Showing posts with label Computerနည်းပညာ. Show all posts
Showing posts with label Computerနည်းပညာ. Show all posts
လိုအပ်ချက်ကလဲ ဘာမှမလိုပါဘူး ......။
Password cracking လုပ်မယ့် rar ဖိုင်ရယ်......။ win zip ရယ်...........။connection ကောင်းကောင်း
ရယ်ပဲလိုအပ်ပါတယ်...။

ဒီတော့ဒီ ဆိုက်လေးကိုသွားလိုက်ပါ ......။အောက်ကလင့်ကို ကလစ်လိုက်ပါ........။

http://archive.online-convert.com/convert-to-zip

ပြီးရင် Web စာမျက်နှာတစ်ခုကိုရောက်တဲ့ အခါ Browse ကိုကလစ်ပြီး Password ခံနေတဲ့ rar ဖိုင်ကိုရွေးပြီးတင်လိုက်ပါ.......။ကျွန်တော်ကတော့ ခုနက ကျွန်
တော်လုပ် ထားတဲ့ ဓါတ်ပုံ Rar ဖိုင်လေးကိုပဲ ဒီပို့မှာ အသုံးပြုထားပါတယ်..........။
။ပြီးရင် Convert file ကိုကလစ်လိုက်ပါ ...။ပြီးရင် ခဏလောက်စောင့်လိုက်ပါဦး upload လုပ်နေတဲ့ ကြာချိန်ကိုပါ။....ဒီနေရာမှာလိုင်းကောင်းမှဖြစ်မယ်......မကောင်းရင် ဖိုင်က အပြည့်ပါမသွားရင် ပြန်Download ဆွဲ ပြီးတဲ့အခါကြတော့ ဖိုင်အပြည့် ပါမလာတတ်ဘူး..........။ ပြီးရင် web စာမျက်နှာတစ်ခုကို ရောက်သွားပါလိမ့်မယ်.....။ဒီစာမျက်နှာကိုရောက်ရင် အော်တို ဒေါင်းလုပ် ပေးပါလိမ့်မယ်.....။မရဘူးဆို ရင် ၀ိုင်းပြထားတဲ့ အစိမ်းရောင်
လင့်ကိုကလစ်ပါ.......။အော်တိုဒေါင်းလုပ် လုပ်ပေးပါလိမ့်မယ်.......။ကျွန်တော်တို့ တင်
လိုက်တုန်းက rar ဖိုင်ဖြစ်ပြီး ပြန်ရတော့ zip ဖိုင်ဖြစ်သွားပါပြီ.......။ password တွေပါတစ်ခါတည်း ပြန်ဖယ်
လိုက်ပါတယ်........။ကျွန်တော်တို့ Download လုပ်ထားတဲ့ ဒီ Photo Zip ဖိုင်လေးကို ပြန်လည် Extract လုပ်ပါမယ်........။ဘာ Password မှ မခံ တော့ပါဘူး
တန်းပြီးတော့ Zip ဖိုင်ဖြည် သွားပါလိမ့်မယ်....။          
ဒီနေ့အချိန်အနည်းငယ်ရလို့ တင်ပေးချင်တဲ့ ပို့(စ်)လေးကတော့ Android OS Device ကို Computer PC သို့ Internet Line ချိတ်ဆက်နည်းလေးပါ။ တစ်နည်းအားဖြင့်ပြောရရင် Android OS Device က Internet Line ကို အခြား Device တွေအတွက် Wi-fi Hotspot လွင့်တင်တာကို ပြောတာပါ။ ဒီနည်းကိုလုပ်ဆောင်နိုင်ဖို့အတွက် Android OS Device မှာ Tethering and Portable Hotspot System လေးပါဖို့လိုအပ်ပါတယ်။ Android OS Device တွေက များနေတာကြောင့် Android OS Device အချို့တွေတော့ ဒီနည်းလမ်းနဲ့ တူချင်မှတူ မှာပါ။ ဒါပေမယ့် နည်းစပ်မူတွေတော့ ရှိနိုင်ပါတယ်။ (ဥပမာ- Huawei c8810 လိုမျိုးပါ၊) အောက်မှာ ပုံဖြင့်အဆင့်လိုက် ပြပေးထားပါတယ်။ သိသင့်တဲ့ နည်းပညာလေးမို့လို့ ဝေမျှပေးလိုက်တာပါ။ သိပြီးကြကုန်ပြီးလာတော့မသိပါ ကျနော်လည်း မအားတာနဲ့ တင်မယ်တင်မယ်နဲ့ အခုမှတင်ဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် မသိသေးတဲ့ မိတ်ဆွေတွေအတွက်တော့ လိုကောင်းလိုအပ်ပါလိမ့်မယ်။

