skip to main |
skip to sidebar
မတွေ့ခဲ့ရင် သိပ်ကောင်းမှာပဲကွာ
အခုတော့ရင်မောစရာ ဖြစ်ကုန်ပြီထင်ပါရဲ့
မနီးစပ်နိုင်တဲ့လမင်းကိုမှ
ငေးမောတမ်းတနေတဲ့
ကလေးငယ်အဖြစ်နဲ့တူနေပါရောကွယ်...
မဖြစ်နိုင်လောက်တော့ဘူးလို့
ဦးနှောက်က လက်ခံပေမဲ့
နှလုံးသားကတော့တမ်းတနေမိတယ်...
ရယူလက်ခံခွင့် မရှိလောက်တော့တဲ့
ငါ့အတွက် ငေးမောစိတ်ဖြေခွင့်တော့ရှိသင့်တာပေါ့နော်...
မေ့ခြင်းတရားဆိုတာ
ဖန်တီးယူလို့ ရတာမှ မဟုတ်တာပဲ
ဘယ်တော့မှလည်းမမေ့ဘူး
ချစ်တယ်လို့ပဲ ထပ်ပြီးသန်ခံနေချင်တယ်...
(ဇော်မျိုးဦး)
0 comments:
Post a Comment