နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုပ်ကြုပ်ကို ကိုက်မျိုဝါစားရင်း
နေနဲ့လည်း စိတ်ချင်းဆက်သွယ်ကြည့်တယ်
ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ် ကိုရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာကြာပြီတဲ့
သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကိုရိုက်ခွဲကြိတ်ထည့်
လွမ်ရင်းလိုက်ခဲ့လို့မှာတယ်
အဲဒီလိုနဲ့
နွေဦးပေါက်များစွာကို လွန်လေပြီးမှ
ပြန်လည်နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူထူတယ်
ပြီးတော့
သွေးတွေကို တဂျုံးဂျုံးပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ် ခါးထောက်ရပ်လိုက်တယ်
ငါ.....(သို့မဟုတ်)
နှင်းလူလေးရဲ့မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေးရေးထားမိ
သတိရတိုင်း ပြန်ဖတ်ကြည့်လို့ပေါ့
တာရာမင်းဝေ
0 comments:
Post a Comment