အဆင့် ၁။ အပေါ်မှ ပုံအတိုင်း Setting ထဲကို ၀င်ပါ။ ပြီးရင် Wireless and Network ထဲကို ထပ်ဝင်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။
အဆင့် ၂။ အပေါ်မှ ပုံအတိုင်း Tethering and Portable Hotspot  ထဲဝင်ပါ။ ပြီးရင် Portable Wi-Fi Hotspot ကို On ပေးလိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။
အဆင့် ၃။ အဆင့် ၂။ အပေါ်မှ ပုံအတိုင်း Configure Portable Wi-Fi Hotspot  ထဲဝင်ပါ။ ပြီးရင် ဒုတိယပုံအတိုင်း Device ၏ Wi-Fi Network တွေကို တော့ရပါမယ်၊ အရေးကြီးတာကတော့ Network SSID နှင့် Password လေးပါ။ ဒါဆိုရင် Password သိရအောင် Show Password ကို အမှတ်တပ်ပေးလိုက်ပါ။ Password လေးကို တစ်နေရာမှာမှတ်ထားပါ။ ပြီးရင် Save Button ကိုနိုပ်လိုက်ပေးလလိုက်ပါ။ (Network SSID မှာ Device နဲ့ ဆိုင်တဲ့ အမည်ကိုတွေ့ရမှာပါ။ ကျနော် ပြုပြင်လို့ ပုံမှာ Mr ThangMing လို့တွေ့ရတာပါ။) အောက်ပုံ ကို ဆက်ကြည့်ပါ။
အဆင့် ၄။ အပေါ်မှပုံ အတိုင်း ဖြစ်ပြီးဆိုရင်Android OS Device ကို USB ကြိုးဖြင့် Computer PC သို့ ချိတ်ဆက်လိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။
အဆင့် ၅။ Computer PC မှာ Internet Line မရှိပါက အပေါ်မှ ပုံအတိုင်းတွေ့ရမှာပါ။ ထို Icon လေးကို Click လိုက်ပါ။ အောက်မှ ပုံအတိုင်း တွေရမှာပါ။
အဆင့် ၆။ အပေါ်မှ ပုံအတိုင်းတွေ့ရသောအခါ SSID ကို နိုပ်လိုက်ပါ။ ပြီးရင် Connect ကို ထပ်နိုပ်လိုက်ပါ။ အောက်ပုံ ကို ဆက်ကြည့်ပါ။
အဆင့် ၇။ စောစော က ပြထားတဲ့အတိုင်း Android OS Device ထဲက Password ကို ထည့်ပေးလိုက်ပါ။ ပြီးရင် ok Button ကို နိုပ်ပေးလိုက်ပါ။ 
Password ရေးထည့်ဖို့ Box ထပ်ပေါ်လာပါက အပေါ်မှာ ထည့်တဲ့အတိုင်း Password ကို ထပ်ထည့်ပေးလိုက်ပါ။
အပေါ်က ပုံအတိုင်း Connecting လုပ်နေပါလိမ့်မယ်။
အပေါ်မှ ပုံအတိုင်းတွေ့ရပြီးဆိုရင် အောင်မြင်စွာ ပြီးဆုံးပါပြီး။ Computer PC မှာ Internet Line သုံးလို့ရပါပြီး။

http://mrthangming.blogspot.com မျှဝေပါသည်။     ။
ပထမဆုံး ဒီလို computer ကို အသံနဲအမိန့် ပေးခိုင်းဖို့  english လို ပီပီပြင်ပြင်လေး ပြော နိုင်ဖို့ လိုပါတယ်..။

အရေးကြီးဆုံတစ်ချက်ပါ ..ဒီလို ပြောနိုင်ပြီးဆိုရင် ကွန်ပြုတာမှာ.........


သီချင်းတွေ အမိန့်ပေးဖွင့်ခိုင်းလိုရပါ့မယ်...


ဖိုင်းတိုင်းကိုပြောပြောပြီး ဖွင့်ခိုင်းလို့ရပါတယ်..


ဂိမ်းတွေလဲ ဆော့လိုရပါတယ်..


ကွန်ပြုတာ အပိတ်အဖွင့်လဲ လုပ်နိုင်ပါတယ်..



နောက် next , oK , စသည်တို့ ကို ကီးဘုတ်မသုံး , မော(စ်) မသုံးဘဲ အမိန်ပေးရုံတင် လုပ်ဆောင်စေနိုင်ပါတယ်..။


ဘယ်လိုလဲ စာဖတ်သူ စိတ်ဝင်စားပြီးမို့ လား...။

 
 ပုံလေးတွေနဲ တစ်ဆင့်ခြင်း  ပြသွားပါ့မယ်...

ကဲစမယ်.. ဒါကိုလုပ်ငန်းစဖို လိုအပ်မှာက ကွန်ပြုတာသုံး ear phone တစ်ခု ..ပေါ့..။


ပထမ windows Start >>>>  Accessoriess >>>> ပုံ (၁) ကိုကြည့်လိုက်ပါ..။
Ease of  Access >>>>> windows speech Recognition နှိပ်လိုက်ပါ.. ပုံ(၂)ကလိုပေါ့..။
ပုံ(၂)
ကွန်ပြုတာတစ်ခုနဲတစ်ခုမတူပါဘူး..  တစ်ချို့ မှာ Ease of  Access ကိုမတွေပါဘူး တိုက်ရိုက် စာရိုက်ရှာလိုက်ပါ...

တစ်ချို ကွန်ပြုတာမှာ windows speech Recognition မှာ  speech Recognition ဘဲရှိပါတယ် အသေမှတ်မထားပါနဲ့ 

အပြောင်းလေးအလဲတော့ရှိနိုင်ပါတယ်...

ကဲ windows speech Recognition နှိပ်ပြီးပြီ ဆိုရင် Welcome to speech Recognition ကိုတွေရပါလိမ့်မယ်..

အောက်က ပုံ(၃)လို မျိုးတွေရပါလိမ့်မယ်။ အဲ့မှာ  ပြီးတာနဲ့ next ပေါ့ ပြီးရင်  what type of microphone   မှာ 0ther ကို အစက်ကလေး (အမှန်ခြစ်) ပေးလိုက်ပါ..

ပြီးရင် next ပေါ့ step up yout microphone ဖြစ်ပါပြီး..။
ပုံ(၃)
next ထက်လုက်ပါ အောက်က ပုံ (၃) လို ပြနေပါပြီး အဲဒါဆို ခဏလေးစောင့်ပြီးတာနဲ့ 

next ကို နှိပ်လိုက်ပါ..နောက်တစ်ခါ next ထက် နှိပ်ပါ.. ခဏက ပုံ(၃)ကို ပြန်ရောက်သွားပါ့မယ်.. next သာနှိပ်နေပါ...ပြီးတာနဲ box
အသစ်လေးပြောင်းသွားပါ့မယ်

အောက်က ပုံ (၄) ကို ကြည့်ပါ..
ပုံ(၄)
ပုံလေးကလို Enable >>> next  >>>> Use voice >>> next ပေါ့ဗျာ..ပြီးတာနဲ you can contro this computer by voice ဆိုတာ ပေါလာပါလိမ်မယ် skip လုပ်လိုက်ပါ..

အဲဒါဆို အောက်က ပုံ(၅)လို လိုပေါလာပါလိမ့်မယ်..
ပုံ(၅)
ကဲ အဲဒါဆို ချတော့ဗျာ အင်္ဂလိပ် စားပီပီလေးနဲ့ မိမိကွန်ပြုတာကို ခိုင်းပါလေတော့.. အဟဲ

ပထမ သူ sleeping ဖြစ်နေပါတယ် listening ဖြစ်အောင် အ၀ိုင်လေးကို နှိပ်လိုက်ပါ ပြီးရင်ပြောပါလေတော့..



