ iPhone/Pad/Pod touch ဟာ reboot ဖြစ်သွားပါမယ်။ reboot နှစ်ခါလောက်ကျပါတယ်။ နည်းနည်းစိတ်ရှည်ပေးပါ။
အဆင့် (၁၀)။ ။ reboot လုပ်ရာကနေ ပြန်တက်လာပြီဆိုရင်တော့ evasi0n logo ကို screen ပေါ်မှာအကြီးကြီးနဲ့တက်လာမှာဖြစ်ပါတယ်။ တစ်ခါပြန်ကျသွားပြီး နောက်တစ်ခါ evasi0m logo ပြန်တက်လာပါမယ်။ ပြီးရင် Lock Screen အနေအထားကိုစတင်ေ၇ာက်ရှိသွားပါမယ်။ Slide to unlock bar ကို slide ဆွဲပြီး home screen ပေါ်ကိုဝင်လိုက်ရင်တော့ Cydia icon ကိုစတင်မြင်၇ပြီဖြစ်ပါတယ်။
ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 6 တင်ထားတဲ့ i device ကို evasi0n ဆော့ဝဲကိုအသုံးပြုပြီး အောင်မြင်စွာ jailbreak လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
myanmar mobile application store မှပြန်လည် မျှဝေလိုက်ပါတယ်..။

Share This
Tags



  • Root လုပ်ဖို့ အတွက် ပထမဆုံးလိုအပ်ချက် ဖုန်း Driverကို ဒေါင်းလုပ်ဆွဲရပါမယ်။
  •  ဒေါင်းလုပ် အတွက် လင့်က https://www.dropbox.com/s/nvq2to78o71txfj/Handset%2BWinDriver.rar ဖြစ်ပါတယ်။
  •  ဒေါင်းပြီးရင်တော့ ရလာတဲ့ rar ဖိုင်လေးကို ဖြည်ပြီး ကွန်ပျူတာထဲမှာ install လုပ်လိုက်ပါ။
  • ဒုတိယ လုပ်ဆောင်ရမှာကတော့ ဖုန်းထဲက system settings>developer options> USB debugging လေးကို ကလစ်လေး ပေးလိုက်ပါ။
  • အဲ့ဒါပြီးရင် ကျွန်တော်တို့ ကွန်ပျူတာနဲ့ ဖုန်းတို့ကို ချိတ်ဆက်ရန် အဆင်သင့် အခြေအနေသို့ ရောက်နေပါပြီ။
  • ကျွန်တော်တို့ ရဲ့ဖုန်းကို bootloader ကို Unlock ဖို့ အတွက် http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock လင့်ကိုသုံးရပါ့မယ်။
  • အဲ့လင့်ထဲရောက်သွားလျှင် အောက်တွင်ပါသော ပုံပါအတိုင်း လုပ်ဆောင်ရပါမည်။


