USB(flash drive) ကို ကွန်ပျူတာမှာ ထိုးလိုက်ရုံနဲ့ သူ့ရဲ့ လက်ရှိသုံးနေတဲ့ windows user password, Internet History တွေ Video ကြည့်ထားတဲ့ မှတ်တမ်းတွေ၊ အများကြီးဗျာ ကွန်ပျူတာ အသုံးပြုမှု မှတ်တမ်းတွေအားလုံး USB drive ထဲ ပါလာပါလိမ့်မယ်။ စိတ်ဝင်စားစရာ ကောင်းမှာပါနော်။ အသေးစိတ်ပြောပြပါ့မယ်
အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။ Windows XP , Vista နှစ်ခုစလုံးမှာ အလုပ်လုပ်ပါတယ်။
Mirror 1 Fileden : Download USB thief 5.4
Mirror 1 Zshare : Download USB thief 5.4
rar ဖိုင်နဲ့ပါ ။ ဇစ်ဖြည်လိုက်ရင် USB thief ဆိုတဲ့ ဖိုဒါထဲမှာ Folder သုံးခုနဲ့ file နှစ်ခု ရှိပါတယ်။ အဲဒီ ၅ ခုလုံးကို မိမိရဲ့ Flash drive ထဲ ကူးထည့်လိုက်ပါ။ ဘာဖိုဒါထဲမှ ထပ်မထည့်ပါနဲ့။ (ဥပမာ - မိမိကွန်ပျူတာ မှာ flash drive တပ်လိုက်ရင် Drive J:\ အဖြစ်ပြတယ် ဆိုပါစို့။ Drive J:\ ကို ဖွင့်လိုက်တာနဲ့ ဖိုင် ၅ ခုလုံး မြင်ရပါမယ်။ ကလေးပါ နားလည်အောင် ပြောလိုက်တာပါ) ပြီးရင် ဖိုင် ၅ ခုလုံးကို Hidden ပေးထားနိုင်ပါတယ်။ (မပေးထားလည်းရပါတယ်)
ကူးပြီးရင် USB drive ကို ဖြုတ် ။ ကွန်ပျူတာ တစ်လုံးမှာ သွားထိုးကြည့်ပါ။ (မိမိကွန်ပျူတာမှာပဲ ဖြစ်ဖြစ်ပေါ့) အောက်ပါအတိုင်း ပေါ်လာပါတယ်။ ( Autorun မပိတ်ထားဘူး ဆိုရင်ပေါ့)
ကျနော် အခုပြထားတဲ့ ပုံစံအတိုင်း Ok ပေးလိုက်ရုံနဲ့ မိမိရဲ့ Windows user password က စလို့ ကွန်ပျူတာသုံးနေတဲ့ History တော်တော်များများ ပါသွားပါပြီ။ ဘာတွေပါသွားလဲ သိချင်ရင် Dump ဆိုတဲ့ ဖိုဒါကို ဖွင့်ကြည့်လိုက်ပါ။ ဒီလို USB ထိုးခဲ့သမျှ ကွန်ပျူတာတွေရဲ့ Computer name နဲ့ ဖိုဒါ မြင်ရပါမယ်။ (ကွန်ပျူတာတစ်လုံးကို ဖိုဒါတစ်ခု နဲ့ မြင်ရပါလိမ့်မယ်။ကျနော် ကွန်ပျူတာ သုံးလုံးမှာ ထိုးခဲ့တာပါ)
တစ်ခုကို ဖွင့်ကြည့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါတယ်။ ( ၁၉ ခု ပြပေးနိုင်ပါတယ် )
Networkpasswords ဆိုတာကို နှိပ်လိုက်ရင် windows user passwords ကို မြင်ရပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာ ဆက်လေ့လာလိုက်နော်။ ဖိုင် ၅ ခုလုံးကို Hidden ပေးထား လိုက်ရင်။ ဒါတွေ ရှိနေတာ ဘယ်သူမှ မသိတော့ပါဘူး။ တော်တော်များများက Hidden files တွေကို Show မ ပေးထားကြဘူးလေ။ အဲလောက်ဆို ကလိ ချင်တဲ့ လူတွေ သိလောက်ပါပြီနော်။ ဘယ်သူမှ စိတ်အနှောင့် အယှက်ဖြစ်အောင် အနော့်ပို့စ်က ဒုက္ခ မဖြစ်စေဘူးလို့ ယုံကြည်ပါတယ်ဗျာ။ Hacking ဝါသနာပါတဲ့ Beginner တွေ အတွက်ပါ။
2 comments:
ဒေါင်းလုတ် ဆွဲလို့မရဘူးဗျို့
ဟုတ်ပြန်တင်ပေးလိုက်ပါ့မယ်နော်
Post a Comment