ကျွန်တော် Windows မှာ လုပ်လို့ရတဲ့ နည်းတွေကို တက်နိုင်သမျှရေးနေပါတယ်











  Blue screen တက်တက် လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7   တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ကြည့် ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှ လိုက်ပါတယ်။ အသုံးပြုနည်း စာအုပ်နဲ့software နဲကို rar file နဲ့တင်ပေးလိုက်ပါတယ်ဗျ


အောက်ကလင့်တွေမှာ အဆင်ပြေမယ့် လင့်တွေကနေ Downloadယူလိုက်ပါဗျာ..

mediafir၌ Downloadယူရန်

http://www.mediafire.com/?wvpfzo3gnv4ed6t

minus၌ Downloadယူရန်

http://minus.com/l9wo1LBw2JRTN

အဆင်ပြေကြပါစေဗျာ..



ကျွန်တော်တို့ ယနေ့ အင်တာနက်မှာ အများ သိတဲ့ Hacking ခေါ် (Phasing)ကွန်ပျူတာအားခိုးဝင်ခြင်း ၊ အချက် လက်များ နှင့် Software များ၏ Key များကိုစားသွားခြင်း ၊ကွန်ပျူတာ ဟန်းနေခြင်း အစရှိသဖြင့် ပြဿနာများရဲ့ တရားခံကို ဖော်ပြပေးတာပါ ။


ထိုသို့ နည်းများစွာကို စီးပွားဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့လိုက် Hecker များမှာ အနောက်တိုင်း နိုင်ငံများ တွင်သာမက အများသောအားဖြင့် အမေရိကန် ၊ တရုတ် ၊ တို့မှာ ပေါက်မြောက်စွာ ရှိခဲ့ပါတယ် ။ထိုသူများ၏ Program များဟာ အမေရိကန် ဘဏ်များစွာသာမကအစိုးရ လျှို့ဝှက်မှတ်တမ်းများကိုပါ ၀င်ရောက်မွှေနှောက်နိုင်ခဲ့ကြပါတယ် ။


ထို အထိ အောင်မြင်အောင် Electronic Crime ခေါ် အီလက်ထရောနစ် နည်းပညာ ဖြင့် ပစ်မှု့ကျူးလွန်သူများထဲမှ အမေရိကန် အစိုးရ မျက်လုံးပြူးလောက်သော အထင်ရှားဆုံးတစ်ယောက်မှာ Mr . Max Bulter ပဲဖြစ်ပါတယ်


အီလက်ထရောနစ် ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက်ရဲ့ ၀င်ငွေကို ခန့်မှန်းကြည်မယ်ဆိုပါကသင်တို့ အနည်းငယ် အံသြနိုင်ပါ တယ် နိုင်ငံတစ်ကာ မှာရှိတဲ့ လက်ဆော့ချင်နေတဲ့ လူငယ်တွေProgrammer တွေ ကို သူက တစ်ယောက်စီ စုစည်းခဲ့ပြီး နည်းပညာ မျှဝေလို့ ခိုးယူခဲ့ကြရာမှာ


1. email & Password များ

2. ကိုယ်ရေးကိုယ်တာ မှတ်တမ်းများ

3. နိုင်ငံတစ်ကာ ဘဏ်ကဒ်များ၏ CCV နှင့် Password များ
4. Software များ၏ လိုင်စင် ကီးများ
5. နိုင်ငံတော် လျှို့ဝှက်ချက်များ
6. အဆိုးဆုံးက သူတို့ အချိန်မရွေး ၀င်နိုင်ထွက်နိုင်တဲ့ Phasing အခြေခံ Application များ
ကို စိတ်တိုင်းကျ မွှေနှောက်နိင်ခဲ့ကြပြီး ၀င်ငွေ သန်းကျော်ရှိခဲ့ကြပါတယ် ..ဒါက ကမ္ဘာကျော် အွန်လိုင်း ပစ်မှု့ကို ဖန်တီးခဲ့တဲ့ သူတစ်ယောက်ကို သိအောင် ဖော်ပြပေးခြင်းပါ

ယနေ့အများဆုံး ခံစားနေကြတဲ့ Virus များ ..... Spy ware များ ကျွန်တော်တို့ကွန်ပျူတာ ထဲ ဘယ်လိုရောက်နိုင် တယ် ဆိုတာကို ကျွန်တော် လေ့လာ ခဲ့သမျှ ရေးသား ခဲ့တာဖြစ်ပါတယ် အများဆုံး ကျွန်တော်တို့ ကြုံတွေ့ကြရ တာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ခင်ဗျာ

1.UNTRUSTED WEBSITE
Phasing တစ်ခုဖြစ်တဲ့ Malware ကိုအင်တာနက်စာမျက်နှာများမှာ Application ဖြင့် ထည့်သွင်းထားသော အွန်လိုင်း Hacker များ၏ စာမျက်နှာများစွာ ရှိနေပြီးထိုစာမျက်နှာများသို့ ၀င်ရောက်တာနှင့်တစ်ပြိုင်နက် Browser မှာ   ဗြောင်ဖြစ် သွားပြီး သူတို့ ထားရှိတဲ့ စပိုင် ကျွန်တော်တို့ ကွန်ပျူတာထဲကို လှလှပပ ၀င်ရောက်ပါတယ် ..ထိုသို့ ၀င်ရောက်မှု့ကို အများစုက ဗိုင်းရပ်ကိုက်တယ်လို့ ခေါ်ကြပါတယ် .....ဖြစ်လာမည့် ကိစ္စတွေက
  • ကွန်ပျူတာကို Update လုပ်ရန် Credit card နံပတ်တောင်းမယ် ၊
  •  
  • ကွန်ပျူတာရှိ တန်ဖိုးရှိ Software တွေမှာ ရှိတဲ့ လိုင်စင်နံပတ်တွေ နှုတ်ယူသွားမယ် ၊
  •  
  • ကျွန်တော်တို့ ကိုယ်ရေးအချက်လက်များ နဲ့ ဖိုင်များကို ဖျက်စီးမယ်
  • နောက်ဆုံး ကွန်ပျုတာ စနစ်ကို ဖျက်စီးမယ် စသည်တို့ ဖြစ်ပါတယ်