  • S/N number နဲ့ IMEI/MEID နံပါတ်တွေကို မိမိ၏ ဖုန်းကို ဘက်ထရီဖြုတ်လိုက်လျှင် တွေ့နိုင်ပါတယ် ခင်ဗျာ။
  • Product ID ကိုတော့ ဖုန်းခေါ်သည့်နေရာတွင် *#*#1357946#*#* ရိုက်ထည့်ခြင်းဖြင့် တွေ့နိုင်မည်ဖြစ်ပါတယ်။
  • Huawei ဆိုဒ်ထဲမှာလိုအပ်သည်များကို ဖြည့်ပြီးလျှင် အနီရောင် ခလုပ်လေးကို နှိပ်လိုက်ပါ
  • ။ ကျွန်တော်တို့ Huawei ဆိုဒ်ထဲမှာဖြည့်ထားတဲ့ Email ထဲသို့ Huawei မှ Unlock code ပြန်ပို့ပေးပါလိမ့်မယ်။
  • ပို့မည့်အချိန်ကတော့ ပုံမှန်မရှိပါဘူး ခင်ဗျာ။ ချက်ချင်းပြန်ပို့နိုင်သလို့ ၃ရက်မျှကြာတတ်သည်လည်း ရှိပါတယ်။
  • unlock code ပို့ ပေးသည့်အချိန်ထိတော့ သည်းခံပြီး စောင့်ပေးပါ။ Unlock Code ရပြီဆိုလျှင် Bootloader ကို Unlock လုပ်တော့မည် ဖြစ်ပါသောကြောင့် မိမိ ဖုန်းထဲမှာ ရှိတဲ့ Contacts များ၊ SMS များနဲ့ အရေးကြီးဒေတာများကို Backup လုပ်ထားသင့်ပါတယ် ခင်ဗျာ။
  • ကဲ Unlock လုပ်ဖို့ အကြောင်း ဆက်ပြောကြရအောင်။
  • https://www.dropbox.com/s/pfhdbykms3imxr4/G330D%20a%20key%20to%20unlock.rar ကိုဒေါင်းထားပြီး ရလာသည့် rar ဖိုင်ကို ကွန်ပျူတာထဲတွင်ဖြည်ထားပါ။ ဖုန်းရဲ့ Settings>Application>Fast boot ကို ကလစ်ဖြုတ်ပြီး power off လိုက်ပါ။
  • ပိုသေချာအောင် ဘက်ထရီကို ဖြုတ်ပြီး အနည်းဆုံး ၅စက္ကန့်လောက် အကြာထားလိုက်ပါ။
  • ပြီးနောက် volume down နဲ့ power ခလုပ် ကိုတွဲပြီး ၁၅ စက္ကန့် လောက် အနည်းဆုံး နှိပ်ထားပြီး Bootloader mode ထဲကိုဝင်ပါ။ ပြီးလျှင် USB cable ဖြင့်ကွန်ပျူတာကို ချိတ်ပြီး အပေါ်မှာဒေါင်းပြီး ဖြည်ထားတဲ့ G330D a key to unlock ဖိုဒါထဲက G330D一键解锁.exe ဖိုင်လေးကို run ပေးလိုက်ပါ။
  • Run ပြီး ပေါ်လာတဲ့ box ထဲမှာ မေးထဲကိုရောက်နေတဲ့ unlock coad ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်လျှင် ဖုန်းဟာ restart ကျသွားပါလိမ့်မယ်။ ဒါဆို bootloader ကို unlock လုပ်လို့ ပြီးပါပြီ။
  • ကျွန်တော်တို့ CWM Recovery ဆက်တင်ကြည့်ကြရအောင်နော်။ CWM Recovery တင်ဖို့ဆိုရင် https://www.dropbox.com/s/61a0e0553cu7wwt/recovery6.0.1.2_AscendG330D.rar  ဒီလင့်လေးကို အရင်ဒေါင်းပြီး။ Huawei ဖုန်းတွေရဲ့ ထုံးစံအတိုင်းဖုန်းကိုပိတ် ဘက်ထရီ ၅စက္ကန့်ဖြုတ် ပြန်တပ် volume down နဲ့ power ကိုတွဲနှိပ် ၁၀စက္ကန့်ခန့် 3G မှာရပ်နေပြီဆို fastboot mode ကိုရောက်ပါပြီ။ ဒါဆို ကွန်ပျူတာကို USP ကြိုး နဲ့ချိတ်လိုက်လို့ ညာဖက်အောက်နားက USP Drive လေးကိုရှာတွေ့လို ရပ်သွားပြီဆို ဒေါင်းထားတဲ့ recovery6.0.1.0_AscendG330D.rar လေးကို ဖြည်ထားတဲ့ ထဲက  recovery6.0.1.2_AscendG330D.exe လေးကို run ပေးလိုက်ပြီး ပထမအဆင့်မှာ 1 ကိုရွေးပြီး Enter ၂ ခါ ရိုက်လိုက်တယ် ဆိုရင်ပဲ ဖုန်းဟာ rebooting ဖြစ်သွားပြီး CWM ကို သွင်းပြီး ဖြစ်သွားပါလိမ့်မယ်။ CWM ရမရ ကြည့်ချင်ရင် Volume up နဲ့ Power ကိုတွဲပြီး ၁၀ စက္ကန့်လောက် ကြာရင် CWM-based Recovery v6.0.12 ဆိုတာလေး ကိုတွေ့ရပါမယ်။
  • ဆက်ပြီး root ကြည့်လိုက်ကြရအောင်ဗျာ။ https://www.dropbox.com/s/2ytam587dakpdp9/Root%20Recovery.zip လင့်လေးကိုဒေါင်းပြီး SD ကဒ်ထဲကို ကူးထည့်ပါ။ ပြီးရင် CWM လေးထဲဝင်လိုက်ပြီး install zip from sdcard ကိုရွေးပြီး ၀င်လိုက်ရင်ပဲ SD card ထဲကိုရောက်သွားပါမယ်။အဲ့ထဲမှာမှ sdcard ထဲ ကူးထည့်ထားတဲ့ Root Recovery.zip ဖိုင်လေးကို ရွေး ပေးလိုက်ပါ။ ဒါဆို root recovery.zip ဖိုင်လေးကို install လုပ်ပေးပါ့မယ်။ ပြီးရင်တော့ ဖုန်းကို reboot လုပ်ကြည့်လိုက်တယ် ဆိုရင်ပဲ Root လုပ်ပြီးသား Huawei U8825D ဖုန်းတလုံးကို ပိုင်ဆိုင်ခွင့်ရသွားပါပြီခင်ဗျာ။
Application Developer name- Nay Lin Aung(SpeedySoft Mobile Studio)
(This app is the product of Myanmar Mobile App)


