သူနဲ့တွေ့စ ရင်ခုန်ရလဲ
မဖွင့်ဟရဲ ရင်ထဲမြိုသိပ်
တိတ်တဆိတ်နဲ့
ရေးဖွဲ့မိတာ တိတ်တခိုးကဗျာ..........
တွေ့မြင်ရက်ကြာ မနေသာလို့
ရင်မှာဖြစ်ထွန်း စကားတစ်ခွန်းကို
ဖွင့်ဟမိတာ အချစ်ကဗျာ.........
ချစ်စ ကြင်စ တစ်ခဏမှာ
အချစ်အချစ် သိပ်သိပ်ချစ်လို့
အချစ်စကားလုံး အကြိမ်ကြိမ်သုံးလို့
ရေးဖွဲ့ခဲ့တာ ကြည်နူးကဗျာ.........
ခေတ္တခန ခွဲခွာရစဉ်
ရင်ခွင်အသဲကျွမ်း အမြဲလွမ်းကြောင်း
စာလုံးပေါင်းရ်ျ
ချစ်သူ့ထံစေ အလွမ်းကဗျာတွေ..........
ဒီလိုနဲ့တစ်နေ့.........
အချစ်သစ်တွေ့ရ်ျ ချစ်သူရှောင်ခွာ
မုန်းမျက်နှာနှင့်
ကာရန်လှသုံး 'သိပ်ကိုမုန်းတယ်'တဲ့
ရင်မှာကြေကွဲ မျက်ရည်ဝဲရင်း
ရင်တွင်းဒါဏ်ရာ အလင်္ကာဖွဲ့
ဝေဒနာကဗျာ တဲ့
ဖတ်ကြည့်ဦးမလား နှလုံးသားမှာ
မျက်ရည်များနဲ့ ရေး.....ထား......တယ်။ ။
မဖွင့်ဟရဲ ရင်ထဲမြိုသိပ်
တိတ်တဆိတ်နဲ့
ရေးဖွဲ့မိတာ တိတ်တခိုးကဗျာ..........
တွေ့မြင်ရက်ကြာ မနေသာလို့
ရင်မှာဖြစ်ထွန်း စကားတစ်ခွန်းကို
ဖွင့်ဟမိတာ အချစ်ကဗျာ.........
ချစ်စ ကြင်စ တစ်ခဏမှာ
အချစ်အချစ် သိပ်သိပ်ချစ်လို့
အချစ်စကားလုံး အကြိမ်ကြိမ်သုံးလို့
ရေးဖွဲ့ခဲ့တာ ကြည်နူးကဗျာ.........
ခေတ္တခန ခွဲခွာရစဉ်
ရင်ခွင်အသဲကျွမ်း အမြဲလွမ်းကြောင်း
စာလုံးပေါင်းရ်ျ
ချစ်သူ့ထံစေ အလွမ်းကဗျာတွေ..........
ဒီလိုနဲ့တစ်နေ့.........
အချစ်သစ်တွေ့ရ်ျ ချစ်သူရှောင်ခွာ
မုန်းမျက်နှာနှင့်
ကာရန်လှသုံး 'သိပ်ကိုမုန်းတယ်'တဲ့
ရင်မှာကြေကွဲ မျက်ရည်ဝဲရင်း
ရင်တွင်းဒါဏ်ရာ အလင်္ကာဖွဲ့
ဝေဒနာကဗျာ တဲ့
ဖတ်ကြည့်ဦးမလား နှလုံးသားမှာ
မျက်ရည်များနဲ့ ရေး.....ထား......တယ်။ ။
0 comments:
Post a Comment