ဒါက ဆိုးရွားတဲ့ Virus တစ်ခုမဟုတ်ပဲ ကွန်ပျူတာကို Hack တယ်လို့ခေါ်ပါတယ် ..ဒီအတွက် ကွန်ပျူတာ အသုံးပြုသူတွေမှာ AVG , Avira , Norton , Kasparsky , စတဲ့ Virus Protect ဆော့ဝဲရ်များသေချာ စွာ ထည့်သွင်းအသုံးပြုထားပါက အတော်အတန် စိတ်ချရပါတယ် ......
မြန်မာ လူငယ်အများစု အနေနဲ့ ထို Antivirus ဆော့ဝဲရ်များကို ရက်စွဲ မှန်အောင် မထိန်းသိမ်းပဲခပ်ပေါ့ပေါ့ သုံးတတ်ကြပါတယ် .. ဒါက မဖြစ်လျှင်တော့ ကိစ္စ မရှိပေမယ့် ဖြစ်လျှင်တော့ အရပ်ကူပါ ဖြစ်တတ်ကြပါတယ် .....

သတိပြုရန် တိုက်တွန်းလိုတာက ယနေ့ ကိုယ်တိုင် Virus မသတ်နိုင်လျှင့်ဖြင့် ထိုသို့ အဆင်သင့် ရောင်းသော Antivirus ဆော့ဝဲရ်များကိုတော့ တစ်နှစ်စာ တစ်ကိုယ်ရေအတွက်မှန်ကန်စွာ သုံးထားသင့်ပါတယ် .....


2.လင့်များ ကလစ်မိခြင်း

ဒီလိုမျိုးတော့ အများစု ကြုံတတ်ကြပါတယ် Link လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာ များကို တိုက်ရိုက်ရောက်စေတဲ့
လိပ်စာ မျာကို ကလစ်လို့ Virus တိုက်ခိုက်ခံရတာကိုတော့ အများစု တွေ့ဘူးကြပါတယ် ...

ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ကတော့ မိမိ အတွေ့ကြုံနဲ့ လည်ပတ်နေတဲ့ ပတ်ဝန်းကျင်ပေါ်အပြည့်မူတည်လျှက်
ရှိပါတယ်Virus ကွန်ပျူတာထဲရောက်သည်အထိ ကြာရန် အချိန် သည် လိုင်းကောင်းနေပါက စက္ကန့်အနည်းငယ် သာလိုအပ်ပါတယ်။
တစ်လောက Gtalk ကနေ အလိုလျှောက် တက်လာတဲ့ လင့်တော်တော်များများကို ကျွန်တော် တို့ကြုံကြရပါတယ် ဒါကပြင်းထန်တဲ့ Virus တစ်ခုပါ ကျွန်တော် လွန်ခဲ့တဲ့ 8 လခန့်က ရေးတင်ပေးခဲ့ပါတယ် ဒါမျိုး လင့်များကို အများဆုံးရောက်ရှိလာတာက ၀င်စာများပဲဖြစ်ပါတယ် ....Email ကနေ မရင်းနှီးတဲ့ သူတွေက ပုံပို့လိုက်တယ် ကြည့်ပါသင့်အတွက် e-card ပို့လိုက်တယ် ။ သင်ထီပေါက်တယ် ဒီမှာ ကြည့်ပါ ..... စသည်စသည်ဖြင့် အကြောင်းရာများစွာကိုသင့်ထံပို့ကြပါလိမ့်မယ် ... ဒါတွေကို လိုက်ကလစ်နေ လျှင်တော့ သေချာပါတယ် သင် Virus ၀င်ဖို့ လိုက်ရှာနေတာ နှင့် အတူဖြစ်ပါတယ် ။

ကျွန်တော်တို့နေ့စဉ် ၀င်စာများစွာ ကို ဖတ်တဲ့နေရာမှာ မိမိ မသိသော ဘယ်လိုလင့်များကိုမှ မကလစ်ရန်
ကျွန်တော် အမြဲ ပြောလေ့ရှိပါတယ် ... နမူနာပြောရလျှင် ကျွန်တော့်တို့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်လျှက်ရှိတဲ့
ှSocial Network တွေ ရှိပါတယ် ကျွန်တော့် email ထဲမှ တစ်ယောက်က Netlog , Hi5 စသည်ကို ၀င်ပါက
ကျွန်တော်တို့ဆီ လင့်ဒါရိုက်ကြီး ရောက်ပါတယ် ..... ကျွန်တော်တို့က သဘော တူသည်မတူသည်ထား
သူတို့ ဖိတ်နိုင်ရန် သင့် email လိပ်စာ၏ Password ကတော့ ပါသွားပြီလို့ သတ်မှတ်နိုင်ပါတယ် ....
Ning ဆိုဒ်များတွင်တော့ ထိုသို့သော လုပ်ဆောင်ချက်မရှိသလို Facebook တွင်လည်းမရှိပါ ၊ Tagged တွင်လည်းမရှိပါ ...

နာမည်ကြီး များပင်ဖြစ်သော်ငြား အချို့သော Social Network များမှ လာသော လင့်များသည် ကျွန်တော်တို့ကို
သွေးဆောင်လျှက် အချက်လက်များစွာ ရယူကြသည်ကိုတော့ အသေချာပင်ဖြစ်ပါတယ် ......

သို့ကြောင့် မိမိ မကျင်လည် ၊ မရင်းနှီးသော လင့်များကို မကလစ်မိဖို့က အလွန်အရေးကြီးကြောင်း အသိပေးပါတယ် ။


3. ဂိမ်း, Smaily Icon ,Network များမှ Tool Bar များ

ဒါကိုအများစု မသိကြတာ များပါတယ် ကျွန်တော် နမူနာ ဖော်ပြပါ့မယ်


  ဒါတွေကို Browser ရဲ့ Tool Bar တွေလို့ခေါ်ပါတယ် .. ဒီ Tool Bar တွေထဲမှာတော့ Search Engine တွေကလွဲပြီး ကျန်တာတွေ ရှိနေပါက ချက်ခြင်း ဖျက်ပစ်ရန် ကျွန်တော် တိုက်တွန်းပါတယ် .. ဒီTool Bar တွေရှိနေလျှင် အင်တာနက် လိုင်း ကို သူတို့က မျှဝေသုံးစွဲနေပြီး ကွန်ပျူတာကို ဟောင်းလောင်းဖြစ်နေစေပါတယ် .. အဆိုးဆုံးက Game ဘားများနဲ့ Smiley Icon များမှ Tool Bar များပင် ဖြစ်ပါတယ် သူတို့က POPP နဲ့ HTTP ကာကွယ်မှု့မရှိပဲ အင်တာနက်ကို ဟောင်းလောင်းပေါက် ဖြစ်နေစေပါတယ် ...