Root လုပ်ထားတဲ့ Android ဖုန်းတွေမှာ click တစ်ချက်နှိပ်ရုံနဲ့ ဇော်ဂျီမြန်မာဖောင့်ကိုသွင်းပြီးသားဖြစ်စေဖို့အတွက် မြန်မာ Mobile Application ရဲ့ product အသစ်တစ်ခုဖြစ်တဲ့ မြန်မာ Mobile ဇော်ဂျီ Changer ကိုတင်ပေးလိုက်ပါတယ်။ စမ်းထားသလောက်တော့ ဖုန်းအားလုံးနီးပါးနဲ့အဆင်ပြေပါတယ်။ Root Explorer ဆော့ဝဲကနေဇော်ဂျီဖောင့်ကိုသွင်းရတဲ့ step တွေလိုများပြားခြင်းမရှိတော့ဘဲ click တစ်ချက်နဲ့ မြန်မာဖောင့်ကိုသွင်းနိုင်မှာပါ။ ဆိုနီဖုန်းတွေမှာ -ျတွေ အပေါ်တက်အောက်ရောက်ဖြစ်နေတာမျိုးတွေကိုလည်း Sony Zawgyi Mobile font သုံးထားတာကြောင့် မြန်မာ font တွေကိုကောင်းကောင်းမွန်မွန်မြင်ရမှာပါ။ Android 2.1 မှ Android 4.0 IceCream Sandwich အထိအလုပ်လုပ်အောင်ရေးသားထားပါတယ်။ ဆော့ဝဲထဲကိုဝင်လိုက်ရင် “ဇော်ဂျီဖောင့်ပြောင်းရန်” ဆိုတဲ့ခလုတ်နဲ့ “ဇော်ဂျီဖောင့်ပြောင်းရန်(SONY ဖုန်းများအတွက်)” ဆိုပြီးခလုတ်နှစ်ခုပါပါတယ်။ Sony အမျိုးစားမဟုတ်တဲ့ Android ဖုန်းတွေကိုဆိုရင် “ဇော်ဂျီဖောင့်ပြောင်း၇န်”ဆိုတဲ့ခလုတ်ကိုနှိပ်ရမှာဖြစ်ပြီး Sony အမျိုးအစား Android ဖုန်းဆိုရင်တော့ “ဇော်ဂျီဖောင့်ပြောင်းရန်(SONY ဖုန်းများအတွက်)” ကိုနှိပ်ရမှာပါ။
ခလုတ်ကိုနှိပ်လိုက်တယ်ဆို၇င် ဖုန်းက auto reboot ကျသွားမှာဖြစ်ပြီး ပြန်တက်လာပြီဆိုရင်တော့ မြန်မာဖောင့်သွင်းပြီးဖြစ်နေပါပြီ။ Beta version ဖြစ်တဲ့အတွက်ကြောင့် error အနည်းငယ်ရှိနိုင်ပါတယ်။အဲလိုဖြစ်ခဲ့ရင် myanmarmobileapp@gmail.com သို့မေးလ်ပို့ပြောကြားနိုင်ပါတယ်။ မြန်မာ Mobile Zawgyi Changer ကိုရယူလိုသူများအောက်က link မှာ download ရယူနိုင်ပါတယ်။
Myanmar Mobile Zawgyi Changer ကိုသုံး၍ font ပြောင်းရာတွင် error များရှိလာပါက myanmarmobileapp@gmail.com သို့ဆက်သွယ်မေးလ်ပို့နိုင်ပါတယ်
စမ်းကြည့်ပေါ့ဗျာhttps://play.google.com

 Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေး ကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။

(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ) =>> http://viber.com/

အထက်ပါ Software အား ဒေါင်းရတာ အဆင်မပြေလျှင် မူရင်း ဆိုဒ်မှာ ဒေါင်းလုပ်ရယူလိုက်ပါ။http://viber.com/


download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲ ကိုဖွင့်ပါ။
နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင် Myanmar (+95) ကိုရွေးချယ်ပေးပါ။
အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-73135888 ဆိုရင်

ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 973135777) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။

အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ 

iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။
Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။
“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။

ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။