အမှန်မှာ Firefox Version 3+ ၊ Internet Explore ၊ Opera 6+ နှင့် ယခု Google Chrome Browser များမှာ ထိုက်သင့်သလောက်လုံ ခြုံမှု့ရှိသော်သည်း ထို Tool Bar များကတော့ ဟင်းလင်းဖြစ်နေတာကြောင့် Hacker များ ၀င်ရန်ဂိတ်ပေါက်သာ ဖြစ်ပြီး အခမဲ့ Tool Bar များသည် သူတိ့လိုအပ်သော အချက်များကို နှိုက်ထုတ်ရန် အဆင်သင့်လုပ်ထားသည်ကိုသတိထားရန်လိုအပ်ပါတယ် ............

သို့ကြောင့် မလိုအပ်သော Tool Bar အားလုံးကိုဖြုတ်ထုတ်ပစ်ရန် အရေးကြီးပါတယ် ရှိနေလျှင့်ဖြင့် ထုတ်ပစ်ပါ ။

ဖြုတ်ထုတ်ရန် Start >> Control Panel >>Program & Feature (Window7) သို့မဟုတ် >> Add or Remove Program (Window XP ) သို့သွားပြီးGame နှင့် Smiley Icon Tool Bar အားလုံးကို ဖြုတ်ထားရန်လိုပါတယ်


4. Software Key Gen များ
နားလည်သူ လူငယ်အများစု Software များကို လောဘတစ်ကြီင်္း Install လုပ်တတ်ကြပါတယ် ထိုသို့လုပ်တဲ့နေ ရာမှာလည်းKey Gen နှင့် Crack ဖိုင်များကို ဖွင့်ကြရပါတယ် ... အများဆုံးသော Crack ဖိုင် များသည် Blocked Application များဖြစ်သည်ကို သိရှိရန် အထူလိုအပ်ပါတယ် ...

အချို့သော ကွန်ပျူတာများ တွင် Antivirus တင်ထားပါက ထိုဖိုင်များ ဖွင့်မရပါ .. ထိုအခါ အများစုသည် Software လိုချင်ဇောဖြင့် Antivirus ကို Disable လုပ်ပြီး Software Install လုပ်ကြပါတယ် ပြီးမှ Antivirus ပြန် ဖွင့်ကြပါတယ် ထိုသို့ဖြစ်လျှင် Antivirus ကို အမြဲ Update လုပ်ထားပါက အဆင်ပြေသော်လည်း Update မဖြစ်တော့သော အခါ Quarantine ဖိုင်များ ထိန်းချုပ်မှု့ မဲ့ပြီး ကွန်ပျူတာအား စတင် ဒုက္ခပေးပါတယ် ..

သို့ကြောင့် Quarantine ဖိုင်များကို အပြီး ဖျက်ပြီး Recycle Bin ကို ရှင်းထုတ်ထားရန် အကြံပြုပါတယ် အကောင်း ဆုံးက မိမိ Virus သတ်နိုင်ခြင်းမရှိပါက Antivirus ကို Outdate ဖြစ်မနေရန် ဂရုစိုက်သင့်ပါတယ် ။

5. Desktop Gedgets များ (Widgets)

ထိုအရာများကို အတော်များများ သတိထားမိခြင်းမရှိပါဘူး ကွန်ပျူတာ Desktop ပေါ်မှာရှိတဲ့ အင်တာနက်ကို တိုက်ရိုက်ချိန်ဆက်ထားတဲ့ Geိdgets များကို ဆိုလိုခြင်းဖြစ်ပါတယ် ... ဥပမာ နိုင်ငံတစ်ကာ မိုးလေ၀သ အစီအစဉ်များ ဖော်ပြသော အရာ ၊ နာရီ ၊ ပြက္ခဒိန် ၊ ရေဒီယို ၊ သတင်း စသဖြင့် ကွန်ပျူတာပေါ်တွင် တင်ထားနိုင်သော အွန်လိုင်းချိတ်ဆက်ထားသည့် Applications များပင်ဖြစ်ပါတယ် ....
ထိုအရာများကို အသုံးပြုပါက သင့် Window Firewall ကို On ထားရန် မမေ့ဖို့ အသ်ပေးပါတယ် ...
သူတို့သည်လည်း အွန်လိုင်းကို တိုက်ရိုက်ချိတ်ဆက်ထားတာ ဖြစ်သောကြောင့် ဂိတ်ပေါက်များ ဖြစ်နေသည်မှာ သင်သိရှိရန် လိုအပ်ပါတယ် ။ ......နမူနာ ပုံကို ကြည့်နိုင်ပါတယ် ........

ထိုကြောင့် ကွန်ပျူတာ လုံခြုံစွာ အသုံးပြုလိုသူများ အနေနဲ့ ထိအချက်များကို သိထားရန်လိုအပ်ပါတယ် မြန်မာနိုင်ငံ သည်လည်းနောင်တစ်ချိန် အင်တာနက် တွင် ဈေးဝယ်နိုင်သောကဒ်များ ပေါ်လာမည်မှာ မလွဲပါထိုသို့သော အချိန်အတွက် ကျွန်တော်တို့ သတိထားရန် ၊ ရှောင်ကျဉ်ရန် လိုအပ်သော အချက် အနေဖြင့်သာ မက

ယနေ့ အွန်လိုင်းတွင် လုံခြုံစွာ အသုံးပြုနိုင်သော Laptop တစ်လုံး သို့မဟုတ် ကွန်ပျူတာ တစ်လုံးအားထိန်းသိမ်း တတ် ရန် လိုအပ်ပါတယ် ....

ကျွန်တော် နောက်ဆုံး အကြံပြုချင်တာက လိုင်စင်မပါသော Software များမှ တော်တော်များများသည် တရုတ် Hacker များထံမှ ဆင်သက်လာသော အရာများ ဖြစ်ပြီး ထိုအရာများတွင် ပါဝင်သော Key Gen များသည် သူတို့အတွက် လက်ဆော့နိုင်သော Phasing များဖြစ်ကြောင်း ကိုယ်တွေ သိရှိပြီး အသိပေးရုံမျှမက မည်သည့် အရာမဆိုလိုင်စင်နံပတ် ဖြင့်လည်ပတ်နေသော 3rd generation pattern ကာကွယ်မှု့ထားနေသည့် ယနေ့ နည်းပညာလောကတွင်

အွန်လိုင်းပေါ်မှ အလကားရသော Software များသည် စိတ်ချရမှု့ ရာခိုင်းနှုန်းလွန်စွာနည်းပါကြောင်း
သတိပြုရန် ရေးသားလိုက်ပါတယ်ခင်မျာ................


ကျွန်တော် backup လုပ်တဲ့ အကြောင်းလေးတခုပြောပြချင်လို့ပါ..ပြောပြလို့ ရတယ် မဟုတ်လား..မရလည်း ပြောမယ်ဗျာ..
ဒီလိုလေ ကိုယ့် Computer.Memory Card .Pen Drive(Flash drive) ထဲက အမှတ်တမဲ့ မှားဖျက်မိတဲ့ ပုံတွေ.သီချင်းတွေ.ဖိုင်တွေ ကိုပြန်ယူလို့ရအောင် လုပ်လို့ရတယ်တဲ့ ဗျ..လုပ်ကြည့်ကြပေါ့..ဒါပေမဲ့ တခုတော့ သတိပေးမယ်..ကြာသွားရင် တော့ဆောရီးပါ.ကိုယ် မှားဖျက်လိုက်မိပြီ ဆိုတာသိတာနဲ့ ကွန်ပြူတာ ကိုဘာမှ မခိုင်းတော့ပဲ ပြန်ယူရင်ရပါတယ်...တကယ်ကောင်းပါတယ်..Try ကြည့်ပါ..
software လေး လိုလို့ အောက်မှာ ဒေါင်းလိုက်ပါအုံး...

ဒီမှာ ဒေါင်းပါ..
ရပြီဆိုတာနဲ့ Install လုပ်ပါ..တကယ်လို့ ကိုယ်ကမှားဖျက်လို့ ပြန်လိုချင်ရင် အောက်က အတိုင်းသာ လိုက် လုပ်ပါ..ကျွန်တော် ဖျက်မိတဲ့ ပုံကို ဘယ်လိုပြန်ယူလဲဆိုတာ ဥပမာ ပြမယ်..ခုနက install လုပ်ထားတဲ့ software ရဲ့ Desktop ပေါ်က icon လေးကို ကလစ် နှစ်ချက်နှိပ်ပါ..
ကျလာတဲ့အကွက်မှာ Yes ကိုနှိပ်ပါ..ဒီပုံအတိုင်းကျလာလိမ့်မယ်...Next ထပ်ကိုနှိပ်ပါ..
ကိုယ် ဖျက်ထားတာ ပုံ ဆိုတော့ Pictures ကိုအစက် လေးပေးပါ..ပုံ ထဲကအတိုင်းနော်..
ဲပြီးရင် Next ကို နှိပ်ပါ.
ဒီအဆင့်မှာ ကိုယ်ဖျက်မိတဲ့နေရာ ကိုရွေးရပါ့မယ်..ကျွန်တော်က Recycle Bin ထဲကဖျက်လိုက်တာဆိုတော့ Recycle Bin ရှေ့မှာပဲ အစက်လေးပေးလိုက်ပါမယ်..ကိုယ် ဖျက်မိတဲ့နေရာ
ကိုယ်ဘာသာရွေးပါ..ပြီးရင် Next နှိပ်ပါ..
အောက်ကပုံအတိုင်း ကျလာရင် start ကိုနှိပ်ပါ..
Start ကိုနှိပ် လိုက်တာနဲ့ scan စလုပ်ပါပြီ..
scan ပြီးတာနဲ့ အောက်ကပုံလိုဇယားကွက်ကျလာလိမ့်မယ်..အဲဒီမှာ ပြထားတဲ့ အတိုင်း ကိုဖျက်မိတဲ့
ဖိုင်မှာ အမှတ်လေး သွားခြစ်ပါ..ပြီးရင် Recover ကိုနှိပ်ပါ..
Recover ကိုနှိပ်လိုက်တာနဲ့ ဘယ်မှာ save မလဲလို့မေးတဲ့အကွက်ကျလာလိမ့်မယ်...ကိုယ် save ချင်တဲ့နေရာကိုရွေးပေးလိုက်ပါ..Ok နှိပ်ပါ..
Ok နှိပ်လိုက်ရင် ဒီလိုထပ်ကျလာလိမ့်မယ်...Yes ကိုသာနှိပ်လိုက်ပါ..
ပြီးရင်ဒီလို ပုံစံလေးတခု ထပ်ကျလာအုံးမှာပါ.ဒါဆိုရင် Ok နှိပ်လိုက်ပါ..Ok နှိပ်လိုက်တာနဲ့ မှားဖျက်တာတွေ ကိုယ် save ခိုင်းထားတဲ့နေရာဆီ ပြန်ရောက်လာပါလိမ့်မယ်....ဟုတ်ကဲ့..ပြောလို့ဝ သွားပါပြီ..မောသွားတာပဲ.....ကျေဇူးတင်ပါတယ်..


ဘာ Software မှ သုံးစရာမလိုပဲ Firefox Browser ကိုအသုံးပြုပြီး SWF Format အပြင် တခြား  Format တွေဖြစ်တဲ့  .png .gif.image စ, တာ တွေကို အောက်ပါအတိုင်း ကူးယူလို့ လို့ ရနိုင်ပါတယ် ...

Firefox Broswer နဲ့ ကိုယ်ယူယူချင်တဲ့ Web Page တစ်ခုကို သွားပါ.... Tools ကတဆင့် Page Info ကိုနှိပ်ပြီး (သို့) Web Page ရဲ့လွတ်တဲ့တစ်နေရာမှာ Right Click >> Page Info  နဲ့လည်းရပါတယ်... ပေါ်လာတဲ့ Box မှာ Media Tab ကိုရွေး .swf ကို Select ပေးပြီး Save As နဲ့ သိမ်းထားမဲ့ နေရာကို ရွေးပေးလိုက်ရုံပါပဲ....အောက်မှာ မူရင်း ပို့စ်အတိုင်း ပုံလေးတွေကိုကြည့်လိုက်ရင် ပိုသဘောပေါက်သွားမှာပါဗျာ....:)   

Firefox Browser နဲ့မှ မဟုတ်ဘဲ တခြား Browser နဲ့ဒေါင်းယူချင်ရင်တော့ နောက်မှ ဖြည့်စွက်ထားလိုက်ပါ့မယ်...

Download SWF files using Firefox
  Fire up Firefox and browse to the page which contains the embedded SWF Flash file that you are eyeing to download. Let the SWF file stream through once completely.On any empty part of the page, right-click and select the Page Info context menu option. Or alternatively, go to Tools ““ Page Info

1_ff_rightclick

2_ff_media-tab

အဆင်ပြေကြပါစေ ဗျာ


ဒါလေးကတော့  SCREEN CAPTURE လေးပါ
အစုံ သုံးလို့ ရပါတယ် SCREEN ကို ဓါတ်ပုံ ရိုက်လို့ ရ သလို
ဗီဒီယို ရီကော့  လုပ်လို့ လဲ ရတယ်
သိပြီးသူများရှိသလို မ သိသေးတဲ့ သူများ အတွက်ရည်ရွယ်ပါတယ်နော်
စိတ်ဝင်စား ဆန္ဒရှိရင် အောက်မှာ ဆော့ဝဲလ် လေး ကို ဒေါင်းလိုက်ပါနော်
အဆင်ပြေကြပါစေ..
ဒေါင်းရန် ... ဒီမှာ



flash song ကလိချင်တဲ့ သယ်ရင်းတွေအတွက်
ဆော့ ဝဲလ် ရယ် အသုံးပြု နည်း စာအုပ်လေးရယ်
effectတစ်ခုရယ်  ပါဝင်တယ် စိတ်ဝင်စားဆန္ဒရှိရင် ဒေါင်းပေါ့ ဗျာ
ဒေါင်းရန်.. ဒီမှာ



စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့
တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။

 Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။

အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။

၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။

၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်


၁။ ကို run ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။

စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့
မျော်လင့်ပါတယ်။ အောက်မှာဒေါင်းလိုက်ပါဗျာ....





သေချာလေ့လာကြည့်ရင်တော့ အကျိုးရှိမှာပါ။ Shortcut Kye နဲ့သုံးတာ
က Mouse နဲ့အသုံး
ပြုတာထက်ပိုပြီး မြန်တယ်ဗျ။ နည်းနည်းလည်း လူရှိန်တာပေါ့ဗျာ။ ကွန်ပြူတာ
ကျွမ်းကျင်မှုကိုကြည့်မယ်ဆို
ရင် Shortcut Key
အသုံးပြုပုံကိုကြည့်ပြီးအကဲခတ်ကြတယ်လို့ရှေးကနောင်တော်ကြီးများထံမှာ ကြားနာဖူး
ပါတယ်ဗျာ။ အောက်မှာလေ့လာကြည့်ကြပါနော်။
Alt + F File menu options in current program
Alt + E Edit options in current program
F1 Universal help (for all programs)
Ctrl + A Select all text
Ctrl + X Cut selected item
Shift + Del Cut selected item
Ctrl + C Copy selected item
Ctrl + Ins Copy selected item
Ctrl + V Paste
Shift + Ins Paste
Home Go to beginning of current line
Ctrl + Home Go to beginning of document
End Go to end of current line
Ctrl + End Go to end of document
Shift + Home Highlight from current position to beginning of line
Shift + End Highlight from current position to end of line
Ctrl + f Move one word to the left at a time
Ctrl + g Move one word to the right at a time
MICROSOFT® WINDOWS® SHORTCUT KEYS
Alt + Tab Switch between open applications
Alt +
Shift + Tab
Switch backwards between open
applications
Alt + Print
Screen
Create screen shot for current program
Ctrl + Alt + Del Reboot/Windows® task manager
Ctrl + Esc Bring up start menu
Alt + Esc Switch between applications on taskbar
F2 Rename selected icon
F3 Start find from desktop
F4 Open the drive selection when browsing
F5 Refresh contents
Alt + F4 Close current open program
Ctrl + F4 Close window in program
Ctrl + Plus
Key
Automatically adjust widths of all columns
in Windows Explorer
Alt + Enter Open properties window of selected icon
or program
Shift + F10 Simulate right-click on selected item
Shift + Del Delete programs/files permanently
Holding Shift
During Bootup
Boot safe mode or bypass system files
Holding Shift
During Bootup
When putting in an audio CD, will prevent
CD Player from playing
WINKEY SHORTCUTS
WINKEY + D Bring desktop to the top of other windows
WINKEY + M Minimize all windows
WINKEY +
SHIFT + M
Undo the minimize done by WINKEY + M
and WINKEY + D
WINKEY + E Open Microsoft Explorer
WINKEY + Tab Cycle through open programs on taskbar
WINKEY + F Display the Windows® Search/Find feature
WINKEY +
CTRL + F
Display the search for computers window
WINKEY + F1 Display the Microsoft® Windows® help
WINKEY + R Open the run window
WINKEY +
Pause /Break
Open the system properties window
WINKEY + U Open utility manager
WINKEY + L Lock the computer (Windows XP® & later)
OUTLOOK® SHORTCUT KEYS
Alt + S Send the email
Ctrl + C Copy selected text
Ctrl + X Cut selected text
Ctrl + P Open print dialog box
Ctrl + K Complete name/email typed in address bar
Ctrl + B Bold highlighted selection
Ctrl + I Italicize highlighted selection
Ctrl + U Underline highlighted selection
Ctrl + R Reply to an email
Ctrl + F Forward an email
Ctrl + N Create a new email
Ctrl + Shift + A Create a new appointment to your calendar
Ctrl + Shift + O Open the outbox
Ctrl + Shift + I Open the inbox
Ctrl + Shift + K Add a new task
Ctrl + Shift + C Create a new contact
Ctrl + Shift+ J Create a new journal entry
WORD® SHORTCUT KEYS
Ctrl + A Select all contents of the page
Ctrl + B Bold highlighted selection
Ctrl + C Copy selected text
Ctrl + X Cut selected text
Ctrl + N Open new/blank document
Ctrl + O Open options
Ctrl + P Open the print window
Ctrl + F Open find box
Ctrl + I Italicize highlighted selection
Ctrl + K Insert link
Ctrl + U Underline highlighted selection
Ctrl + V Paste
Ctrl + Y Redo the last action performed
Ctrl + Z Undo last action
Ctrl + G Find and replace options
Ctrl + H Find and replace options
Ctrl + J Justify paragraph alignment
Ctrl + L Align selected text or line to the left
Ctrl + Q Align selected paragraph to the left
Ctrl + E Align selected text or line to the center
Ctrl + R Align selected text or line to the right
Ctrl + M Indent the paragraph
Ctrl + T Hanging indent
Ctrl + D Font options
Ctrl + Shift + F Change the font
Ctrl + Shift + > Increase selected font +1
Ctrl + ] Increase selected font +1
Ctrl + Shift + < Decrease selected font -1
Ctrl + [ Decrease selected font -1
Ctrl + Shift + * View or hide non printing characters
Ctrl + f Move one word to the left
Ctrl + g Move one word to the right
Ctrl + h Move to beginning of the line or paragraph
Ctrl + i Move to the end of the paragraph
Ctrl + Del Delete word to right of cursor
Ctrl + Backspace Delete word to left of cursor
Ctrl + End Move cursor to end of document
Ctrl + Home Move cursor to beginning of document
Ctrl + Space Reset highlighted text to default font
Ctrl + 1 Single-space lines
Ctrl + 2 Double-space lines
Ctrl + 5 1.5-line spacing
Ctrl + Alt + 1 Change text to heading 1
Ctrl + Alt + 2 Change text to heading 2
Ctrl + Alt + 3 Change text to heading 3
F1 Open help
Shift + F3 Change case of selected text
Shift + Insert Paste
F4 Repeat last action performed (Word 2000+)
F7 Spell check selected text and/or document
Shift + F7 Activate the thesaurus
F12 Save as
Ctrl + S Save
Shift + F12 Save
Alt + Shift + D Insert the current date
Alt + Shift + T Insert the current time
Ctrl + W Close document
EXCEL® SHORTCUT KEYS
F2 Edit the selected cell
F5 Go to a specific cell
F7 Spell check selected text and/or document
F11 Create chart
Ctrl + Shift + ; Enter the current time
Ctrl + ; Enter the current date
Alt + Shift + F1 Insert new worksheet
Shift + F3 Open the Excel® formula window
Shift + F5 Bring up search box
Ctrl + A Select all contents of worksheet
Ctrl + B Bold highlighted selection
Ctrl + I Italicize highlighted selection
Ctrl + C Copy selected text
Ctrl + V Paste
Ctrl + D Fill
Ctrl + K Insert link
Ctrl + F Open find and replace options
Ctrl + G Open go-to options
Ctrl + H Open find and replace options
Ctrl + U Underline highlighted selection
Ctrl + Y Underline selected text
Ctrl + 5 Strikethrough highlighted selection
Ctrl + O Open options
Ctrl + N Open new document
Ctrl + P Open print dialog box
Ctrl + S Save
Ctrl + Z Undo last action
Ctrl + F9 Minimize current window
Ctrl + F10 Maximize currently selected window
Ctrl + F6 Switch between open workbooks/windows
Ctrl + Page up
& Page Down
Move between Excel® worksheets in the
same document
Ctrl + Tab Move between two or more open Excel® files
Alt + = Create formula to sum all of above cells
Ctrl + ‘ Insert value of above cell into current cell
Ctrl + Shift + ! Format number in comma format
Ctrl + Shift + $ Format number in currency format
Ctrl + Shift + # Format number in date format
Ctrl + Shift + % Format number in percentage format
Ctrl + Shift + ^ Format number in scientific format
Ctrl + Shift + @ Format number in time format
Ctrl + g Move to next section of text
Ctrl + Space Select entire column
Shift + Space Select entire row
Ctrl + W Close document

ကျွန်တော်  ရှာဖွေလေ့လာခဲ့သော Website တစ်ခုမှ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
ဖြစ်နိုင်ရင်အလွတ်ကျက်မှတ်ထားက ပိုပြီးသင့် တော်ပါသည် ..အဆင်ပြေကြပါစေ


ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။

2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။

3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။

7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process  တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။
အဆင်ပြေကြပါစေဗျာ..



XP သမားတွေအတွက် ပါ
W7 ကတ်ရှာ လေးသုံးချင်ရင် အောက်ဖိုင်လေးကိုဒေါင်းလိုက်ပါ
ပြီးရင်ဖြည်လိုက်ပါ
အပုံ လေးကို ကြည့် လိုက်ပါ
အပုံထဲက အတိုင်းဖိုင်လေး ထဲက
install ဖိုင်စက်သွားပုံလေးနဲ့ ဖိုင်ကို ရိုက်ကလစ် install  ကို နှိပ်လိုက်ပါ..
ပြီးရင်
start ကနေ control panel ကို ဖွင့်  အဲဒီမှာ mouse ဆိုတာကို နှိပ်လိုက်
ပုံလေးကို ကြည့် လိုက်ဦး
ပွိုင့် တာ နေရာကို နှိပ်
ပြီးရင် scheme ဘေးကနေ aero cursors ကို ရွေး ပြီး ရင် အောက် က နေရာလေးမှာ မိမိ နှစ်သက်ရာ
w7ကတ်ရှာ လေးကို နှိပ် အိုကေ ပေးပြီး သုံးလို့ ရပါပြီး။
အဆင်ပြေကြပါစေ ဆန္ဒများစွာဖြင့် ဘလော့ဂါ မင်းလွင်
ဖိုင်လေးဒေါင်းလိုက်ပါဦး